Wednesday, June 2, 2010

အမေ
ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ
လူတိုင်းမှာ အမေရှိကြတယ်
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
လူတိုင်းမှာ အမေရှိတယ်

ချစ်သဒ္ဓါဝေကဲ ပြည့်တန်ဆာလဲအမေလည်း အမေ။
အကြွေးကြွယ်လှတဲ့ ဈေးသည်မအမေလည်း အမေ။
အကြောင်းတရားအခြေမွဲး သူတောင်းစားအမေလည်းအမေ။
သမီးသားတွေ ကြီးထွားစေရော့လို့စီးပွားအထွေထွေ
စိန်ရွှေပတ္တမြား အိမ်မြေကားနဲ ငွေသားအမွေပေးနိုင်မှအမေမဟုတ်။။
ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်းအိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီစေဝ
ထမင်းရည် အတူသောက်
ဗိုက်မှောက်တော့အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုသွေးလှူ အတူတူ
အပူကိုမျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာမွေေ၇ွှအိုး
ရိုးသားမှူဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှတစ်ပါး
အခြားပေးစရာ အထွေထွေမွဲသော်လည်း
အမေဟာ မေပဲလေးးးးးးးးးးးးးးးးးးးးးး။

0 comments:

Post a Comment