Thursday, September 30, 2010

လေပြည်ကလေးပဲ ဖြစ်ချင်ခဲ့တာပါ

ချစ်သူရေ …

တစ်နေ့ထက်တစ်နေ့

ကုန်လွန်လာလဲ …

ရိုးသားခြင်းနဲ့ တွဲခဲ့တဲ့

ငါတို့ လက်တွေ

မြဲနေဖို့ပဲ … ဆုတောင်းမိခဲ့တယ် ။


နေကြာတွေ ပွင့်တိုင်း

အလွမ်းတွေရင့် လာပေမယ့် …

ဟိုးဝေးဝေးက နင့် ဆီ

သစ္စာတရားတွေပဲ

လက်ဆောင်ပေးချင်မိတယ် … ။


ယုံကြည်ပါ ချစ်သူ …

နင့်အတွက် ငါ …

ကြယ်တွေဆွတ်ခူးမပေးနိုင်ပေမယ့်

နှင်းပွင့်တွေလို အေးမြခြင်းတွေ

ရင်ထဲထည့်ပေးချင်မိတယ် … ။


ချစ်သူ ရဲ့ အိပ်စက်ခြင်းဆီ

နှင်းဆီရနံ့တွေ သယ်ဆောင်လို့

ရွှေရောင်အိပ်မက်တွေ …

ဖန်ဆင်းပေးတဲ့ …

လေပြည်ကလေးပဲ ဖြစ်ချင်ခဲ့တာပါ ။

0 comments:

Post a Comment