Wednesday, February 3, 2010

နစ်သစ်ကူး

ဒီဇင်ဘာလသို့ ရောက်လာပေပြီ.....

နှစ်စဉ် ကမ္ဘာတစ်ဝှမ်းနိုင်ငံတိုင်းတွင် လူမျိုးမရွေးဘာသာမရွေး၊ အနှံ့ အပြားအကြီးအကျယ် ကျင်းပကြသော နှစ်သစ်ကူးပွဲတော် ၊ နှင့်  ခရစ်ယာန်ဘာသာဝင်များရော၊ ခရစ်ယာန်ဘာ သာဝင်မဟုတ်သူများပါ အထူးသဖြင့် လူငယ်များ ပျော်ရွှင်စွာကျင်းပဆင်နွှဲကြသော ခရစ်စမတ် ပွဲတော်ကားနီးကပ်လာချေပြီ....

ထိုထိုနေ့ များတွင် လူငယ်များပီပီ လွတ်လွတ်လပ်လပ်ဖြင့် ပျော်ရွှင်စွာဖြင့် မိမိတို့ ဆန္ဒရှိ သလို ပျော်ရွှင် ဆင်နွဲကြရာမှ ၊ အပျော်လွန်ကာ ဘ၀ပျက်ခဲ့ ရသော မိန်းကလေးများ၏ အဖြစ်အပျက်များကား ရေးပြလို့ ပင် မကုန်နိုင်အောင် များပြားလှချေ၏....

လောလောဆယ်နမူနာအနေဖြင့် ပြောပြရလျှင်....
ဒူဘိုင်းတွင်ပင် ကျော်မကောင်း၊ကြားမကောင်းဖြစ်သွားခဲ့ ရသော ....
ငယ်ရွယ်သူအရောင်းစာရေးမြန်မာမလေးတစ်ဦး သူ၏ မိတ်ဆွေ အိမ်ထောင်ရှင်အမျိုးသားတစ်ဦးဖြစ်သူ တိုင်းရင်းသားကောင်လေးတစ်ဦးနှင့်  ခရစ်စမတ်ပွဲတော်ကို ဒူဘိုင်း၏ နာမည်ကျော် Beach တွင် နှစ်ကိုယ်တည်း ကျင်းပခဲ့ ရာ အရက်၊ ဘီယာသောက်စားပြီး၊ အရှိန်လွန်ကာ အများပြည်သူမြင်ကွင်းတွင်ပင် အသိတရားမရှိတော့ ပဲ အချစ်စခန်းဖွင့် ကာ အချစ်နယ်ကျွံမိခဲ့ ကြသဖြင့်  ရဲဖမ်းခံရကာ ထောင်၊ အချူပ်ကျပြီး အရှက်တကွဲ၊ ကိုယ်ကျိုး
နည်းခဲ့ ရသည်က ပူပူနွေးနွေးအဖြစ်အပျက်ပင်....

ယုတ်ညံ့ သည့် သုံးတောင်ဝတ်ကျားတစ်ချို့ ကလည်း မွေးနေ့ အကြောင်းပြ၊ ဟိုအကြောင်း ပြ၊ ဒီအကြောင်းပြနှင့် ပါတီပွဲ၊ နှုတ်ဆက်ပွဲ၊ ဧည့် ခံပွဲ အမျိုးမျိုးလုပ်ကာ အလိုရှိသောအမျိုး သမီးများအား အရက်၊ ဘီယာ မူးအောင်တိုက်ပြီး ကြံစည်တတ်ကြပေသေးရာ ....
မိမိကိုယ်ကို တန်ဖိုးထားတတ်သော ဂုဏ်သိက္ခာရှိသည့် အမျိုးသမီးများအနေဖြင့် သတိပြုရှောင်ရှားသင့် လှပေသည်...

သူတို့ လို လူမသိ၊ သူမသိနှင့်  မိမိချစ်ကြိုက်၊ လက်ထပ်ရန်မရည်ရွယ်ပါပဲလျက် အစမှာတော့  အပျော်သဘောနှင့် သောက်ခဲ့ ပြီးနောက်ပိုင်းတော့ အပျော်လွန်ကာ အမူးလွန်ပြီး တစ်စိမ်းတစ်ရံစာ ယောကျာင်္းလေးတစ်ယောက်၏ ကုတင်ထက်ဝယ် ဘ၀ပျက်ခဲ့ ကာ ဖြစ်မိမှတော့ မထူးတော့ ပါဘူးဟူ၍ မထူးဇတ်ဆက်ခင်းနေကြသူ မိန်းကလေးများကား ရေတွက်လို့ ပင် ကုန်ခန်းနိုင်ဖွယ်မရှိပေ....

