Thursday, September 30, 2010

ကြယ်ကြွေချိန်ကို

နေ့စဉ်၇က်ဆက် သန်းခေါင်ညနက်
အိပ်မ၇ခြင်း မြက်ခင်းတစ်ခုမှာ
စိတ်လွတ်ကိုယ်လွတ် အတွေးလင့်မျှော၇င်း
ကာ၇ံမညီညာ ငါ့အာ၇ုံက
ရှာဖွေခံစား ကြယ်စင်ကြားမှာ
စိတ်ကူးနဲ့ ၇ွက်လလွင့်
အတွေးတွေက နယ်လွန်
အသိစိတ်က ထိန်းချုပ်မ၇
ပျော်မွေ.၇ာ အတွေးနယ်ထဲမှာ
စိတ်အ၇ည်ပျော် ချာ၇ပတ်လည်၇င်း
ကြယ်ကြွေချိန်ကို မသိလိုက်တဲ့ငါ..........

စိတ်

ဦးဇင်းကျောင်းဘေးကပ်ရက်မှာ ရေကန်ကြီးတစ်ခုရှိပါတယ်။ ကန်ထဲမှာ မိုးတွင်းဆိုဟိုကဒီကရောက်လာကြတဲ့ ငါးတွေနဲ့ဆိုတော့ ငါးအင်မတန်ပေါပါတယ်။ ငါးကျည်း ငါးဖယ် ငါးပြေမ ငါးဘတ် ငါးခူ ငါးရံ့ ငါးကြင်းစုံလို့ပါပဲ။ ကိုယ်မသိတဲ့ငါးတွေလဲ အများကြီးပါပဲ။

နေ့စဉ်မနက်(၇)နာရီလောက်ဆိုရင် ငါးမျှားသူတွေရောက်လာကြပါပြီ။ ငါးမိလို့ဝမ်းသာအားရသူတို့ အော်လိုက်တဲ့အသံများဟာ မနက်ခင်းကို တော်တော်အကျည်းတန်သွားစေခဲ့ပါတယ်။ မနက်တိုင်းနေ့စဉ် ဒီသတ်ဖြတ်သံတွေကြားနေရတာ တကယ်ကို စိတ်ဆင်းရဲမိပါတယ်။

ဒါနဲ့ `` မင်းတို့ကြည့်ရတာ အသက်လေးတွေလဲ (၂၀)ကျော်လေးတွေလောက်ပဲ ရှိပါသေးတယ်။ တစ်နေကုန်မျှားလို့ ငါးကဘယ်လောက်ရမှာလဲ အခြားအလုပ်လေးမလုပ်ချင်ကြဘူးလား´´မေးမိပါတယ်။ ကိုယ်က မင်းတို့လာမျှားကြနဲ့ ပြောရင်လည်းရပေမဲ့ အဲလိုကျတော့လည်း မပြောရက်ပါဘူး။ တော်ကြာ ဒီငါးမျှားမှ ထမင်းစားရတဲ့မိသားစုတွေ ဖြစ်နေမှာမို့ပါ။

``လုပ်ချင်ပါတယ်ဘုရား ဒါပေမဲ့ တပည့်တော်တို့က ဘွဲ့ရဖို့မပြောနဲ့ ဆယ်တန်းတောင်မအောင်ခဲ့တော့ ဘယ်သူကမှအလုပ်မပေးချင်ဘူး ဘု၇ား´´တဲ့။

``ငါအလုပ်ရှာပေးလို့ အလုပ်ရရင်လုပ်မလား´´လို့ မေးကြည့်တော့ လုပ်မယ်ဆိုတာနဲ့ အသိဒကာတစ်ယောက်ရဲ့ အလုပ်ထဲထည့် ပေးလိုက်ရပါတယ်။ အေးသွားမလားမှတ်တာ မအေးသေးပါဘူး။ နောက်နေ့မနက်လည်း လာမျှားနေတဲ့သူကရှိနေပါသေးတယ်။ သူတို့ကတော့ ``အပျင်းပြေ´´လာမျှားတာပါတဲ့။ အလုပ်လဲရှိပါတယ်တဲ့။

ဒီလောက်အပျင်းဖြေစရာတဲ့ ပေါများတဲ့ခေတ်ကြီးထဲမှာ ``သူတစ်ပါးကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ပြီးတော့ အပျင်းဖြေတာကတော့ လွန်ကိုလွန်လွန်းလှပါတယ်´´။ ကျန်တဲ့အပန်းဖြေနည်းက ပိုက်ဆံမတတ်နိုင်လို့နေမှာပေါ့ဆိုရအောင်လည်း သိန်းသုံးလေးရာကားစီးပြီး ငါးလာမျှားကြတဲ့သူတွေပါ။

ဒါနဲ့ ``ငါးတွေဗိုက်ဝရင်တော့ သူတို့ချိတ်က အစာကိုမစားတန်ကောင်းပါရဲ့´´လို့ တွေးမိပြီး မနက်တိုင်းနေ့စဉ် ငါးစာကျွေးလာတာ တစ်နှစ်လောက်ရှိပါပြီ။ ``အစားတစ်လုပ်ကို အသက်နဲ့ရင်းပြီးစားနေကြရတဲ့ ငါးတွေကို မကြည့်ရက်လို့ပါ´´

ကိုယ်ကလည်း အကြောင်းကြောင်းတွေကြောင့် ဆွမ်းခံမထွက်နိုင်တော့ ဆန်နို့ဆီဗူးတစ်လုံးကို ပေါင်းအိုလေးနဲ့ချက်ပြီး ရွာကအမေပို့ပေးတဲ့ အကြော်အလှော်လေးနဲ့ စားပါတယ်။ ဆန်နို့ဆီဗူးတစ်လုံးကုန်အောင် မစားနိုင်ပါဘူး။ တစ်ဝက်ပဲကုန်ပါတယ်။ ကျန်တစ်ဝက်က ကြွက်ကျွေးတာပါ။ သူတို့ကလည်း မကျွေးလို့မဖြစ်ပါဘူး။ မကျွေးရင် စာအုပ်တွေကို ကျောင်းသွားနေတုန်းကိုက် ဖြတ်ထားလိုက်ကြတာ မွစာကြဲလို့ပါပဲ။

အခုတော့ ငါးတွေပါကျွေးနေရတော့ တစ်နေ့ဆန်နို့ဆီဗူးနှစ်လုံး ချက်ရပါတယ်။ ငါးကများတော့ တစ်လုံးချက်လောက်ကွှေးမှ ၀ကြမယ်ထင်လို့ပါ။

တစ်နေ့ကကျောင်းကို သူငယ်ချင်းတစ်ယောက်လာလည်တော့ ငါးကျွေးတာကိုမြင်ပြီး ``ကိုခေမာက ဘုန်းကြီးပြီး လာဘ်လာဘပေါချင်လို့လား´´တဲ့။ မဟုတ်ဘူးပြောပေမဲ့လည်း မယုံတာနဲ့ ကိုယ်တော်က ဘာလို့အဲလိုတပည့်တော်ကို ပြော၇တာလည်းလို့ ပြန်မေးမိတော့ သူကဇာတ်လမ်းတစ်ပုဒ်ကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောပြပါတယ်။ အဖွဲ့အနွဲ့များကို ဖယ်ရှားပစ်လိုက်ပါက သူပြောတဲ့ဇာတ်လမ်းက အခုလိုမျိုးပါ.....။

တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ရောဟဏဆိုတဲ့ ဇနပုဒ်လေးတစ်ခုရှိပါတယ်။ အဲဒီဇနပုဒ်ဘေးနားမှာ ကပ္ဖန္တရဆိုတဲ့ မြစ်တစ်ခု လည်းရှိပါတယ်။ မြစ်ဘေးနားမှာ ဥတ္တရာဝိဟာရဆိုတဲ့ ကျောင်းတိုက်တစ်တိုက်ရှိပါသေးတယ်။

ထိုကျောင်းမှာ ``ဂုရုဒေ၀´`ဆိုတဲ့ သူတောင်းစားတစ်ယောက်ရှိပါတယ်။ သူကရဟန်းတော်တွေဆီက အကြွင်းအကျန်းလေးတွေ တောင်းစားပြီး ဘာကိုမျှမလုပ်ပဲ အိပ်လိုက်စားလိုက်နဲ့ နေ့ရက်တွေကို ဖြုန်းတီးနေသူတစ်ယောက်ပါ။

