Monday, September 7, 2009

ကဗျာချစ်သူများအတွက်

ထိထိမိမိ ကွဲရှပြီးသား အသည်းကို
ဘာဖြစ်လို့ ထပ်ပိုင်းဖြတ်ချင်တာလဲ
တစ်စက်စက် ယိုစိမ့် ကျနေတဲ့
အလွမ်းတွေ အောက်မှာ
ဒုတိယမိ ငါ့လည်ကို
ထပ်စင်းခိုင်းစေချင်တယ်ဆိုရင်တောင်
ငါ လည်စင်းခံဖို့ မဆိုင်းဘူး ချစ်သူ . . . . .

ယုံကြည်ပြီးသား . . . . .
ခွင့်လွတ်ပြီးသား . . . . .
တစ်တစ်ရစ်ရစ် စွဲရစ်ခဲ့တဲ့
ငါ့အချစ်တွေကို မြေချပေးဖို့ . . . . .
မင်းစကားတစ်ခွန်းပဲ လိုအပ်မှာပါ . . . . .

မင်းနင်းလျှောက်မယ့်လမ်းမှာ
ငါဟာ နှောက်ယှက်မိသူဖြစ်ခဲ့ရင်
ရင်ခွင်လမ်းမရဲ့ ဘေးကို ငါဆင်းပေးပါ့မယ်
တစ်ယောက်တစ်ခြမ်း နေနေရတဲ့ ကမ္ဘာမှာ
ငါဟာ စကြာဝဌာထဲကို မလွင့်ချင်ခဲ့ဘူး ချစ်သူ . . . . . .

ငါ့ ရင်ခွင်နန်းတော်မှာ
ဘုရင်မ မလုပ်ချင်ဘူးဆိုရင်
လမ်းခွဲစကား မပြောပဲ
တိတ်တဆိတ် မင်းထွတ်ခွါသွားပေးပါ
မင်းကျောခိုင်း ထွတ်ခွါသွားမှာကို
ငါခံနိုင်ရည် မရှိလို့ပါ ချစ်သူ . . . . . . .

ကိုကိုဆိုတာ နောက်ဆုံးတော့ ကိုညီပါပဲ
ဘယ်သူမှမစံချင်တဲ. ကိုဦးနန်းတော်မှာ
ငါဟာ အလွမ်းပုရပိုဒ်ကို ရေးဆဲပါပဲ . . . . . . . .

0 comments:

Post a Comment