Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, September 30, 2010

ကြယ်ကြွေချိန်ကို

နေ့စဉ်၇က်ဆက် သန်းခေါင်ညနက်
အိပ်မ၇ခြင်း မြက်ခင်းတစ်ခုမှာ
စိတ်လွတ်ကိုယ်လွတ် အတွေးလင့်မျှော၇င်း
ကာ၇ံမညီညာ ငါ့အာ၇ုံက
ရှာဖွေခံစား ကြယ်စင်ကြားမှာ
စိတ်ကူးနဲ့ ၇ွက်လလွင့်
အတွေးတွေက နယ်လွန်
အသိစိတ်က ထိန်းချုပ်မ၇
ပျော်မွေ.၇ာ အတွေးနယ်ထဲမှာ
စိတ်အ၇ည်ပျော် ချာ၇ပတ်လည်၇င်း
ကြယ်ကြွေချိန်ကို မသိလိုက်တဲ့ငါ..........

သင်ချစ်ခင်မြတ်နိုးနေတဲ့သူပေါ့...

နောင်နောင်ddddddddddddddddddddDo you know that there is some ways which can tell WE FALL IN LOVE
with SOMEONE OR NOT? Don't believe? Pls look up to end of this
message.
တစ်စုံတစ်ယောက်ကို နှစ်သက်မြတ်နိုးနေပါသလား ဆိုတာကို သိနိုင်တဲ့
နည်းလေးတွေ ရှိပါတယ်.. မယုံရင် ဒီစာအဆုံးထိ ဖတ်ကြည့်ပါ....

Enjoy and SEE WHAT IS INSIDE YOUR HEART!!!!
သင့်နှလုံးသားထဲမှာ ရှိနေတာကို မြင်အောင်ကြည့်ရင်းပျော်ရွှင်ပါစေ...

AM I IN LOVE?

When you are together with that special someone, you pretend to ignore
that person. But when that special someone is not around, you might
look around to find them.
At that moment, you are in love.
တစ်စုံတစ်ယောက်နဲ့ အတူရှိနေစဉ်မှာ သူ့ကို ဂရုမစိုက် လျစ်လျူရှုချင်ယောင်
ဆောင်ထားပေမယ့် သူ သင့် အနားမှာ မရှိတဲ့အခါ သူ့ကို ဟိုဟိုဒီဒီ
ရှာဖွေနေမိပါတယ် ၊ အဲဒါဆိုရင် သင် သူ့ကို နှစ်သက်မြတ်နိုးနေလို့ပါပဲ.....

Although there is someone else who always makes you laugh,
your eyes and attention might go only to that special someone.
Then, you are in love.
သင့်ကို အမြဲရယ်မောပျော်ရွှင်အောင် လုပ်ပေးမယ့် သူ သင့်နံဘေးမှာ ရှိနေသော်လည်း
သင့် မျက်ဝန်းတစ်စုံနဲ့အာရုံက တစ်စုံတစ်ယောက်ဆီမှာပဲ ရောက်နေတယ်ဆိုရင်
သင် အဲဒီတစ်စုံတစ်ယောက် ကို နှစ်သက်မြတ်နိုးနေလို့ပါပဲ

Although that special someone was supposed to have called you long
back, to let you know of their safe arrival, your phone is quiet.
You are desperately waiting for the call!
At that moment, you are in love.
ခရီးရှည်ကနေပြန်လာတဲ့ တစ်စုံတစ်ယောက် က သူ ကောင်းမွန်စွာရောက်ရှိကြောင်း
သင့်ထံ ဖုန်းဆက်ဖို့ အချိန်တန်နေချိန်မှာ
သင့်ဖုန်းလေးဟာ တိတ်ဆိတ်ငြိမ်သက်နေပြီး
သင်ဟာ အဲဒီတစ်စုံတစ်ယောက်ရဲ့ ဖုန်းခေါ်သံကို စိတ်ပင်ပန်းစွာ
စောင့်မျှော်နေရတယ်ဆိုရင်
သင် ဟာ အဲဒီတစ်စုံတစ်ယောက်ကို ချစ်ခင်မြတ်နိုးနေလို့ပါပဲ..

If you are much more excited for one short e-mail from that special
someone than other many long e-mails,
you are in love.
တခြားသောသူတွေရဲ့ မေးလ်ရှည်ရှည်တွေထက် တစ်စုံတစ်ယောက်သောသူရဲ့ မေးလ် က
တိုပင်တိုငြား သင့်အား စိတ်လှုပ်ရှားစေအောင် စွမ်းဆောင်နိုင်တယ်ဆိုရင်လည်း
သင်ဟာ အဲဒီတစ်စုံတစ်ယောက်ကို ချစ်ခင်မြတ်နိုးနေလို့ပါပဲ...

When you find yourself as one who cannot erase all the
emails or SMS messages in your phone because of one message
from that special someone, you are in love.
အဲဒီတစ်စုံတစ်ယောက်ကပို့ထားတယ်ဆိုတဲ့ အသိနဲ့ သူပို့ထားတဲ့ မေးလ်
ဒါမှမဟုတ် SMS message တွေကို ဖျက်ပစ်ဖို့ သင့်မှာ ခွန်အားမရှိဘူးဆိုရင်
သင်ဟာ သူ့ကို ချစ်ခင်မြတ်နိုးနေလို့ပါပဲ....

When you get a couple of free movie tickets, you would
not hesitate to think of that special someone.
Then, you are in love..
ရုပ်ရှင် လက်မှတ်နှစ်ဆောင် မေတ္တာလက်ဆောင်ရချိန်မှာ အဲဒီ
တစ်စုံတစ်ယောက်ကို မတွေမဝေဘဲ ချက်ချင်းတွေးမိတယ်ဆိုရင် သင်ဟာ သူ့ကို
ချစ်ခင်မြတ်နိုးနေလို့ပါပဲ...

