အဖေ…
လရောင်ဆမ်းတဲ့ညမှာ၊ တမ်းတလို့လွမ်းရပါသည်
ကစ္စပနဒီမြစ်ကမ်း၊ အခုတော့လဲအလှမ်းဝေးရပေါ့
နွမ်းလျှတဲ့နေညိုညိုမှာ၊ အရင်လိုဖေ့အိမ်ပြန်လမ်း
မမှန်းနိုင်တော့ပြီအဖေ..
ညနေရီတွေမှာ ကြယ်တွေကိုမော့ကြည့်လို့ အဖေ့ပုံပြင်တွေကို နားထောင်ဖူးခဲ့တယ်.. အဖေ။
အဖေ ပေးခဲ့တဲ့ သောင်္ကြာကြယ်ဟာ ပစိဖိတ်ရေပြင်ထက်မှာလဲ ထွန်းလင်းနေဆဲပဲ.. အဖေ။
အဖေပြောသလို သစ်ကိုင်းပေါ်မှာထိုင်နေတဲ့ ငွေရောင်ဇီးကွက်တစ်ကောင်လို နေထိုင်တတ်ဖို့ ကြိုးစားခဲပေမယ့်…
လွဲချော်နေတဲ့ သားတစ်ယောက် ဖြစ်နေတုန်းပဲ.. အဖေ။
အဖေ…
နွေကန္တာခရောင်းလမ်း၊ ပန်းမခင်းထားလဲ
မလွဲတဲ့ဆုံးမစကား၊ အမြဲလိုအမှတ်ရ
ညအခါဆီမီးခွက်လို၊ လမ်းအိုရဲ့ထောင့်ကလင်း
အလျှင်းသင့်လွန်းပါသည်အဖေ…
Monday, September 7, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment