Thursday, September 30, 2010

အခုချိန်ထိ ကြိုးစားနေဆဲပဲ ချစ်သူ

နင့်နှုတ်ခမ်းက
ရက်စက်တဲ့စကား
သေတာထက်တောင်ဆိုးတယ်
မလှလို့ဖယ်ခွာ
ကွဲကြေ အသည်း
အလှစစ်ဆိုတာ
ကိုယ်ကျင့်တရားကောင်းမွန်ခြင်းနှင့်
စိတ်ထားဖြူစင်ခြင်း
နင်မသိတာဆိုးတယ် ချစ်သူ
ရက်စက်ပါ
ထားခဲ့ပါ
ရူပကာမလှပေမယ့်
ချစ်တာပြိုင်မယ်ဆို
တစ်လောကလုံးနဲ့
ငါပြိုင်ရဲတယ်
ချစ်သူ. . .
အရှေ့ဆီမှာရှိတဲ့ အနာဂတ်လမ်း
ရင်ကွဲရင်း လျှောက်လှမ်းဖို့
ခြေနှစ်စုံဟာ အားအင်မဲ့နေတယ်
ရင်ကိုပစ်ခွင်းလိုက်တဲ့ စကားဗုံးဟာ
နေမကောင်းဖြစ်ပြီး
အိပ်ယာထဲ ခွေလဲစေတယ်. . .
ချမ်းလွန်းတဲ့ ဒီဇင်ဘာ
ငါမချမ်းနိုင်
ပူလောင်နေရတယ်
နင်မရှိလည်း
နေသားကျတတ်ဖို့
အခုချိန်ထိ ကြိုးစားနေဆဲပဲ
ချစ်သူ. . . ။ ။

0 comments:

Post a Comment