တစ်နေ့တော့ မထေရ်ကြီးဟာ ကျောင်းစဉ်လှည့်လည်ရင်းနဲ့ သူ့ကိုမြင်သွားပြီး ``ဒီသတ္တ၀ါသေရင် ဘယ်ဘ၀ကိုရောက်မှာပါလိမ့်´´ဆိုပြီး ဆင်ခြင်ကြည့်တော့ ခုနှစ်ရက်နေရင်သေပြီးတော့ ငရဲမှာဖြစ်မယ်ဆိုတာ သိတော်မူပါတယ်။ သူ့ကိုသနားတာနဲ့ ခေါ်ပြီးတော့ ဆုံးမတော်မူပါတယ်။

``သင်ဟာ ဟိုဘ၀က ကုသိုလ်ကောင်းမှုများမပြုခဲ့လို့ ဒီဘ၀မှာ မိဘမရှိ ညီအစ်ကိုမောင်နှမမရှိ ဆွေမရှိမျိုးမရှိနဲ့ဖြစ်ရတယ်။ေ၇ွှငွေဥစ္စာရတနာလည်းမရှိ၊ မိတ်ကောင်းဆွေကောင်းလည်းမရှိ၊ အားကိုဖွယ်ရာ ဆရာကောင်းသမားကောင်းလည်းမရှိဘူး၊ မင်းဝတ်ထားတဲ့ အ၀တ်အစားကလည်း ရွံစရာတောင်ကောင်းနေပါပြီ။´´

``မင်းမှာ ဖျာတောင်မရှိလို့ မြေကြီးဘာမှမခင်းပဲ ဒီအတိုင်းအိပ်ရတယ်။ အိမ်တကာချာချာလှည့်တောင်းပြီးတော့ အသက်မွေးရတယ်။ မင်းပုံစံက အရိုးဂေါက်ဂက်နဲ့ အဆီမရှိအသားမရှိတဲ့ ပြိတ္တာတစ်ကောင်နဲ့ တူနေပြီ။ သူများတွေက စားကောင်းသောက်ဖွယ်တွေ စားနေတာမြင်ရင် မျှော်ငေးကြည့်ပြီးတော့ ကိုယ့်တံထွေးကိုမျိုချပြီး အာသာဖြေရတယ်။ ဒါတွေဟာ မင်းဟိုဘ၀က ဘာကုသိုလ်ကောင်းမှုမှ မလုပ်ခဲ့လို့ ဖြစ်ရတာတွေပဲ´´

``နောက်ဘ၀မှာ အစီးအပွါး၏ အထောက်အပံ့ဖြစ်အောင် အကျိုးစီးပွါးဖြစ်စေတတ်တဲ့ အကြောင်းကောင်းမှုကို မပြုပဲ စားပြီးအိပ်နေတယ်၊ ဘ၀သုံးပါး၌ သင်နှင့်တူသော ကိုယ်၏ရန်သူသည် မရှိခဲ့ပါတကား..´´
(ဒီဘ၀ဒါလောက်ဆင်းရဲမွဲတေနေတာတောင် နောက်ဘ၀ချမ်းသာအောင် ဘာကုသိုလ်မှ မလုပ်ပဲစားပြီးအိပ်နေတယ်။ သင်သာလျှင် သင့်ဘ၀ကို ဖျက်ဆီးပစ်နေသူပဲ။ ဒါကြောင့် သင့်ရဲ့ရန်သူဟာ သင်သာဖြစ်တယ်လို့ ပြောလိုရင်းပါ)

``တပည့်တော်လို မွဲတေနေသူတစ်ယောက်က ဘယ်လိုကုသိုလ်များ လုပ်နိုင်မှာလဲဘုရား၊ လုပ်နိုင်တဲ့နည်းလေးရှိရင် အရှင်ဘုရားပြောပြပါ´´ လို့ သူတောင်းစားက ပြန်ပြီးလျှောက်လိုက်ပါတယ်။

``ကျောင်းဘေးက မြစ်ထဲမှာ ငါးပေါင်းများစွာ နေထိုင်ကြတယ်၊ အဲဒီငါးတွေကို နေ့စဉ်မင်းစားပိုတဲ့ အကြွင်းအကျန်များကို ကျွေးပါ၊ ပြီးရင် ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းပါ၊ ဒါဆိုရင် မင်းချမ်းသာပါလိမ့်မယ်´´လို့ မိန့်ကြားပြိး အနားကထွက်သွားခဲ့ပါတယ်။

ရဟန်းတော်ညွှန်ပြတဲ့အတိုင်း ပြုလုပ်တဲ့ သူတောင်းစားဟာ ခုနှစ်ရက်နေတော့သေပြီး မဟာဂါမမြို့အနီးက ချမ်းသာတဲ့အိမ်တစ်အိမ်မှာ လူဖြစ်ပါတယ်တဲ့။ နောက်ပိုင်းသူဟာ ဒုဋ္ဌဂါမဏိမင်းရဲ့ အားကိုးခြင်းကိုခံရတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်သွားပြီး ဒုဋ္ဌဂါမဏိမင်းနဲ့ အတူ ဥပုသ်စောင့်ထိန်း ဒါနမှုကိုပြုပြီး သေတော့ နတ်ပြည်မှာ ဖြစ်သွားရပါတယ်တဲ့။

ကိုယ်က ဒီဇာတ်လမ်းကို ကြားဘူးသိဘူးလို့ အားကျပြီး ဒီအလုပ်ကို လုပ်နေတာမဟုတ်ပေမဲ့ သူကအခုလိုပြောပြတော့လည်း ကိုယ့်အလုပ်ကိုတွေးပြီးတော့ ၀မ်းသာကြည်နူးသွားရတာတော့ အမှန်ပါ။

တကယ်တော့ ဒီဇာတ်လမ်းလေးကို သူမပြောခဲ့ရင်လည်း ဒီကျောင်းမှာ နေထိုင်တဲ့ ကာလပတ်လုံး ဒီငါးတွေကို ကျွေးမွေးသွားမယ်လို့ အစကထဲက စိတ်ကူးရှိခဲ့ပြီးသားပါ။

``သတ္တ၀ါအများ သူတစ်ပါးတို့၏ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရခြင်းဘေးမှ တစ်နေ့တစ်ခြား ကင်းဝေးနိုင်ကြပါစေ´´

သင်ချစ်ခင်မြတ်နိုးနေတဲ့သူပေါ့...

နောင်နောင်ddddddddddddddddddddDo you know that there is some ways which can tell WE FALL IN LOVE
with SOMEONE OR NOT? Don't believe? Pls look up to end of this
message.
တစ်စုံတစ်ယောက်ကို နှစ်သက်မြတ်နိုးနေပါသလား ဆိုတာကို သိနိုင်တဲ့
နည်းလေးတွေ ရှိပါတယ်.. မယုံရင် ဒီစာအဆုံးထိ ဖတ်ကြည့်ပါ....

Enjoy and SEE WHAT IS INSIDE YOUR HEART!!!!
သင့်နှလုံးသားထဲမှာ ရှိနေတာကို မြင်အောင်ကြည့်ရင်းပျော်ရွှင်ပါစေ...

AM I IN LOVE?

When you are together with that special someone, you pretend to ignore
that person. But when that special someone is not around, you might
look around to find them.
At that moment, you are in love.
တစ်စုံတစ်ယောက်နဲ့ အတူရှိနေစဉ်မှာ သူ့ကို ဂရုမစိုက် လျစ်လျူရှုချင်ယောင်
ဆောင်ထားပေမယ့် သူ သင့် အနားမှာ မရှိတဲ့အခါ သူ့ကို ဟိုဟိုဒီဒီ
ရှာဖွေနေမိပါတယ် ၊ အဲဒါဆိုရင် သင် သူ့ကို နှစ်သက်မြတ်နိုးနေလို့ပါပဲ.....