You keep telling yourself, "that special someone is just a friend",
but you realize that you can not avoid that person's special
attraction. At that moment, you are in love.
သူငယ်ချင်းတွေပါ လို့ သင့်ပါးစပ်ကတဖွဖွပြောနေပေမယ့် အဲဒီတစ်စုံတစ်ဦးရဲ့
လှုပ်ရှားမှုပုံရိပ်တွေထဲက ရုန်းမထွက်နိုင်ဘူးဆိုရင် သင်ဟာ သူ့ကို
ချစ်ခင်မြတ်နိုးနေလို့ပါပဲ....


***While you are reading this mail, if someone appears in your mind,
then u are in love with that person...;))
သင် ဒီမေးလ်ကို ဖတ်နေချိန်မှာ သ့င်စိတ်ထဲပေါ်လာတဲ့သူဟာ
သင်ချစ်ခင်မြတ်နိုးနေတဲ့သူပေါ့...

မိုးပြေးလေး

ကိုယ့်ကမ္ဘာဆီကို ၊ ဖိတ်မခေါ်ပါပဲ

ရောက်ရှိလာတဲ့ ၊ မိုးပြေးလေးရေ

ကန္တာရလို ၊ ကိုယ့်နှလုံးသားမှာ

သာသာယာယာ ၊ စိုပြေစွာနဲ့

အချစ်ပန်းများ ၊ လန်းဆန်းရန်အတွက်

အကြင်နာမိုးများ ၊ ရွာသွန်းခဲ့ပြီ ..............။


ကြင်နာမိုး၏ ၊ ယုယမှုကြောင့်

ချစ်ပန်းများစွာ ၊ ၀င့်ကြွားကာရယ်

စီရီဝေဆာ ၊ ပွင့်ဖူးကာဝယ်

ကြမ္မာမုန်တိုင်း ၊ လေပွေရိုင်းကြောင့်

မျော်လင့်ခြင်း ၊ မိုးတိမ်များရယ်

မနှင်ပါပဲ ၊ ဟိုအဝေး

ဟိုအဝေးသို့သာ လွင့်ပါးခဲ့ပေါ့ ............။

အချစ်ရဲ့ နောက်ကွယ်

အချစ်ရဲ့ နောက်ကွယ်

ငါပျော်ခဲ့တယ်
နင့်ရဲ့ အချစ်ကြောင့်လေ...

ငါဝမ်းနည်းခဲ့တယ်
နင်လှည့်စားလို့လေ...

ငါမထင်ခဲ့ဘူး
နင်လှည့်စားမယ်လို့လေ...

ငါ့ကို ချစ်ရင်ပွင့်လင်းပေးပါဟာ...

အချစ်အတုတော့ ငါမလိုလား
ငါ့ထက် ချစ်ရမဲ့သူ
နင့်မှာရှိရင် ပြောပါ...

ငါနားလည်ပေးမယ်
မပွင့်လင်းတဲ့ အချစ်နဲ့တော့
ငါ့ကို မလှည့်စားနဲ့...

အချစ်တွေကို တန်ဖိုးထားပါ
အချစ်တုနဲ့ မလှည့်စားပါနဲ့
နင်လှည့်စား ရင်ငါရူးလိမ့်မယ်...

ငါအခုချိန်ထိ
မသိခဲ့ဘူး အဖြစ်မှန်ကို...

ငါ့ကို တစ်ကယ်ချစ်တာလား
အချစ်တုနဲ့ လှည့်စားတာလား
နင် ဟန်ဆောင်ချစ်နေတာလား
ငါသိချင်နေပြီ...

အချစ်ကို တန်ဖို့ထားသူငါ
အခုတော့ အချစ် တုလား အစစ်လား မသိပဲ
ယောင်ဝါးဝါးနဲ့ လမ်းမှားတွေ ငါဆက်လျှောက်နေတယ်...

နင့်အချစ်ရဲ့ နောက်ကွယ်မှာ ငါ့အတွက်
အစစ်လား အတုလား
ငါသိချင်တယ်ဟာ...

အချစ်

အရင် ချစ်ခဲ့ကြတာ
နှစ်ယောက်လုံးပဲ

ငါသိတယ် နင်ချစ်နေသေးတယ်...
ငါ ကိုယ့်ကိုကိုယ်လည်းသိတယ်
နင့်ကို ချစ်နေသေးတယ်...

ဘယ်လိုကြောင့် ဝေးဖို့ဖြစ်လာတာ
ငါမသိခဲ့ဘူး...

ဘယ်လိုကြောင့်ပဲ
ငါတို့ ဝေးသွားဝေးသွား
ငါ့အချစ်ကို ငါတန်ဖိုးထားတယ်...

နင်ဘယ်သူနဲ့ပဲ ချက်ချက်
ငါ စိတ်မ၀င်စားတော့ဘူး...

ငါနင့်ကိုချစ်ခဲ့တဲ့ ငါ့အချစ်
အကောင်းဆုံးဖြစ်ခဲ့ပြီလေ...

ငါ့ အချစ်ကို နင်သိတဲ့ တစ်နေ့
နင် ငါ့လို ခံစား မနေရပါစေနဲ့...

နင် ဘယ်သူနဲ့ တွဲတွဲ
ငါမမြင်အောင် နေပါ့မယ်...

နင်လုပ်သလိုတော့ ငါမလုပ်တတ်
ငါ မတွဲ တတ် ငါမချစ်တတ်ဘူးလေ...

ဒါပေမဲ့ငါ့အချစ်က ငါ့အတွက်
တန်းဖိုး အရှိဆုံးပဲ...

နင်မရှိပဲ နေလို့မရတော့ဘူး
ဖြစ်ခဲ့တဲ့ ငါ့ဘ၀ ...

ငါရအောင်ပြန်ရပ်တည်မယ်
နင့်ကို ချစ်တဲ့ငါ့အချစ် နဲ့ ငါရပ်တည်နေမယ်....

ငါ့ရဲ့ အချစ်တွေကို နင်နားလည်လာတဲ့ တစ်နေ့ နေ့ ကို...
ငါ မျှော်နေမယ်နော်....

