Monday, September 7, 2009

ကဗျာချစ်သူများအတွက်

Published by Banyarshein under ကဗျာ on Sunday, August 16, 2009
.


အိမ်ရှေ့ ဗန်ဒါပင်က
ရော်ရွတ်ဝါတွေ မြေမှာကျဲခလို့
ရွှေဥသြရဲ့ တွန်ကြုးသံတွေ
လေမှာ ပျံလွင့်နေခဲ့ပြီး
အချက်ပေးသတိ ရင်မှာမြည်လို့
အိမ်ပြန်ရအုံးမည်
သြော် . . . . . . . . .
နွေကျောင်းပိတ်ပြန်ခဲ့ပြီးပဲ . . . . . . . . .

အပြင်မှာ ပူလောင်နေတဲ့ ရာသီစက်ဝန်းက
ရင်ထဲက ပူလောင်မှုကို မမှီနိုင်ခဲ့ပါဘူး
ချစ်သူနဲ့ ဝေးရတော့မယ့် အသိ
ရင်မှာ မီးတောင်ပေါက်ကွဲစေခဲ့ပြီး
စီးဆင်းနေတဲ့ သွေးတွေ
ချော်ရည်အဖြစ် ပြောင်းလဲကုန်လို့
လွမ်းရစ်ခဲ့လေးပြီး ချစ်သူ . . . . . . . . . .

ဖတ်နေတဲ့ ၀တ္တုတစ်အုပ်
ရင်ထဲက နွှမ်းလျှမှုကို မဖြူစင်စေနိုင်ခဲ့ဘူး
ဝေးရတော့မယ့် ချစ်သူ့အပြုံး
ကြည်နူးမှု အားလုံးကို သိမ်းယူသွားခဲ့ပြီးလေ
ဦးနှောက်က နာဗ့်ကြောတွေက
ရယ်မောခြင်းကို မေ့လို့
လွမ်းရစ်ခဲ့ပြန်ပြီးချစ်သူ . . . . . . . . . .

ကြားနေရတဲ့ သီချင်းသံက
ရင်ထဲက ရှုပ်ထွေးမှုကို
မသာယာစေခဲ့ဘူး
နားဆင်ခွင့်မရတော့မဲ့
ချစ်သူ့ စကားသံ
ချိုမြိန်မှုတွေကို ခါးသက်စေခဲ့တယ်
နားထဲတိုးဝင်လာတဲ့ တေးသံတွေက
သာယာမှု ကင်းမဲ့နေစေလို့
လွမ်းရစ်ခဲ့ပြန်ပြီး ချစ်သူ . . . . . . . . . .

ကင်းတဲက သံချောင်းခေါက်သံ
အိပ်မပျော်တာကို သတိပေးသလိုပါပဲ
သက်ပြင်းလေပူတွေကို မှုတ်ထုတ်
မျက်လုံးကို ဇွတ်မှိတ်လိုက်တော့
ချစ်သူ့မျက်နှာ မြင်ယောင်လာလို့
အဘယ်မှာ အိပ်လို့ရတော့မလဲ ချစ်သူ
လွမ်းရစ်ခဲ့ပြန်ပြီး ချစ်သူ . . . . . . . . . .

0 comments:

Post a Comment