Although there is someone else who always makes you laugh,
your eyes and attention might go only to that special someone.
Then, you are in love.
သင့်ကို အမြဲရယ်မောပျော်ရွှင်အောင် လုပ်ပေးမယ့် သူ သင့်နံဘေးမှာ ရှိနေသော်လည်း
သင့် မျက်ဝန်းတစ်စုံနဲ့အာရုံက တစ်စုံတစ်ယောက်ဆီမှာပဲ ရောက်နေတယ်ဆိုရင်
သင် အဲဒီတစ်စုံတစ်ယောက် ကို နှစ်သက်မြတ်နိုးနေလို့ပါပဲ

Although that special someone was supposed to have called you long
back, to let you know of their safe arrival, your phone is quiet.
You are desperately waiting for the call!
At that moment, you are in love.
ခရီးရှည်ကနေပြန်လာတဲ့ တစ်စုံတစ်ယောက် က သူ ကောင်းမွန်စွာရောက်ရှိကြောင်း
သင့်ထံ ဖုန်းဆက်ဖို့ အချိန်တန်နေချိန်မှာ
သင့်ဖုန်းလေးဟာ တိတ်ဆိတ်ငြိမ်သက်နေပြီး
သင်ဟာ အဲဒီတစ်စုံတစ်ယောက်ရဲ့ ဖုန်းခေါ်သံကို စိတ်ပင်ပန်းစွာ
စောင့်မျှော်နေရတယ်ဆိုရင်
သင် ဟာ အဲဒီတစ်စုံတစ်ယောက်ကို ချစ်ခင်မြတ်နိုးနေလို့ပါပဲ..

If you are much more excited for one short e-mail from that special
someone than other many long e-mails,
you are in love.
တခြားသောသူတွေရဲ့ မေးလ်ရှည်ရှည်တွေထက် တစ်စုံတစ်ယောက်သောသူရဲ့ မေးလ် က
တိုပင်တိုငြား သင့်အား စိတ်လှုပ်ရှားစေအောင် စွမ်းဆောင်နိုင်တယ်ဆိုရင်လည်း
သင်ဟာ အဲဒီတစ်စုံတစ်ယောက်ကို ချစ်ခင်မြတ်နိုးနေလို့ပါပဲ...

When you find yourself as one who cannot erase all the
emails or SMS messages in your phone because of one message
from that special someone, you are in love.
အဲဒီတစ်စုံတစ်ယောက်ကပို့ထားတယ်ဆိုတဲ့ အသိနဲ့ သူပို့ထားတဲ့ မေးလ်
ဒါမှမဟုတ် SMS message တွေကို ဖျက်ပစ်ဖို့ သင့်မှာ ခွန်အားမရှိဘူးဆိုရင်
သင်ဟာ သူ့ကို ချစ်ခင်မြတ်နိုးနေလို့ပါပဲ....

When you get a couple of free movie tickets, you would
not hesitate to think of that special someone.
Then, you are in love..
ရုပ်ရှင် လက်မှတ်နှစ်ဆောင် မေတ္တာလက်ဆောင်ရချိန်မှာ အဲဒီ
တစ်စုံတစ်ယောက်ကို မတွေမဝေဘဲ ချက်ချင်းတွေးမိတယ်ဆိုရင် သင်ဟာ သူ့ကို
ချစ်ခင်မြတ်နိုးနေလို့ပါပဲ...

You keep telling yourself, "that special someone is just a friend",
but you realize that you can not avoid that person's special
attraction. At that moment, you are in love.
သူငယ်ချင်းတွေပါ လို့ သင့်ပါးစပ်ကတဖွဖွပြောနေပေမယ့် အဲဒီတစ်စုံတစ်ဦးရဲ့
လှုပ်ရှားမှုပုံရိပ်တွေထဲက ရုန်းမထွက်နိုင်ဘူးဆိုရင် သင်ဟာ သူ့ကို
ချစ်ခင်မြတ်နိုးနေလို့ပါပဲ....


***While you are reading this mail, if someone appears in your mind,
then u are in love with that person...;))
သင် ဒီမေးလ်ကို ဖတ်နေချိန်မှာ သ့င်စိတ်ထဲပေါ်လာတဲ့သူဟာ
သင်ချစ်ခင်မြတ်နိုးနေတဲ့သူပေါ့...

မိုးပြေးလေး

ကိုယ့်ကမ္ဘာဆီကို ၊ ဖိတ်မခေါ်ပါပဲ

ရောက်ရှိလာတဲ့ ၊ မိုးပြေးလေးရေ

ကန္တာရလို ၊ ကိုယ့်နှလုံးသားမှာ

သာသာယာယာ ၊ စိုပြေစွာနဲ့

အချစ်ပန်းများ ၊ လန်းဆန်းရန်အတွက်

အကြင်နာမိုးများ ၊ ရွာသွန်းခဲ့ပြီ ..............။


ကြင်နာမိုး၏ ၊ ယုယမှုကြောင့်

ချစ်ပန်းများစွာ ၊ ၀င့်ကြွားကာရယ်

စီရီဝေဆာ ၊ ပွင့်ဖူးကာဝယ်

ကြမ္မာမုန်တိုင်း ၊ လေပွေရိုင်းကြောင့်

မျော်လင့်ခြင်း ၊ မိုးတိမ်များရယ်

မနှင်ပါပဲ ၊ ဟိုအဝေး

ဟိုအဝေးသို့သာ လွင့်ပါးခဲ့ပေါ့ ............။

တသက်လုံး မင်းကို ချစ်လို့သွားမှာပါပဲလေ

အခန်း (၁)


သူမကို စတွေ့သော နေ့က မိုးမရွာပါ …… နေမပူပါ ….. လေမတိုက်ပါ…….
ပုံမှန်အတိုင်း စီးဆင်းနေသော ….. ပုံမှန်နေ့ကလေး တစ်နေ့သာ ဖြစ်ပါသည်။
ထိုနေ့က VG ၏ Drama Show ရှိသော နေ့ကလေး ဖြစ်ပါသည်။ အရာရာတိုင်းသည်
ပုံမှန်အတိုင်းပင် ဖြစ်ပွားနေပါသည်။ မနက်လင်းလင်းချင်း ညီတော်မောင်လုပ်သူ
ကောင်းထက်က Drama Show တွင် မင်းသား လုပ်ရမှာ ဖြစ်သောကြောင့်
အ၀တ်အစားများကို ပြင်ဆင်ပေးရင် အဆောင်ပေါ်သို့ အန်တီက ကောင်မလေး
နှစ်ယောက်ကို ခေါ်လာသည်။ ထိုကောင်မလေး နှစ်ယောက်အနက် တစ်ယောက်က
အန်တီအဖွားလေး တူမဖြစ်ပြီး ကျန်တစ်ယောက်ကို အကြည့်………………………
.ကျွန်တော့်ရင်တို့ တဆတ်ဆတ်တုန်သွား…..
ကောင်းကင်က ကြယ်စင်တွေ တဖြုတ်ဖြုတ်ကြွေဆင်း………
အားလုံးသော အလှတရားတို့ ဒူးထောက်လဲကျ…….
အေးမြတဲ့ လေပြေတစင်းနဲ့ အတူ……
ကျွန်တော့်နှလုံးသားက နာမည်တစင်းကို မွေးဖွားပေးခဲ့ပါသည်…။
“ လမင်းလေး” …….. ဟုတ်တယ်…
“ လမင်းလေး” ….ကျွန်တော့်ဘ၀ရဲ့ လမင်းလေးပဲ………
လမင်းလေးဟု ကျွန်တော် Nick Name ပေးခဲ့သော ထိုကောင်မလေးကို
ခဏတဖြုတ်အတွင်းမှာ စွဲလမ်းသွားခဲ့သော ကိုယ့်ကိုကိုယ်လည်း အပြစ်တင်မိသည်။
တက္ကသိုလ် တက်သည့် လေးနှစ်တာ ကာလအတွင်း ဘယ်သူ့ကိုမှ မချစ်မိအောင်
ထိန်းနိုင်ခဲ့သော……. မိန်းမဆို ဘာညာ အာပလာဆိုပြီး မိန်းမမုန်းဝါဒကို
လက်ကိုင်ထားခဲ့သော …… ဘ၀ တက်လမ်းမှာ အချစ်ဆိုတာ အဆိပ်ပဲလို့ Formula
ထုတ်ခဲ့သော …..ကျွန်တော်…. အခု …. သေးသေးငယ်ငယ် ကောင်မလေးတစ်ယောက်ရဲ့
မျက်ဝန်းထဲမှာ ဒူးထောက်လဲကျခဲ့ရသည်။
ကျွန်တော့်မာနတွေ ခ၀ါချခဲ့ရသည်……
ထို့နေ့က လမင်းလေးကို ထပ်တွေ့ချင်နေသေးသော်လည်း…… ညီတော်မောင်ရှေ့
ဟန်ဆောင်ကာ Drama Show သို့ သွားခဲ့သည်။ Drama Show တွင်လည်း……
အစီအစဉ်တွေက တစ်ခုပြီးတစ်ခုပြီးသွားသည်..။
ဘာကိုမှ စိတ်မ၀င်စား….. အရာအားလုံးကို မေ့လျော့…..
မျက်ဝန်းထဲတွင် ဆံပင်အရှည်ကလေးနဲ့ လမင်းလေးသာ စိုးမိုးနေမိသည်။
ဒီကောင်မလေး နာမည်က ဘယ်သူလဲ……….
ဘယ်ကလဲ……. ဘယ်မေဂျာကလဲ……..
သူ့မှာရည်းစားရှိနေပြီလား…..
မသိစိတ်ထဲမှာ ပေါ်လာသော လားပေါင်းများစွားသော မေးခွန်းတွေကို တရစပ် စဉ်းစားရင်း ခေါင်းရမ်းလိုက်မိသည်…။
ခဏတာအတွင်းမှာ ငါ့စိတ်ကို စိုးမိုးထားတဲ့ ကောင်မလေးရယ်
ငါ့စိတ်တွေကို လွတ်မြောက်ခွင့် ပေးပါတော့……..
အပြင်ဘက်မှာတော့….Drama Show က သီချင်းသံစဉ်တွေက လွင့်ပျံစဲ…..။