အချိန်တော့ မနှောင်းစေနဲ့...
အချိန်ကြာလို့ ငါ့အချစ်တွေ တည်ငြိမ်လာရင်
နင်ပြန်လာလည်း ငါမလွမ်းတတ်တော့မှာ
ဆိုးရွံ့ လေ ....

ငိုမနေတော့ဘူးနော်

အချစ်ဆုံးသူရယ်
မကြင်နာရက်စက်
မင်းမေ့ သွားခဲ့ပြီ
ကြည်နူးဖွယ်မေတ္တာ
ဒီရင်မှာမြစ်တွယ်
နွယ်မနေတော့ဘူးနော်။။။

မေ့ထားရက်သူကို
ဘယ်ဆီကိုမျှော်မှန်း
တမ်းတမနေချင်
ခင်တွယ်လို့မဖြစ်
ချစ်မနေတော့ဘူးနော်။။။

နှလုံးသားကိုပုံ
ယုံမိတဲ့ကိုယ့်မှား
ထားပစ်ခဲ့ပါလေ
တွေဝေလို့မှိုင်ငေး
ဆွေးမနေတော့ဘူးနော်။။။

နုနယ်တဲ့အသည်း
ကွဲလိုက်စမ်းပါစေ
ငယ်ရွယ်သူချစ်မူး
ရူးချင်လဲရူးသွား
တားမနေတော့ဘူးနော်။။။

မေ့ထားဖို့ကြိုးစား
အသည်းခွဲသွားသူ
မတူညီချစ်နဲ့ 
မင်းထားရက်တာကို
ငိုမနေတော့ဘူးနော်။။။။

အခုချိန်ထိ ကြိုးစားနေဆဲပဲ ချစ်သူ

နင့်နှုတ်ခမ်းက
ရက်စက်တဲ့စကား
သေတာထက်တောင်ဆိုးတယ်
မလှလို့ဖယ်ခွာ
ကွဲကြေ အသည်း
အလှစစ်ဆိုတာ
ကိုယ်ကျင့်တရားကောင်းမွန်ခြင်းနှင့်
စိတ်ထားဖြူစင်ခြင်း
နင်မသိတာဆိုးတယ် ချစ်သူ
ရက်စက်ပါ
ထားခဲ့ပါ
ရူပကာမလှပေမယ့်
ချစ်တာပြိုင်မယ်ဆို
တစ်လောကလုံးနဲ့
ငါပြိုင်ရဲတယ်
ချစ်သူ. . .
အရှေ့ဆီမှာရှိတဲ့ အနာဂတ်လမ်း
ရင်ကွဲရင်း လျှောက်လှမ်းဖို့
ခြေနှစ်စုံဟာ အားအင်မဲ့နေတယ်
ရင်ကိုပစ်ခွင်းလိုက်တဲ့ စကားဗုံးဟာ
နေမကောင်းဖြစ်ပြီး
အိပ်ယာထဲ ခွေလဲစေတယ်. . .
ချမ်းလွန်းတဲ့ ဒီဇင်ဘာ
ငါမချမ်းနိုင်
ပူလောင်နေရတယ်
နင်မရှိလည်း
နေသားကျတတ်ဖို့
အခုချိန်ထိ ကြိုးစားနေဆဲပဲ
ချစ်သူ. . . ။ ။

လေပြည်ကလေးပဲ ဖြစ်ချင်ခဲ့တာပါ

ချစ်သူရေ …

တစ်နေ့ထက်တစ်နေ့

ကုန်လွန်လာလဲ …

ရိုးသားခြင်းနဲ့ တွဲခဲ့တဲ့

ငါတို့ လက်တွေ

မြဲနေဖို့ပဲ … ဆုတောင်းမိခဲ့တယ် ။


နေကြာတွေ ပွင့်တိုင်း

အလွမ်းတွေရင့် လာပေမယ့် …

ဟိုးဝေးဝေးက နင့် ဆီ

သစ္စာတရားတွေပဲ

လက်ဆောင်ပေးချင်မိတယ် … ။


ယုံကြည်ပါ ချစ်သူ …

နင့်အတွက် ငါ …

ကြယ်တွေဆွတ်ခူးမပေးနိုင်ပေမယ့်

နှင်းပွင့်တွေလို အေးမြခြင်းတွေ

ရင်ထဲထည့်ပေးချင်မိတယ် … ။


ချစ်သူ ရဲ့ အိပ်စက်ခြင်းဆီ

နှင်းဆီရနံ့တွေ သယ်ဆောင်လို့

ရွှေရောင်အိပ်မက်တွေ …

ဖန်ဆင်းပေးတဲ့ …

လေပြည်ကလေးပဲ ဖြစ်ချင်ခဲ့တာပါ ။

နင်ဟာ

ခေါင်းထဲတွင် နောက်ကျီ့နေ၏၊
ဘေးတဖက်တချပ် နားထင်စပ်က တစစ်စစ်၊
တနေကုန် အလုပ်များခဲ့ရသော မျက်လုံးများက၊
မျက်ကြောအစုံကို၊ ခြေစုန်ကန် ဆန္ဒပြနေပြီ။
စူးရှမှူကင်းမဲ့တဲ့
မှိန်တိန်တိန်မျက်လုံးများ၊
ညိုနက်နက်ကြီးထွားလာတဲ့
မျက်ကွင်းဟောက်တောက်များ၊
အထိုင်များပြီး လှူပ်ရှားမှူ့ကင်းမဲ့လှတဲ့၊
အရိုးအဆစ်များရဲ့ အော်ညီးသံတွေကလဲ
မနဲတော့။

လျှပ်စစ်ဓာတ်များ တသွင်သွင်စီးစင်းပြီး၊
အရောင်တဖြတ်ဖြတ်တောက်နေတဲ့
မှန်သားပြင်တချပ်ကို၊ စက်စုပ် မုန်တီးစွာ
တချက်ကြည့်ရင်း၊ တောက်တချက်ခေါက်ကာ၊
အော်ဟစ်ကြိမ်မောင်းလိုက်၏။