မိမိ၏ စဉ်းစားဆင်ခြင်နိုင်စွမ်းကို အမှန်တစ်ကယ်ပင် ပျက်ပြားယုတ်လျော့ စေသောအရက်၊ဘီယာ ကား မြန်မာအမျိုးသမီးများအတွက် တစ်စိမ်းယောကျာင်္းလေးများနှင့် အတူ မည်သည့် အခါမျှ ၊ မည်သို့ သောအကြောင်းပြချက်ဖြင့် မသောက်စားသင့် ကြောင်း အထက်ပါ နမူနာအဖြစ်အပျက်နှင့် အောက်ပါ ဓါတ်ပုံများက သက်သေခံနေပေတော့ သည်....
သူတို့ ဆီမှာ ဘီယာ၊အရက်နှင့် ဖက်ပြီးကြီးပြင်းလာသည်ဟု ပြောလို့  ရသည့် မိန်းကလေးများပင် ဓါတ်ပုံထဲတွင် မြင်တွေ့ ရသည့် အတိုင်းဖြစ်ကြရလျှင် အတွေ့ အကြုံနုနယ်သည့်  အူရိုင်း အာရှသူမိန်းကလေးများ ဆိုလျှင်တော့ ပြောဖွယ်မလိုတော့ ပြီ...

ဆင်ခြင်သုံးသပ်နိုင်ရန်အလို့ ငှာတင်ပြသည်မို့ တစ်ချို့ ပုံများ အနည်းငယ်အမြင်မတော် သည်များကို တော့ ခွင့် လွှတ်စေလိုပါသည်.... တွေးတောဆင်ခြင်နိုင်ပါစေသတည်း...




ပထမ တော့ ပျော်ပျော်ပါးပါး....နောက်တော့  တော်တော်များများ....



လောကကြီးကိုမေ့ အောင်သောက်တော့  .....
ကျားသနားမှနွားချမ်းသာရမယ့် ဘ၀ကိုရောက်တာပေါ့ 



စိတ်ကူးထဲတော့ ပျော်မြူးစရာပေါ့ ....
လက်တွေ့ မှာတော့ ....



နောက်ဆုံးတော့ .....အိမ်သာအိုးထဲမှာခေါင်းစိုက်
မိုက်လိုက်တဲ့ ဖြစ်အင်......




အင်း.....လူတင်မက....ခွေးတောင် အဆစ်ပါလေဦးမလား !!!....



ကိုယ်မသိတဲ့ တစ်စိမ်းယောကျာင်္းလေးအခန်းမှာများအဲဒီလိုဖြစ်ခဲ့ ယင်....
မဖြစ်ဖူးတော့ မပြောနဲ့ နော်....
ဒီဓါတ်ပုံကိုသာကြည့် ပေတော့ .....



ဟီရိသြတပ္ပ....အရှက်ဆိုတာ ဘာလဲ.....


ခန်းဆောင်နီအိပ်မက်...
တွတ်ကောဒဲ့ ရော ၀င်လေပြီ....



သူ့ အတွက်တော့ ကြယ်ငါးပွင့် ဟိုတယ်မှာ အိပ်နေရသလိုပါပဲ....



ဘုန်းမယ့် သက်လျာ....အုံးစက်ခဲ့ တာ....


ကျားဆိုသည်ကား.....



တော်ပါပြီ...နောက်တစ်ခါတော့ ....ကြောက်ပါပေါ့ ....



ပြန်ပြောပြဖို့ တော်တော်ခက်လိမ့် မယ်....


ပလက်ဖောင်းခေါင်းအုံး....ဓါတ်တိုင်သေးပန်း...ဘ၀မျိုးလည်းရောက်တတ်တယ်....



အမဲဖျက်မယ်....စွဲမက်ဖွယ်.....


တို့ ကတော့ တို့ ကတော့ .....
ကြွေဘုံပေါ်မှာ အန်ရ....မဟန်လှတဲ့ ဘ၀...


အကြင်နာပိုကာရယ်....ပျော်စရာဆိုတာရယ်....


ကိုကိုရေ ဖက်ထား....အိမ်သာခွက်နား....


အရက်ဆိုသည်မှာ....ခံစားမှုများနဲ့ ဆန်းကြယ်တဲ့ အရာ....


နောက်ဆုံးတော့  ဘ၀အတွေ့ အကြုံစုံလှ၊ ရင့် ကျက်လှပါပြီဆိုတဲ့ ဘွားဘွားလည်း ဘီယာအရက်နဲ့ တွေ့ တော့  ကွဲပြီး၊ ကဲတာပါပဲ....
ညီမလေးတို့ လောက်တော့ စာမဖွဲ့ လောက်ပါဘူးနော်...

Credits@ ကိုပီတာ ဘလော့ခ် မှ ကူးယူဖေါ်ပြသည်။

0 comments:

Post a Comment