အခန်း(၂)

“ ငါ့ ရည်းစားသူများနဲ့ ညားပြီးကွယ်”
အိပ်ချင်မူးတူးနဲ့ ရေချိုးဖို့ အဆောင်ပေါ်မှ ဆင်းအလာ……
ညီတစ်ယောက်လို ချစ်ရတဲ့ ကျန်းမာရေး ပထမနှစ်ကျောင်းသား ဗိုလ်ဟိန်းရဲ့
အသံကို ကြားရတော့ ဘာသိဘာသာ ပြုံးမိသည်။ ဘာရယ်မဟုတ် ဒီကောင်ကလည်း
ကျွန်တော့်လိုပဲ တခါတခါ ဖောက်ချည်လေးတွေ ပါတတ်သည်။ သြော်…. ဘာလိုလိုနဲ့…
ကျောင်းပြီးတာတောင် တစ်နှစ်ပြည့်တော့မည်….
ကိုယ့်အတွေးနဲ့ကိုယ် အပေါ်ထပ်မှ ဆင်းလာသော ကျွန်တော်….ရေချိုးရာ နေရာနားမှာ
နုတ်ခမ်းစူအောင့်၍ ဒေါသထွက်နေသော လမင်းလေးကို မြင်သောအခါ….. အံ့သြသွားသည်။
“ ဘာတွေ ဒီလောက်တောင် ဒေါသ ထွက်နေရတာလဲ”
“ နုတ်ခမ်းစူမထားပါနဲ့ လမင်းလေးရယ်”
ဒါတွေက စိတ်ထဲမှာ ပြောဖြစ်သော စကားတွေပါ…… နောက်သိရသည်မှာ သူတို့က
မျက်နှာသစ်ဖို့ ဆင်းအလာ ဗိုလ်ဟိန်းက တံခါးပိတ်၍ ရေချိုးတာနဲ့ ဆုံ၍
ဒေါသထွက်နေခြင်းဖြစ်သည်..။
အော်….. ကလေးမရယ်…. ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်တောင် ဒေါသထွက်ရသလား…..
လမင်းလေး စိတ်ဆိုးနေတာမြင်ရင် ကျွန်တော်မနေတတ်….ဒါကြောင့်
“ ဗိုလ်ဟိန်းရေ.. ငါ့ညီ မြန်မြန်ချိုးကွာ… ဒီမှာ မင်းအမတွေက စိတ်တော်ညိုနေပြီ”
“ ဟုတ်ကဲ့အကို..”
နောက် ကျွန်တော် ရေချိုးမှာကို မချိုးဘဲ….. လမင်းလေးတို့ မျက်နှာသစ်
ကိုယ်လက်သန့်စင်ပြီးသည်အထိ စောင့်နေမိသည်..။ အော်….တယ်ခက်လှတဲ့
ငါဘာလားနော်….
ဟိုက ကိုယ့်ကို ဂရုတောင်မစိုက်…. ကိုယ်က သူ့အတွက်ဆိုရင်…ဘ၀ဆိုတာကို
အရည်ဖျော်….မျှော်လင့်ချက်တွေကို မီးရှို့ဖို့ ထင်းတောင်စုထားမိနေသည်..
ဘာပဲဖြစ်ဖြစ် လမင်းလေးရယ်…..
မင်းဟာ ငါ့ဘ၀ရဲ့ ထာဝရ လမင်းလေးပါပဲ…..
မှောင်မိုက်နေတဲ့ ငါ့ဘ၀ရဲ့ အရှင်သခင်….
မောဟတွေ ဖုန်းလွမ်းနေတဲ့ အမှောင်ထုထဲက ငါ့အတွက် အလင်းတန်း….
ငါ့ဘ၀ ကောင်းကင်ကို ချယ်လှယ်တဲ့ ကာရန်မဲ့ ကဗျာတစ်ပုဒ်……
ငါ့ ဘ၀ပင်လယ်ပြင်ရဲ့ ကောင်းကင်တစ်ခုပါ….
အင်း…. ငါ့အတွက်ကတော့
မင်းဘ၀ ကောင်းကင်မျက်နှာပြင်မှာ လက်တဆုပ်စာတောင် နေရာမရတဲ့
တိမ်ညိုတအုပ်များလား…………
ကိုယ်သိပ်သိချင်တာပဲ………. လမင်းလေးရယ်………













အခန်း(၃)

နောက်ပိုင်းရက်များတွင် သိရသည်မှာ လမင်းလေး၏ နာမည်ရင်းမှာ ဇင်မျိုးသိမ့်
ဖြစ်၍ ပထမနှစ် ပထ၀ီမှ ဖြစ်ကာ မကွေးမြို့နယ် မိကျောင်းရဲမှ
လာရောက်ခြင်းဖြစ်သည်..။ ရန်ကုန်မှာ ပိုကောင်းသော အလုပ်တစ်ခုလုပ်ရန်အတွက်
Save the Children မှ ထွက်စာတင်ထားသောကျွန်တော်………
အနေနီးလျှင် မဖြစ်သင့်တာတွေ ဖြစ်မသွားရဖို့အတွက်….နှလုံးသားကို
အန်တု….အချစ်ဆိုတာကို ဥပေက္ခာပြု၍ ကျွန်တော် လမင်းလေးကို ရှောင်နေမိသည်။
ရုံးကိုသွားတိုင်းလည်း လမင်းလေးက စိတ်ထဲမှာ ပါလာသည်။
ရုံးက ကားကြီး စက်နိုးမရတော့လည်း လမင်းလေးကို သတိရသည်။
စာရင်းတွေ စစ်နေရင်လည်း လမင်းလေးကို တမ်းတသည်။
ဘယ်တုန်းကမှ စိတ်ညစ်မခံဘူးသော ကျွန်တော်…… လမင်းလေးနဲ့ကျမှ စိတ်တွေ လေနေမိသည်။
ကိုယ်မင်းကို မချစ်ရဘူး လို့ စိတ်ထဲမှာ ခဏခဏ သတိပေးနေပေမယ့်..
ကိုယ်မင်းကို ချစ်တယ် ချစ်တယ် လို့ပဲ ရင်ထဲမှာ ပဲ့တင်ထပ်နေမိသည်။
သိပ်ခက်တာပဲ လမင်းလေးရယ်..။
မဆိုင်မှန်းသိ လွမ်းသနစ်ကျွံ
လွန်လေပြီးသော ဖြေခက် ဝေးခက်
ပြေးထွက်မရ သမုဒယတိုး
ကိုယ့်အဆိုးပါ မြတ်နိုးခြင်း၏
အပြစ်ရှိက ခံပါရစေ။