နင်ဟာ ငါ့မျက်လုံးတွေကို မညှာမတာ
အနိုင်ကျင့်တယ်၊
နင်ဟာ ငါ့လက်ချောင်းတွေကို အနားမပေးပဲ၊
နာကျင်အောင်လုပ်တယ်၊
နင်ဟာ ငါ့ရှေ့မှာ အချိန်ပြည့် နေရာယူပြီး၊
နင့်ကိုပဲ ဦးစားပေး အရေးထားခိုင်းတယ်၊
နင်ဟာ ငါ့ခေါင်းထဲကို အပိုင်စီးဝင်ပြီး
အမြဲတစေရှိနေစေခဲ့တယ်၊
နင်ဟာ
ငါ့ရဲ့ ကိုယ်ပိုင်အချိန်တွေ၊
ငါ့ရဲ့ လွတ်လပ်ခွင့်တွေ၊
ငါ့ရဲ့ အသိဥာဏ်တွေ၊
ငါ့ရဲ့ စွမ်ဆောင်နိုင်အားတွေ၊
ငါ့ရဲ့ ခံစားချက်တွေ၊
ငါ့ရဲ့ ရပိုင်ခွင့်တွေ၊
အားလုံး၊ အားလုံးကို
နင်အပိုင်သိမ်းသွားတယ်။
နင့်ရှေ့မှာပေးစပ်လိုက်ရတယ်။
နင်ဟာ ငါအရွံဆုံး၊ ငါအကြောက်ဆုံး
မျှော့တစ်ကောင် ထက်အဆပေါင်းများစွာ
ပိုဆိုးတယ်။
သူများသွေးသောက် အသက်ရှင်နေတဲ့
မျှော့လိုပဲ၊
နင်ဟာ ငါ့ဦးနောက်တွေ၊ ငါ့အသွေးအသားတွေ၊
ငါ့အာရုံတွေ၊ ငါ့အကုန်လုံး ဖောက်စားပြီး၊
အသက်ရှင်နေတဲ့ ပြိတ္တာတစ်ကောင်ပဲ။
ငါဟာ တနေ့တနေ့ နင်နဲ့ပဲ အချိန်ကုန်နေရတယ်။
နင်ကိုအကြိမ်ကြိမ် ငါသတ်ပြစ်ဖို့
ကြိုးစားခဲ့တယ်။
နင့်ရဲ့ သြဇာအာဏာတွေကို ငါတော်လှန်လို့
လုံးဝမရခဲ့ဘူး၊
မရအောင်လဲ နင်ငါ့ကို ကြိမ်းဝါးထားသေးတယ်။
နင်ဟာ ငါ့အသက်ပဲ၊
နင်ဟာ ငါ့ဝိဥာည်ပဲ၊
နင်ဟာ ငါ့ရဲ့ဖန်ဆင်းရှင်ပဲ၊
နင်ဟာ ငါ့ရဲ့အနာဂတ်ပဲ တဲ့။
နင်သေဆုံးတဲ့နေ့ဟာ ငါကံကုန်မယ့်နေ့ပဲ တဲ့။
မတရားဘူး၊ နင်လုံးဝ မတရားဘူး။
နင့်ကို ကော်ဆဲထားတဲ့ ဒီစာကိုတောင်၊
နင့်ရှေ့မှာ ခခယယ ခွင့်ပြုချက်ရယူပြီး
ရိုက်နေရပါလား။
ငါဘယ်လိုပြေးပြေး နင်နဲ့ မလွတ်နိုင်တဲ့
ဘဝပါလား။
နင့်လို နှလုံးသားမဲ့၊ အသိဥာဏ်မဲ့၊
ခံစားချက်ကင်းမဲ့ပြီး အတ္တကြီးတဲ့
မိစ္ဆာကောင်က၊ ငါ့အပေါ်မှာ လက်ဝါးကြီးအုပ်
အနိုင်ယူထားတာ၊ ငါရင်နာလို့ မဆုံးဘူး။

ငါဒီလောက် အော်ဟစ်နေတာကို နင်ကမထုံတတ်တေး၊
အသိအမှတ်မပြု၊ ခပ်တည်တည်နဲ့
ငုတ်တုတ်ထိုင်နေတယ်။
ငါမခံနိုင်တော့တဲ့ အဆုံး၊ နင့်ကို
အဖုံးဆွဲပိတ်ပြီး၊ အိတ်ထဲ
ခပ်ကြမ်းကြမ်းဆွဲထည့်လိုက်တယ်။
ကဲကွာ၊ နင်ဘာလုပ်နိုင်သေးလဲ၊ ဒီလောက်တော့
ငါမှာလုပ်ပိုင်ခွင့်ရှိတယ်၊ ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။

ရှုတ်ထွေးပူလောင်နေတဲ့ စိတ်အစဉ်ကို၊
ခပ်တိုးတိုး ဆွေးဆွေးမြေ့မြေ့သီဆိုထားတဲ့၊
အလွမ်းသီချင်းတစ်ပုဒ်နဲ
အရည်ဖျော်ပြစ်လိုက်၏။ နင့်ရဲ့
နှိပ်စက်မှူဒဏ်ကို မနက်ဖန်များမှာ
ဆက်ခံဖို့၊ ခံနိုင်ရည်ရှိဖို့အတွက် ငါဒီည
အိပ်စက်အနားယူု၊ အားမွေးရဦးမယ်။ဒါသည်လည်း နင့်ရဲ့ အမိန့်ချမှတ်ချက်
တစ်ခုကို ငါနာခံလိုက်ခြင်း မဟုတ်ပါလား။

မင်းမကြိုက်တဲ့ ကဗျာ

မင်းမကြိုက်တဲ့ ကဗျာ
ကိုယ်က ကဗျာရေးလိုက်တာ…
သ၀န်တိုဆေးဖေါ်လိုက်တာမဟုတ်ဘူး
နီကိုရဲအကြောင်း မကြည်ပြာကရေးလိုက်သလား
အကြည်တော်အကြောင်း မြင့်စန်းရီက ရေးလိုက်သလား
ဘာပဲဖြစ်ဖြစ်ဖတ်လို့ကောင်းတယ်။

ဘာပဲဖြစ်ဖြစ်ဖတ်လို့ကောင်းရင်
ဖတ်လို့ကောင်းတယ်လို့မှတ်ပါ။
ကိုယ်ကကဗျာရေးလိုက်တာ
သ၀န်တိုဆေးဖေါ်လိုက်တာမဟုတ်ဘူး။

အဲ့ဒီသရုပ်ဖော်ပုံလေးတွေက
အလကားရတာမဟုတ်ဘူး
ဘောလ်ပင်ထိပ်ဖူးတွေက
နှလုံးသားကိုခြစ်ပြီးထွက်လာတာ။
မမြင်နိုင်တဲ့ လင်းလက်မှု့လေးတစ်ချက်မှာ
ကိုယ့်အသက်ဓါတ်တွေထဲမှာ ထခုန်နေတဲ့ နန်းမျှင်လေးတွေပါ။
ကိုယ် Log ဖမ်းလိုက်တဲ့ အကြည်ဓါတ်ကလေးတွေက
နေ့ရက်တွေရှည်ထွက်ဖို့ပါ။
ကိုယ်က ကဗျာရေးလိုက်တာ
သ၀န်တိုဆေး ဖေါ်လိုက်တာမဟုတ်ဘူး။

Monday, March 29, 2010

once in a while

လောကကြီးက အရမ်း ဆူညံလွန်းတယ်
ကျွန်တော့ အသံကခပ်တိုးတိုးနဲ့ ပြောချင်တာတွေအားလုံး
ဘယ်သူမှ မကြားကျဘူး ၊
လောကကြီးနဲ့  အပြိုင် ကျွန်တော်လဲ လိုက် မအော်နိုင်ဘူး
ကျေးဇူးပြုပြီး တိုးတိုးလေး ခဏ နားစဉ် ကြည့်ပါ
တခါတလေတော့ ဗျာ လောကကြီးက အထီးကျန်ဆန်လွန်းတယ် ။

အိမ်ခေါင်မိုးပေါ်တက်ကြည့် ကြည့်တယ်
ကျွန်တော် ကအမြင့်ကို သိပ်ကြောက်တယ်
ခုန်ချဖို့  မပြောနဲ့  ပြုတ်ကျမှာကိုတောင် ကြောက်တယ်
ကြယ်တွေက ကျွန်တော့ကို လှောင်ပြောင်ကြတယ်
လမင်းကြီးက ကျွန်တော့်ကို ပြုံးပြတယ်
ကြယ်တွေအတွက် သီချင်းတစ်ပုဒ် ဟစ်ဆိုပြလိုက်ပြီး
အားရပါးရ လမင်း ကြီးကို ပြန်ပြုံးပြလိုက်တယ်
တခါတလေတော့ ဗျာ ကောင်းကင်ကြီးက အထီးကျန် ဆန်လွန်းတယ် ။

အမြဲတမ်းစီးဆင်းနေတဲ့ မြစ်တစ်ခုကို သွားကြည့်ကြည့်တယ်
ကျွန်တော် ရေနစ်မှာ အရမ်းကြောက်တယ်
လှိုင်းတွေက တဝေါဝေါနဲ့ ရေတွေက နိမ့်လိုက် မြင့်လိုက်
ဘ၀ကတော့ ဒီလိုပဲ အဲဒီမြစ်ကြီးကိုပဲ တချိန်လုံး ဖြတ်နေရတယ်
အသက်ကယ် ဘောတစ်ခု ကျွန်တော် ၀ယ်ပြီး ဆောင်ထားတယ်
တခါတလေတော့ ဗျာ ဒီမြစ်ကြီးက အထီးကျန် ဆန်လွန်းတယ် ။

ကြိုးကြိုးစားစား ကျွန်တော် တွက်ချက် လေ့လာပါတယ် ၊
သတိထားပြီးတော့ အမြဲတမ်း အရောင်းအ၀ယ် လုပ်ပါတယ်
ဒါပေမဲ့ မသိကိန်းတွေက အရမ်းများလွန်းနေတယ်
ဘယ်လိုရောင်းရောင်း ဘယ်လိုဝယ်ဝယ် ကျွန်တော်ရှုံးပါတယ်
တခါတလေတော့ ဗျာ ဒီလိုဈေးသည်ဘ၀ကြီး အထီးကျန် ဆန်လွန်းတယ် ။

ဆရာတော်ဘုရားက ဟောထားတယ်တဲ့
နေတတ်ရင် ကျေနပ်စရာပါဆို သလားဘဲ ကျွန်တော်ကြားဖူးခဲ့တယ်
ကျွန်တော် နေလဲ နေတတ်ပါတယ် ကျေလဲ ကျေနပ်ပါတယ် ၊
ဒါပေမဲ့ဗျာ
တခါတလေတော့လေ ကျွန်တော့ဘ၀ကြီး အထီးကျန် ဆန်လွန်းတယ် ။ ။

Thursday, March 25, 2010

ကျနော်မပိုင်တော့တဲ့ ငါ

“ကျနော်မပိုင်တော့တဲ့ ငါ”