စိတ်မှာ စွဲလမ်းဖူးခဲ့တဲ့ ကဗျာတစ်ပုဒ်က ရင်ထဲမှာ လာငြိသည်။
အော်….သိပ်ခက်ပါလား…… လမင်းလေးရယ်………
“ ကိုထွန်းမောင် … မသိမ့်ဗိုက်အောင့်လို့ ဆေးခန်းလိုက်ပို့ပေးပါအုံး…..”
ကိုယ့်အတွေးနဲ့ကိုယ် အတွေးနယ်ချဲ့နေမိနေတုန်း ဖြုန်းခနဲ့ဆို ချိုချို့ အသံကို
ကြားရတော့…….လန့်သွားမိသည်…..နောက် လမင်းလေး နာမည်ကို ကြားရ၍ ရင်ထဲမှာ ပျာယာခတ်သွားသည်။
ဟာ... ဒီကောင်မလေး ဘာဖြစ်တာပါလိမ့်....... အဖြေမပေးပဲ လမင်းလေးကို
သွားကြည့်တော့ လမင်းလေးရဲ့ မျက်ဝန်းမှာ မျက်ရည်တွေနဲ့........လမင်းလေးရဲ့
ပါးပြင်မှာ မျက်ရည်တွေကို မြင်တာနဲ့ ကျွန်တော် ပျာတောက်သွားခဲ့သည်။
“ ဟေ့ကောင်….. မင်းမငိုနဲ့လေကွာ……. မင်းငိုနေလို့ရော…. ရောဂါက သက်သာမှာလား….”
စိတ်ထဲက စကားတွေက အလိုလိုထွက်သွားမိသည်…. သူ့ကို ကြည့်ရင်း ရင်ထဲမှာ အတော်ထိခိုက်သွားမိသည်..။
မငိုပါနဲ့ လမင်းလေးရယ်….. မင်းရဲ့မျက်ရည်တွေဟာ ငါ့နှလုံးသားပေါ် တစက်ချင်း
လာချတဲ့ သံရည်ပူတွေလိုပါပဲ…………..။ လောကကြီးမှာ ငါ
မမြင်ချင်ဆုံးအရာတစ်ခုဟာ……မင်းပါးပြင်ပေါ်က
မျက်ရည်စက်တွေပါပဲ………….လမင်းလေးရယ်……မငိုပါနဲ့ကွာ………..
ဆေးခန်းပို့ရန်အတွက် ဆိုင်ကယ်ကို နေမျိုးအောင်ဆီမှ ငှားထားသည်။
ဆိုင်ကယ်ကို ကမန်းကတမ်းထုတ်ကာ ….. လမင်းလေးနှင့် ချိုချိုကို တင်ကာ
ဒေါက်တာ ထွန်းအောင်ကြည်ဆေးခန်းသို့ မောင်းထွက်လာမိသည်။
ဆိုင်ကယ်နောက်မှာ လမင်းလေးကို တင်လို့ ကိုယ်တယောက်ရင်မှာ လှိုက်ဖိုကြည်နူးလို့ပေါ့…..
သိပ်ချစ်တာပဲ လမင်းလေးရယ်…………………….








အခန်း(၄)

“ အစ်ကို အလာကောင်းပေမယ့် အခါနှောင်းသွားပြီ”
“ အခုတော့ ပါသွားပြီ”
ညီတော်မောင် ကောင်းထက်ရဲ့ အပြောင်မပျက်စကား…..
ညနေ ရုံးက ရောက်ရောက်ချင်း လမင်းလေးကို တွေ့ချင်စိတ်က ကောင်းထက်စကားကြောင့် အလိုလိုရပ်တန့်……. တိုက်စားခံလိုက်ရသည်။
လမင်းလေးကို တွေ့လျှင် သီကြူးပြဖို့ သီကုံးထားသော စကားတွေလဲ မီးရှို့ခံလိုက်ရသည်.။။။
သြော်…… လမင်းလေးရယ်….. မင်းမှာက ဦးသူရှိနေပြီပေါ့…..
အင်းပေါ့လေ….. ဒီလောက်လှနေမှတော့ …..မင်းမှာက ဦးသူ
ရှိနေရောပေါ့…….သူ့ခြံတွင်းက ပန်းကိုမှ တမ်းတမိတာ
ကိုယ့်အလွန်ပဲလေ………..ဟုတ်ပါတယ်…ကိုယ့်ရဲ့အလွန်ပါပဲကွယ်……..
ရင်တခုလုံး မောဟိုက်ကြေမွ………ထမင်းလဲ စားချင်စိတ်မရှိ….. ရေချိုးနေရင်းက
ရေထဲမှာ လမင်းလေးရဲ့ ပုံရိပ်က ရေးတေးတေးပေါ်လာပြီး ကိုယ့်ကို
လှောင်ရယ်နေသလို……….
ရယ်ပါ……….လမင်းလေးရယ်……ဟုတ်ပါတယ်…..ကိုယ့်ကို
မင်းရယ်သင့်ပါတယ်……ကောင်မလေးတစ်ယောက်ကို ရည်းစာ ရှိ မရှိ မစဉ်းစားပဲ
တဖက်သတ်စွဲလမ်းရင်ခုန်ခဲ့တဲ့ ငါ့ကိုက ညံ့လွန်းပါတယ်….လမင်းရယ်
နှောက်နေသော ခေါင်းကို ရေအေးတွေ လောင်းချပေမယ့် ဦးနှောက်က ကြည်မလာ…….
ပူနေသော ရင်ဘတ်ကြီးကလဲ ရေလောင်းမှ ပိုပူလာသည်…။
ရေချိုးပြီးလို့ အ၀တ်အစားလဲ၍ ထွက်လာခဲ့သည်။ ညီတော်မောင် ကောင်းထက်ရဲ့
အစ်ကို ဘယ်လဲ……ဆိုတဲ့ စကားကိုတောင် အဖြေမပေးခဲ့………….။
ဘယ်လောက်ပဲ ဟန်ဆောင်ထားပေမယ့် မျက်နှာက ပျက်ချင်နေသည်…….. လမင်းကြီးရဲ့
အောက် သစ္စာလမ်းပေါ်မှာ တကိုယ်တည်း လမ်းလျှောက်ရင်း တွေးနေမိသည်။
အော် …..အပေါ်မှာလဲ လမင်းကြီးကသာလို့……ရင်ဘတ်ထဲမှာလည်း လမင်းတစင်း…..
ရင်ထဲက လမင်းလေးကတော့…..ခုဆို…….
အတွေးတွေနဲ့တင် ရင်ထဲမှာပူလာ၍ ခေါင်းကို အသာခါယမ်းပစ်လိုက်မိသည်။
“ချစ်တယ်ဆိုတာ လက်ချင်တွဲပြီး ရည်ရွယ်ချက်မရှိပဲ လမ်းလျှောက်ခြင်းတစ်မျိုးပဲ” တဲ့
စာရေးဆရာ သစ္စာနီရဲ့ စကားလုံးတွေကို တိုးတိတ်စွာ ညည်းတွားနေမိသည်။
လမင်းလေးကို ချစ်သည်…..ထိုစကားလုံးများကို ရင်ထဲမှာပဲ အကြိမ်တစ်ထောင်လောက် အော်ကြွေးနေမိသည်။


• ငါသည် သူ့ကိုချစ်
• သူ့ကိုချစ်သောကြောင့် ခံစားခဲ့ရသော
• ဒုက္ခတို့သည် ကြီးစွ။
• ဟိသစ္စံ ဤစကားသည် မှန်၏။ ။
• ဤမှန်သောစကားကြောင့်
• ငါသည်
• ဖြစ်လေရာ ဘ၀တိုင်း
• အချစ်မဲ့သော ကိုယ်
• ဖြစ်ရပါလို၏။ ။









ဘာပဲဖြစ်ဖြစ် ထိုအချိန်ကတည်းက သူမသည် ရည်းစားရှိနေပါက ဇာတ်လမ်းထက်ရှိလာစရာ ရှိလာမည် မဟုတ်။
သူမသည် သူမအဖြစ် တည်ရှိနေပြီး ကျွန်တော်သည်လည်း ကျွန်တော်အဖြစ်သာ
တည်ရှိနေပါက သူမနှင့် ကျွန်တော်ကြား အချစ်ဆိုတာတွေ ၊ အလွမ်းဆိုတာတွေ ၊
နာကြည်းစရာဆိုတာတွေ ၊ သောကဆိုတာတွေ ပေါ်ပေါက်လာစရာ အကြောင်းလည်း ရှိလာမည်
မဟုတ်။
ထိုအချိန်ကတည်းက သူမသည် ကျွန်တော့်ကို ငြင်းလိုက်မည် ဆိုလျှင် အခုလောက် ကျွန်တော်ရော သူပါ ခံစားရမည် မထင်။
ဇာတ်လမ်းကို ဆက်ရမည်ဆိုလျှင် ……………….