ချိနဲ့ ပျော့ခွေနေတဲ့ 

ငါ့ဝိဥာဉ်ကို မင်းခြေရင်းမှာ

ငါရှာတွေ့ တယ်။



သွေးကြောင်နေတဲ့

ငါ့အတ္တကို မင်းမာနမှာ

ငါရှာတွေ့ တယ်။



ဒူးထောက်နေတဲ့

ငါ့ချစ်ခြင်းမေတ္တာကို မင်းကိုယ်ပေါ်မှာ

ငါရှာတွေ့ တယ်။



မှုန်ဝါးနေတဲ့

ငါ့အနာဂတ်အိပ်မက်ကို မင်းလက်ထဲမှာ

ငါရှာတွေ့ တယ်။



အဲ့ဒီ ငါရှာတွေ့ တာတွေကို

မင်းဆီမှာ ငါရှာတွေ့ တယ်။



ရဲဝင့်သူ

အချစ်ဇာတ်

တံခါးမခေါက်ပဲ ရောက်လာတဲ့မိန်းကလေးရေ
ငါ့ရင်ဘတ်ပေါ်မှာ ပွင့်လန်းတတ်ဖို့
ဖွင့်ထားတဲ့စာမျက်နှာတွေက
ဇာတ်နာတပုဒ်သာသာဖြစ်ပေမယ့်
မင်းဖတ်ဖို့တော့လိုမယ်လေ...

ခပ်မှောင်မှောင် အခန်းတွေယိုစိမ့်
အလင်းပြပြသာရှိတဲ့ ရုရှားဆန်ဆန်ငါ့နှလုံးသားက
အကျဉ်းထောင်တခုတော့မဟုတ်ချေဘူး
အရာအားလုံးကို စိမ့်ဆင်းသွားဖို့ဆိုတာ
မဖြစ်နိုင်သေးပေမယ့် အချစ်တခုအတွက်သာ
ခွေးလေးတကောင်လို ရိုးသားချင်တာ ငါပါ...

ဂျစ်ပစီလို စိတ်ကူးဖဲတချပ်ပွတ်ရင်း
ကန္တာရကိုလှပစွာသောက်သုံးတတ်ဖို့
အိုအေဆစ်တခုဖြစ်နေပေးပါလို့
စကားတခွန်း ထွက်မကျဖူးရင်တောင်
အလိုလို ကြားယောင်နေပါချစ်သူ...

ချစ်ခြင်းကိုသာကိုးကွယ်လို့
ဘာသာမဲ့တေးတပုဒ်ဖြစ်နေရင်တောင်
ရင်ဘတ်နဲ့ခြွေချနေတဲ့ ငါ့တေး
မင်းရင်ဘတ်ကို ထိခတ်လို့
ပန်းနုရောင်ပန်းတွေပွင့်စေချင်တာ
ထာဝရပါချစ်သူ.

Monday, March 15, 2010

သရုပ်ဆောင်

ရင်ခွင်မှာ
ကွဲအက်မှုက
မျက်နှာမှာ လာပေါ်ပြီ။

ဖုံးဖိမယ်
အပြုံးတုနဲ့
ပျော်ရွှင်ဖွယ် မျက်နှာတု။

နာကျင်မှု
ရင်အစုံကို
ပလာစတာနဲ့ ကပ်။

မင်းပျော်ဖို့
ရုပ်ဖျက်မယ်
အခုချိန်မှာ ငါ့အဖြစ်က
အလွန်တော်တဲ့
သရုပ်ဆောင်တစ်ယောက်။

အစက

အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒန်းမြို့က ဈေးကြီးကြီး ဟိုတယ်တစ်ခုကို ရောက်ခိုက် ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေ ဂိုပါးလ်တို့ဟာ ဂျာဗာရိုးရာ ဂီတကို သာယာနာပျော်ဖွယ် တီးမှုတ်နေတဲ့ တီးဝိုင်းတစ်ခုရဲ့ ဖျော်ဖြေမှုကို ခံစားနေခဲ့ကြသည်။

တီးဝိုင်းအဖွဲ့သားတစ်ယောက် ပလွေမှုတ်နေတာကြည့်ပြီးတော့ ဂိုပါးလ်က

"သူက ပလွေအပေါက်တွေကို ဘာလို့ လက်နဲ့ ပိတ်ပိတ်ထားရတာလဲ " လို့ မေးလိုက်တယ်။ ကျွန်တော်က

" လေမထွက်အောင်လို့ပေါ့ကွာ " လို့ ဖြေလိုက်တယ်။ အဲဒီမှာ သူပြန်မေးလိုက်တာက

" ဒါဖြင့်ရင် ဒီအပေါက်တွေကို အစက ဘာလို့ ဖောက်ထားရတာတုံး " တဲ့။

တန်ဘိုးထားစေချင်

တန်ဖိုးကြီးတဲ့ စကားမို့
တန်ဖိုးထားကာ ပြောမိတယ်
သက်ဆုံးတိုင် ချစ်ပါ၏။

ပန်းတစ်ပွင့်လို လှတဲ့သူမို့
ယုယစွာ ပြောမိတယ်
နူးညံ့စွာ ချစ်ပါ၏။

သိမ့်မွေ့စွာ ယဉ်တဲ့သူမို့
မြတ်နိုးစွာ ပြောမိတယ်
ရင်သိမ့်တုန် ချစ်ပါ၏။

ငါစိတ်မှာ တန်ဖိုးမြှင့်
အလေးထား မြတ်နိုးမိလို့
လေးနက်စွာ ချစ်ပါ၏။

Thursday, February 11, 2010

အော်လူဘဝ

`လူ့ဘဝ`

အခု…..

ငါရောက်နေတာဟာ

လူ့ဘဝဆိုတာရော

ဟုတ်ရဲ့လား ။

၂၄ နာရီမှာ

၂ ခါလောက် တက်တတ်တဲ့

လေချဉ်မှာတောင်ပဲ

အက်စစ်နံ့ချည်း

ပျံ့လွင့်နေတယ်…

အဝီစိမှာကမှ

ကျယ်ကျယ်လောင်လောင်

ကြေကွဲခွင့်ရပါလိမ့်မယ်

ဒီနေရာမှာတော့

သူတို့မြင်မှာစိုးလို့

တိုးတတိတ်ကြေကွဲရတာ…..

ငါ့ကို ထမင်းစားတတ်အောင်

သင်ပေးလိုက်တာ

ဘယ်သူပါလိမ့်

အမေလား? အဖေလား?

ကမ္ဘာဦးအစက လူတွေလား

ငါထမင်းမစားဘဲ

နေနိုင်တတ်ခဲ့ရင် ကောင်းမယ်….။

နို့…..နေပါဦး

အဖေက ဘယ်သူလဲ

အမေက ဘယ်သူလဲ

ရက်စွဲလွန် အတ္ထုပ္ပါတ်လေး

ရေးမယ်လုပ်တော့

ကံဆိုးလိုက်ပုံများ

ငါ့နာမည် ငါတောင်

မမှတ်မိတော့ဘူး……

ဟော့….သြော်

ဒါ လူ့ဘဝပေါ့

တချို့တချို့က

တိမ်တိုက်တွေကို စည်းခတ်ဖို့

ကြိုးစားနေကြတယ်

တချို့တချို့က

အားတွေ မာန်တွေထုတ်ပြီး

ကိုယ့်ကိုယ်ကို ပူဖောင်းလုပ်ဘို့

ကြိုးစားနေကြတယ်

ရယ်စရာကောင်းပေမယ့်

ကျွန်တော်လည်း မထူးလို့

ပြုံးရုံသာ ပြုံးလိုက်တယ်။

ဟင်း……

ဖွဲဖွဲလေးရွာတတ်ရုံနဲ့များ

သူ့ကိုယ်သူ မိုးထင်နေသေး

တချို့တချို့ ပြောပါတယ်…..

ကြီးပွားချင်ရင်

နေရာတိုင်း နေရာတိုင်းမှာ

ပြုံးပြုံးလေး နေတက်ရတယ်

အဆင်ပြေချင်ရင်

နေရတိုင်း နေရတိုင်းမှာ

အလိုကျသည် ဖြစ်စေ

အလိုမကျသည် ဖြစ်စေ

အလိုက်အထိုက်လုပ်တက်ရတယ်

မှားသည်ဖြစ်စေ

မှန်သည်ဖြစ်စေ

ချော်လဲရောထိုင် လုပ်တက်ရတယ်

နေရာတကာ

အမှန်တရားဆိုတဲ့

ပေတံကြီးနဲ့

သွားသွားတိုင်းမိနေရင်

အက်စစ်လေချဉ်တောင်

ပုံမှန်တက်လာဖို့

ခက်သွားမယ်။

ဒါပေါ့..ဒါပေါ့…

လူ့ဘ၀ဆိုတာ…

စေ့စေ့တွေးကြည့်တော့

ရပိုင်ခွင့်ကလည်း

အတော်နည်းတာကလား

ဟစ်တလာ လူဆိုးလုပ်သွားတာလည်း

အပြစ်မဆိုသာပါဘူး..

သေမထူး နေမထူးပဲကိုး။

လွင်မျိုးသစ်

အော်လူဘဝ

`လူ့ဘဝ`

အခု…..

ငါရောက်နေတာဟာ

လူ့ဘဝဆိုတာရော

ဟုတ်ရဲ့လား ။

၂၄ နာရီမှာ

၂ ခါလောက် တက်တတ်တဲ့

လေချဉ်မှာတောင်ပဲ

အက်စစ်နံ့ချည်း

ပျံ့လွင့်နေတယ်…

အဝီစိမှာကမှ

ကျယ်ကျယ်လောင်လောင်

ကြေကွဲခွင့်ရပါလိမ့်မယ်

ဒီနေရာမှာတော့

သူတို့မြင်မှာစိုးလို့

တိုးတတိတ်ကြေကွဲရတာ…..

ငါ့ကို ထမင်းစားတတ်အောင်

သင်ပေးလိုက်တာ

ဘယ်သူပါလိမ့်

အမေလား? အဖေလား?

ကမ္ဘာဦးအစက လူတွေလား

ငါထမင်းမစားဘဲ

နေနိုင်တတ်ခဲ့ရင် ကောင်းမယ်….။

နို့…..နေပါဦး

အဖေက ဘယ်သူလဲ

အမေက ဘယ်သူလဲ

ရက်စွဲလွန် အတ္ထုပ္ပါတ်လေး

ရေးမယ်လုပ်တော့

ကံဆိုးလိုက်ပုံများ

ငါ့နာမည် ငါတောင်

မမှတ်မိတော့ဘူး……

ဟော့….သြော်

ဒါ လူ့ဘဝပေါ့

တချို့တချို့က

တိမ်တိုက်တွေကို စည်းခတ်ဖို့

ကြိုးစားနေကြတယ်

တချို့တချို့က

အားတွေ မာန်တွေထုတ်ပြီး

ကိုယ့်ကိုယ်ကို ပူဖောင်းလုပ်ဘို့

ကြိုးစားနေကြတယ်

ရယ်စရာကောင်းပေမယ့်

ကျွန်တော်လည်း မထူးလို့

ပြုံးရုံသာ ပြုံးလိုက်တယ်။

ဟင်း……

ဖွဲဖွဲလေးရွာတတ်ရုံနဲ့များ

သူ့ကိုယ်သူ မိုးထင်နေသေး

တချို့တချို့ ပြောပါတယ်…..

ကြီးပွားချင်ရင်

နေရာတိုင်း နေရာတိုင်းမှာ

ပြုံးပြုံးလေး နေတက်ရတယ်

အဆင်ပြေချင်ရင်

နေရတိုင်း နေရတိုင်းမှာ

အလိုကျသည် ဖြစ်စေ

အလိုမကျသည် ဖြစ်စေ

အလိုက်အထိုက်လုပ်တက်ရတယ်

မှားသည်ဖြစ်စေ

မှန်သည်ဖြစ်စေ

ချော်လဲရောထိုင် လုပ်တက်ရတယ်

နေရာတကာ

အမှန်တရားဆိုတဲ့

ပေတံကြီးနဲ့

သွားသွားတိုင်းမိနေရင်

အက်စစ်လေချဉ်တောင်

ပုံမှန်တက်လာဖို့

ခက်သွားမယ်။

ဒါပေါ့..ဒါပေါ့…

လူ့ဘ၀ဆိုတာ…

စေ့စေ့တွေးကြည့်တော့

ရပိုင်ခွင့်ကလည်း

အတော်နည်းတာကလား

ဟစ်တလာ လူဆိုးလုပ်သွားတာလည်း

အပြစ်မဆိုသာပါဘူး..