အခန်း(၅)

တေးသစ်
• အချစ်ဆိုတာတော့ ငါမသိဘူး
• နင့်မျက်နှာကို ကဗျာတစ်ပုဒ်လိုဖတ်ပြီး
• ငါ့ ရင်မှာ ပြည့်နေလို့
• ငါ စားမ၀င်ခဲ့တာလည်း ကြာပါပြီ ။
• နင့်စကားသံကို တေးသံမှတ်ပြီး
• သန်းခေါင်ကျော်တောင် ကြားယောင်လို့် အိပ်မရ
• နှိပ်စက်ညတွေလည်း များလှပြီ။ ။
• နင်နဲ့ တွေ့တဲ့ အကြိမ်ပေါင်း
• လက်ငါးချောင်းတောင် မပြည့်သေးပေမယ့်
• ငါ့ ရင်ထဲမှာ . . .
• ထောင်သောင်းမက ရေတွက်ခဲ့ပြီ။ ။
• နင့်ရဲ့ စိတ်ထားကိုလည်း
• ဖြူစင်တယ်လို့ မသိစိတ်နဲ့
• ကြိတ်ပြီးတော့လည်း
• အမှတ်ပေါင်းများစွာ
• ပေးခဲ့ပြီးပြီ ။ ။
• မသိတော့ပါဘူး . .
• နင် နဲ့တွေ့မှ
• ငါ့ . . . ယောက်ျားမာနတွေ
• ပြောင်းပြန်လှစ်
• တေးသစ်တစ်ပုဒ်ကို
• ဆက်ဆိုချင်နေမိတယ် . .. ။ ။

ထိုကဗျာလေးကို သူမကို ပေးဖြစ်မိခဲ့သည်။ သူမအတွက် ကျွန်တော်ကိုယ်တိုင်
ရေးစပ်ခဲ့သော ကဗျာလေးကို သူမထာဝရ သိမ်းဆည်းထားမည်ဟု
ကျွန်တော်မျှော်လင့်ခဲ့ပါသည်။ သို့သော်…… သူမသည် ထိုကဗျာလေးကို
တလပြည့်အောင်ပင် သိမ်းမထား…… အခြားသူတစ်ယောက်၏ ဖျက်ဆီးခြင်းကို
ခံလိုက်ရကြောင်း နောက်ကျမှ ကျွန်တော် ကြေကွဲစွာ သိလိုက်ရပါသည်။
ထိုကတည်းက သူမ ကျွန်တော့်အပေါ် ထားရှိခဲ့သော သံယောဇဉ်ကို ကျွန်တော်
သိခဲ့ဖို့ ကောင်းပါသည်။ သို့သော်…… သူမသည် ကျွန်တော်အပေါ် အတိုင်းအတာ
တစ်ခုထိ ချစ်ခဲ့မိလိမ့်မည်ဟု ထိုအချိန်က အရှက်မရှိစွာ ကျွန်တော်
ထင်ထားမိခဲ့ပါသည်။ သူမသည် လှပါသည်……. တချိန်ကတော့ သူမအလှကို
ကျွန်တော်သာယာယစ်မူးဖူးပါသည်…… သူမအလှကြောင့်ပင် သူမ ကျွန်တော့်ကို
ထားခဲ့သည်…… သို့မဟုတ် …. သူမနှင့် ကျွန်တော် ဝေးခဲ့ရသည်ဟု
ကျွန်တော်ထင်ပါသည်….။ ကျွန်တော် မှားလျှင် မှားပါမည်….
ခရစ်ယာန် တို့သည် အရာရာတိုင်းကို ဘုရားသခင်၏ အလိုကျဟု အခါခါ သတ်မှတ်ကြသည်။
ထိုအတိုင်းဆိုလျှင် သူမနှင့် ကျွန်တော်သည်လည်း ဘုရားသခင်၏ အလိုကျ
တွေ့ခဲ့ကြသည်။
ဘုရားသခင်၏ အလိုက ချစ်သူတွေ ဖြစ်ခဲ့ကြသည်…။
ဘုရားသခင်၏ အလိုကျ ဝေးခဲ့ကြရသည်…..။
ဒီလိုဆိုရင်…….. သူမ ကျွန်တော်အပေါ် အထင်လွဲခဲ့တာတွေ……. ဖြေရှင်းခွင့်
မပေးခဲ့တာတွေ……….နောက်တစ်ယောက်ထပ်တွဲတာတွေ………ဘာအကြောင်းပြချက်မှ မရှိပဲ
ကျွန်တော့်ကို ထားရစ်ခဲ့တာတွေကိုလည်း ဘုရားသခင်၏ အလိုကျပဲ ဖြစ်ခဲ့တာလို့ပဲ
ကျွန်တော် ကောက်ချက်ချလိုက်ပါတော့မည်။
သူမသည် လူမှု့ရေးလုပ်သူထက် စီးပွားရေးလုပ်သူကိုသာ ထာဝရ လက်တွဲဖို့ ရည်ရွယ်ထားဟန်ရှိပါသည်…။
ထို့ကြောင့် သူမ နှစ်သက်သည့် လမ်းကို သူမကိုယ်တိုင် ရွေးချယ်သွားခဲ့သည်.။
ထို့ကြောင့် ဘုရားသခင်၏ အလိုကျ……
ကျွန်တော် အသဲကွဲရပါသည်…… အသဲကွဲသူတို့ ထုံးစံအတိုင်း ကျွန်တော် အရက်မသောက်ပါ။
မူးပြီးတော့လည်း မရမ်းပါ…… အဘယ့်ကြောင့်ဆိုသော် သူမကို အရက်မသောက်ပါဟု
ကျွန်တော် ကတိပေးထားမိသောကြောင့် ဖြစ်သည်။ သူမ ကျွန်တော့်အနားမှာ
မရှိတော့သော်လည်း သူမကို ပေးထားခဲ့သော ကတိကို ကျွန်တော် တည်နိုင်အောင်
ကြိုးစားရပါမည်။………….
စာရေးဆရာ တာရာမင်းဝေကတော့ အသဲကွဲတယ်ဆိုတာ သီချင်းလေးတွေ တိုးတိုးညည်းရင်း
ထိရှခဲ့တဲ့ သွေးမဲ့ ဒဏ်ရာတစ်ခုပါလို့ အဓိပ္ပါယ် သတ်မှတ်ခဲ့ပါသည်။ ကျွန်တော်
အသဲကွဲသည့်အတွက် အလုပ်ပိုလုပ်ဖြစ်ပါသည်။
နှလုံးသားကို မနာကျင်အောင် ကုစားသည့်နည်းမှာ ခန္ဒာကိုယ်ကို အလုပ်များဖြင့် ခိုင်းစေခြင်းဖြင့် သက်သာစေပါသည်။
နှစ်ဆယ်တစ်ရာစုမှာ အသဲကွဲလို့ ဘ၀ပျက်ခံမယ့်အစား လူငယ်တစ်ယောက်အနေဖြင့်
လူ့လောကအကျိုး… တိုင်းပြည်နှင့် လူမျိုးအကျိုး…အတွက် ဆောင်ရွက်ရဦးမည်
ဖြစ်သည်။ သူမကျွန်တော့်ကို မချစ်ခဲ့သင့်ပါ… သို့မဟုတ် …. သူမနဲ့ ကျွန်တော်
မတွေ့ခဲ့သင့်ပါ……….အင်း……..
သို့သော်လည်း………………………………





















အခန်း(၆)