သေမထူး နေမထူးပဲကိုး။

လွင်မျိုးသစ်

ကျန်တာတွေ ဒီမှာဆက်ရေးပါဘုရား

Monday, September 7, 2009

ကဗျာချစ်သူများအတွက်

Filed under: ကဗျာ — အိမ့်ချမ်းမြေ့ @ 5:47 pm
တစ်ကယ်တော့….
ခံစားချက်တွေနဲ့ စိတ်အစာဖြေမှုတွေကြားမှာ လွင့်ပါးစီးမျောနေကြတဲ့ …
မျှော်ကိုးမှုမပါ စေတနာတွေဖုံးလွှမ်းနေတဲ့ စာတွေ၊ ကဗျာတွေ၊ ခံစားချက်၊ အနုပညာတွေ၊ ဆောင်းပါးတွေ၊ ဝေဖန်ချက်တွေ၊ နိုင်ငံရေး၊ စီးပွားရေး လူမှုရေး အမြင်တွေ၊ ရယ်…
ဒါမှမဟုတ်…
တစ်စုံ တစ်ရာ အကျိုးအမြတ်တွေ၊ မျှော်ကိုးမှုတွေကို အရင်းခံရင်း
သူများပေးတဲ့ ပညာတွေနဲ့ တိုင်းပြည်ကို ပြန်လက်ညှိုးထိုး
အပေါ်စီးက ဝေဖန်ရေးသားမှု စာစုတို့ ကျင်လည်ရာ ဒီဖန်သားပြင်တွေရယ်..
ဖန်သားပြင်နောက်ကွယ်က ဘ၀ စစ်တွေ ရယ်…
ရန်ကုန်မြို့ကြီးပေါ် က ဘ၀ စစ်တွေဟာ …
လုံးဝ ဆက်စပ်မှုမရှိတဲ့ Venn Diagram စက်ဝိုင်း သုံးခုလိုပါလားလို့
အံ့သြစွာနဲ့…
ကိုယ်…
တရားတွေရနေမိတယ်..။
ဒီလိုနဲ့ …
ကိုယ်တို့တွေဟာ…
ဆက်စပ်မှုမဲ့စွာ..
အစုအဖွဲ့လေးတွေဖွဲ့ရင်း
တစ်ဖြည်းဖြည်း ဝေးကွာသွားကြတော့မယ်ထင်ရဲ့။

ကဗျာချစ်သူများအတွက်

ဒီလိုနဲ့ …

ဒဏ်ရာရခဲ့တဲ့
က;န္ထာရ နှစ်များနဲ့လည်း
သစ္စာထားခဲ့ပြီ။
အဲဒီလိုနဲ့ …
အမှန်တရားကိုလဲ
ထမင်းစားဖိတ်ခဲ့ပြီ။
အဲဒီလိုနဲ့ ..
နေကြာပွင့်တွေကိုလဲ
နေသာခွင့်ပေးလိုက်ပြီ။
အဲဒီလိုနဲ့ ..
အဆိပ်နဲ့ မိတ်ဖွဲ့
အိပ်မက်တွေကိုလဲ
ဘိလပ်ရည်တိုက်ခဲ့ပြီ။
….
….
အဲဒီလိုနဲ့
လွတ်လပ်ရေး ကဗျာအတွက်
မြေတစ်ကွက် ထွန်ယက်ပြီးခဲ့ပြီ။



Filed under: ကဗျာ — အိမ့်ချမ်းမြေ့ @ 5:47 pm
တစ်ကယ်တော့….
ခံစားချက်တွေနဲ့ စိတ်အစာဖြေမှုတွေကြားမှာ လွင့်ပါးစီးမျောနေကြတဲ့ …
မျှော်ကိုးမှုမပါ စေတနာတွေဖုံးလွှမ်းနေတဲ့ စာတွေ၊ ကဗျာတွေ၊ ခံစားချက်၊ အနုပညာတွေ၊ ဆောင်းပါးတွေ၊ ဝေဖန်ချက်တွေ၊ နိုင်ငံရေး၊ စီးပွားရေး လူမှုရေး အမြင်တွေ၊ ရယ်…
ဒါမှမဟုတ်…
တစ်စုံ တစ်ရာ အကျိုးအမြတ်တွေ၊ မျှော်ကိုးမှုတွေကို အရင်းခံရင်း
သူများပေးတဲ့ ပညာတွေနဲ့ တိုင်းပြည်ကို ပြန်လက်ညှိုးထိုး
အပေါ်စီးက ဝေဖန်ရေးသားမှု စာစုတို့ ကျင်လည်ရာ ဒီဖန်သားပြင်တွေရယ်..
ဖန်သားပြင်နောက်ကွယ်က ဘ၀ စစ်တွေ ရယ်…
ရန်ကုန်မြို့ကြီးပေါ် က ဘ၀ စစ်တွေဟာ …
လုံးဝ ဆက်စပ်မှုမရှိတဲ့ Venn Diagram စက်ဝိုင်း သုံးခုလိုပါလားလို့
အံ့သြစွာနဲ့…
ကိုယ်…
တရားတွေရနေမိတယ်..။
ဒီလိုနဲ့ …
ကိုယ်တို့တွေဟာ…
ဆက်စပ်မှုမဲ့စွာ..
အစုအဖွဲ့လေးတွေဖွဲ့ရင်း
တစ်ဖြည်းဖြည်း ဝေးကွာသွားကြတော့မယ်ထင်ရဲ့။