အဆောင်မှာ ဝေးသင်တက်ရန်အတွက် ရောက်လာသော ကျောင်းသားတွေကလည်း…. တစထက် တစ
များပြားလာသည်။ အများစုကား လမင်းလေးတို့ နယ်မှ ဖြစ်ကာ….တချို့
ယောက်ျားလေးများမှာ လမင်းလေးနဲ့ သိသူ ခင်သူများဖြစ်ကြသည်။ ယောက်ျားလေး
မိတ်ဆွေ ထားတာကို နားလည်ပေးနိုင်သော်လည်း အလိုလို ကျွဲမြီးတိုနေမိသည်
သူတို့တတွေ ဟေးလားဝါးလား လုပ်နေတာမြင်လျှင် စိတ်ထဲက မွှန်းကြပ်လာပြီး စိတ်က အလိုလို တိုလာသည်။
ကျွန်တော်သည် လုံးဝ ဟန်မဆောင်တတ်….. ဒါကြောင့် ကျွန်တော့် မျက်နှာဆူပုပ်နေတာကို အခြားသူများ မြင်ယုံနှင့်ပင် သိနိုင်ပါသည်။
ခက်ပါလား………….လမင်းရယ်
မင်းနဲ့တွေ့မှ ငါလည်း အလိုလိုနေရင် အဘိစာ မစ္ဆရိယ တွေ ၀င်နေပါလား
သမုဒယကြောင့် ဒုက္ခဖြစ်တယ်ဆိုပေမယ့် …………
အဲဒီ သမုဒယလေးတစ်မျှင်ကိုပဲ မက်မောစွာ တွယ်မက်မိနေတယ်လေ………….
ရုံးက ရောက်လာကတည်းက အခန်းထဲဝင်ပြီး အိပ်နေပေမယ့် အိပ်လို့မပျော်………..စားလို့မ၀င်
မျက်စိမှိတ်ထားပေမယ့်……….ဦးနှောက်နဲ့ နှလုံးသားကို လမင်းလေးကပဲ ကန်ထရိုက်ဆွဲထားသည်။
ဘာမှုလုပ်လို့မရတဲ့ အဆုံး ………စာအုပ်ဆိုင်သွားဖို့အဆောင်ပေါ်မှ ဆင်းလာခဲ့သည်…။
လှေကားဝမှာ လမင်းလေးနဲ့တွေ့စဉ် လမင်းလေးရဲ့ မျက်နှာက သိပ်မကောင်း……….
“ ဘယ်သွားမလို့လဲ…….”
“ စာအုပ်ဆိုင်သွားမလို့……….”
“ လိုက်ခဲ့မယ်………….”
ဒီလိုနဲ့ လမင်းလေးနှင့် ကျွန်တော် ဗာဒံပင်လမ်းတစ်လျှောက် နှစ်ယောက်အတူတွဲလျှောက်ဖြစ်ခဲ့သည်။
ဘာပဲပြောပြော လမင်းလေးကို ချစ်ရသည်မှာ ၀လုံးလေးများကို ကိုယ်တိုင်ဝိုင်းပြီး တော်လှပြီဟု ထင်နေသော ကလေးလေး တစ်ယောက်လိုပင် ဖြစ်နေသည်။
“ မနေ့က အကြာကြီး စောင့်နေတာ..သူက ပေါ်မလာလို့ သူငယ်ချင်းတွေနဲ့ လိုက်သွားတာ…ပြန်လာတော့လဲ မတွေ့ဘူး…. ဘယ်သွားနေတာလဲ “
“လမင်းလေး” ထံမှ ထွက်ပေါ်လာသော ဒီစကားတစ်ခွန်းနဲ့တင်…. သောကမုန်တိုင်းတွေ
လွင့်စင်သွားသည်…..ကျွန်တော်နားထဲသို့ ပျားရည်မြစ်တစင်း စီးဝင်သွားခဲ့သည်…။
သိပ်ခက်ပါလား…လမင်းရယ်
မင်းဟာ ငါ့ဘ၀ကို လိုသလို ပုံသွင်းနိုင်တဲ့
ဖန်ဆင်းရှင်များလား……မီးလောင်ပျာကျသွားပြီလို့ ထင်ထားပေမယ့်
မျှော်လင့်ချက် တစုံကို မင်းစကားတခွန်းနဲ့တင် ပြန်လည်မွေးဖွားလာခဲ့မိသည်။











အခန်း( ၇)

“ကိုယ် မင်းကိုချစ်တယ်……..ကိုယ့်ကို ပြန်ချစ်ပါ..မင်းကို
ကိုယ့်ဘ၀ရဲ့ လက်တွဲဖော်အဖြစ် ကိုယ်သတ်မှတ်လိုက်ပြီ”
နေရာကား ကန်သာကန်ရဲ့ အနောက်ဖက်ဘောင်…မှောင်ရီတရော
အချိန်……ထိုစကားစုများကို ကျွန်တော့်နုတ်မှ ထွက်သွားမိသည်….ထိုစကားကို
ပြောရတာက နှလုံးသား၏ လှုံ့ဆော်မှုကို ဦးနှောက်က မလွန်ဆန်နိုင်သောကြောင့်
ထွက်သွားခြင်းဖြစ်သည်။
အရှက်တွေကို ရင်းထားတဲ့ စကားတစ်ခွန်း….
မျှော်လင့်ခြင်းများစွာပါဝင်တဲ့ စကားတစ်ခွန်း……
ဟင့်အင်းဆိုလျှင်တော့ သေလိုက်ဖို့သာ ကောင်းသည်…………သို့သော်……..
လမင်းလေးသည် ထို့သို့ မရက်စက်တတ်ပါ………သူမဆီက စကားတစ်ခွန်း…….မကြားရခင် သူမ၏ လက်ကလေးကို ကျွန်တော် ဆွဲကိုင်လိုက်မိသည်………အော်
သူမလက်ကလေးများသည် နုးညံ့အေးဆက်ရ်ျ လှပနေပါသည်……….
အော်……….
ဒီလိုနဲ့…………ဒီလိုနဲ့
သူမသည် ကျွန်တော် ဖြစ်လာခဲ့သလို ကျွန်တော်သည်လည်း သူမဖြစ်လာခဲ့သည်။
ချစ်ကြပြီဆိုတော့လည်း………..နှစ်ယောက်မှ တစ်ဘ၀ဆိုသလို နေ့လဲမခွဲ ညလည်းမခွာ….
သူများတွေထက် ပိုမိုလွန်ကဲ ချစ်ကြသည်… ကျွန်တော် ရုံးနောက်ကျလျှင် သူမသည် စိတ်ပူတတ်စမြဲ… စိတ်ကောက်တတ်စမြဲ……………အင်း ………….
ဘာပဲပြောပြော……………သူမနဲ့ ကျွန်တော် ချစ်ပါသည်……….အသဲနှစ်အောင် ချစ်ခဲ့ကြပါသည်……
ရင်နင့်အောင် ချစ်ခဲ့ကြပါသည်……………………
ချစ်သည်………..ချစ်ခဲ့သည်…………..ချစ်ခဲ့ဖူးသည်………….ချစ်မိခဲ့ဖူးပါသည်………………..
သို့သော် ကျွန်တော်တို့သည် ရည်းစာသက်တမ်း ၇ ရက်မြောက်နေ့တွင် ကျွန်တော်သည်
နာဂစ်ဒေသ မုန်တိုင်းသင့် ပြည်သူများထံတွင် သောက်ရေကန်တူးဖော်ရေး
စိံမံချက်အတွက် တာဝန်ထမ်းဆောင်ရန် ထွက်ခွာခဲ့ရသည်… ချစ်ခဲ့ရတဲ့
အချိန်လေးအတွင်းမှာ ကျွန်တော် တတ်နိုင်သမျှ အကောင်းဆုံး ချစ်ပြခဲ့ပါသည်….
သူမနှင့် ခွဲခွာနေရစဉ်အတွင်း ကျွန်တော် သူမကို နေ့စဉ်လွမ်းဆွတ် ခဲ့ရသည်။
ညနေ နေညိုချိန်တိုင်း သူမကို လွမ်းမိတိုင်း ကျခဲ့တဲ့ မျက်ရည်တွေ…..
ညအိပ်ရာဝင်လျှင် လမင်းလေးကို တမ်းတစိတ်နဲ့ အိပ်ရာဝင်ခဲ့သလို……….မနက်အိပ်ရာထလျှင်လည်း သူမကို တမ်းတစိတ်ဖြင့် အိပ်ရာထဲခဲ့သည်………..
အလုပ်တွေ ဘယ်လောက်ပင် ပင်ပန်းပင်ပန်း………..သူမကို
ချစ်တဲ့စိတ်ဖြင့်…………..ကျွန်တော် အရာရာကို
အံတုနိုင်ခဲ့သည်…………………..ကျော်လွာနိုင်ခဲ့သည်……………………….
နာဂစ်ဒေသတွင် နေထိုင်စဉ်အတွင် အသက်ဘေးနှင့် ခဏခဏ ကြုံခဲ့ရသော်လည်း…
ကျွန်တော် လုံးဝမကြောက်ခဲ့ပါ…………..ဘယ်လောက်ပင် ကြမ်းတမ်း….ဘယ်လောက်ပင်
ခက်ခဲပါစေ …….ကျွန်တော် အကောင်းဆုံး လုပ်ဆောင်ခဲ့ပါသည်………………………။
လမင်းလေးကို ချစ်တဲ့စိတ်နဲ့ လူတိုင်းကို စေတနာထားတတ်လာသည်……….ပိုပြီး
စာနာတတ်လာသည်…………..ကျွန်တော်ရောက်ရှိရာ ဒေသတိုင်းက ပြည်သူများကို
ကျွန်တော်တတ်နိုင်သမျှ ဆေးဝါးကုသပေးခဲ့သည်…………… ကုသမူမှန်သမျှကို အခမဲ့
ကုသပေးခဲ့သည်………………..ကျွန်တော် အချိန်ရတိုင်း လမင်းလေးဆီသို့
ဖုန်းခေါ်ခဲ့သော်လည်း………..လမင်းလေး တခါမှ
လာရောက်မကိုင်ခဲ့ပါ……………..ကျွန်တော်ရောက်ရှိရာ နေရာသည် ဧရာဝတီတိုင်း
ဘိုကလေးမြို့နယ် မိန်းမလှကျွန်းအောက်ပိုင်းတွင် ဖြစ်သောကြောင့်
ဖုန်းလည်းမရှိ…..ဘာမှ မရှိ…ခက်ခဲ ကြမ်းတမ်းလွန်သော
နေရာဒေသဖြစ်သည်…………………………………..
သို့သော်…………ကျွန်တော် ကျော်ဖြတ်ခဲ့သည်……….
ကျွန်တော် အောင်မြင်စွာ တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်………………………
တာဝန်များပြီးဆုံးရ်ျ ခွင့်တလ ရသောအခါ ကျွန်တော်သည် မိမိဇာတိ
မွေးရပ်မြေသို့ မပြန်သေးပဲ…….မကွေးမြို့သို့ ခြေဦးလှည့်ခဲ့ပါသည်………………….
အော်……………ခြေဦးလှည့်ခဲ့ပါ၏။ ။
Xxxxx xx x x xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
















ဇာတ်သိမ်း

သို့သော်…
သူမသည် အကြောင်းပြချက် မဲ့စွာဖြင့် ကျွန်တော်ကို ထားရစ်ခဲ့ပါသည်…
ကျွန်တော်နှင့် ဝေးကွာနေစဉ်အတွင်း သူမသည် အခြားတစ်ယောက်ကို အဖြေပေးခဲ့သည်။
ကျွန်တော် သူမကို လွမ်းဆွတ်နေစဉ် အချိန်များတွင် သူမသည် အခြားတစ်ယောက်၏
ရင်ခွင်ဝယ် ပျော်ရွင်စွာ ကြည်နူးနေခဲ့သည်။
သို့သော် ကျွန်တော် ကျေနပ်ပါသည်။ ရင်နင့် ကြေကွဲစွာဖြင့် ကြေနပ်နေပါသည်။
ဘာပဲဖြစ်ဖြစ် ကျွန်တော်သည် သူမဘ၀ထဲမှ တဖြည်းဖြည်းမှုန်ဝါးပျောက်ကွယ်သွားခဲ့လိမ့်မည်ဟု ကျွန်တော် မျှော်လင့်ပါသည်.။
သူမနှင့် ကျွန်တော်ကြား အမှားများ ပေါ်ပေါက်ခဲ့ပါသည်…………..
သေချာသည်မှာ ထိုအမှားများကို သူမပြုလုပ်ခဲ့တာ မဟုတ်ခဲ့သလို
ကျွန်တော်ပြုလုပ်ခဲ့တာလည်း မဟုတ်ပါ………..လူတကာပြောသလို ဖူးစာလို့ပဲ
ပုံချလက်ညှိုးထိုးပြပါမည်………သို့သော်
ထိုသို့ပြုလုပ်ခြင်းသည်လည်းမတရားပါ…………………. မတရားဟု ထင်ပါသည်
ဘာပဲပြောပြော သူမနှင့် ကျွန်တော် နားလည်မူလွဲမှားစွာဖြင့် ဝေးသွားခဲ့ပါသည်…….
သူမက ကျွန်တော့်ကို ထားခဲ့သလား………..ကျွန်တော်ကပဲထားခဲ့သလား……..ဆိုတာကို
ယနေ့အထိတော့ ကျွန်တော် အဖြေရှာလို့ မတွေ့သေးပါ……..သို့သော်……..အခုချိန်မှာ
သူမသည် ကျွန်တော်နှင့် အဝေးဆုံးတစ်နေရာတွင် တည်ရှိနေခြင်းပင် ဖြစ်သည်။
အခုချိန် သူမကျွန်တော့်ကို လွမ်းနေမှာလား………..
မေ့နေပြီး တခြားတယောက်ရဲ့ ရင်ခွင်မှာ ပျော်မွေ့နေပြီလား…………….
ကျွန်တော်လုံးဝမသိချင်တော့ပါ……….သိဖို့လည်း မလိုအပ်ဟု ထင်ပါသည်………..
ဒါပေမယ့် သေချာတာတစ်ခုကတော့ သူမကို ယနေ့ထိ ချစ်နေဆဲဆိုတာပဲ ဖြစ်သည်………….
သူမနဲ့ ကျွန်တော် စတွေ့ခဲ့တဲ့ နေ့စွဲလေး………….၁၄.၉.၀၉
သူမကို ကျွန်တော့် ချစ်ခွင့်ပန်ခဲ့တဲ့………………..၂၂.၉.၀၉
ကျွန်တော်ခရီးထွက်ခဲ့တဲ့ ….၂၉.၉.၀၉
ကျွန်တော် ခွင့်နဲ့ပြန်လာတဲ့……၁၆.၁၀.၀၉
နောက် နောက်ဆုံးတွေ့ခဲ့တဲ့ ၂၃.၁.၁၀
ထိုနေ့စွဲများကို ယနေ့ထိ ကျွန်တော် အမှတ်ရဆဲပါ…..နောက်
ကျွန်တော်ပိုက်ဆံအိတ်ထဲမှာ အမြဲပါတတ်တဲ့
သူမဓါတ်ပုံလေးများ….အင်း….ကျွန်တော်သူမကို အခုထက်ထိ ချစ်နေဆဲဆိုတာ
သေချာပါတယ်……သေချာလောက်ပါတယ်…………….
• မေ့တတ်ချင်သည်
• မြင်လည်းမသိ ကြည့်လည်းမတွေ့
• မအောက်မေ့တမ်း မစွဲလမ်းကြေး
• အတွေးထဲမှာလည်း သူမရှိချင်….

ကျွန်တော်သူမကို ကျွန်တော့်ဘ၀လမ်းမှာ အတူလျှောက်လှမ်းဖို့
ခေါ်ခဲ့သည်………..။အတူတူ ဘ၀ကို ရင်ဆိုဖြတ်သန်းဖို့ အိပ်မက်တွေ အတူတူ
တူးဖော်ဖူးပါသည်။ သို့သော် ထိုအရာများသည် ယခုအခါ အိပ်မက်များပင်
ဖြစ်သွားပါတော့သည်။
ခွဲခွာရစဉ် အချိန်တုန်းက ကျွန်တော် ရူးမတတ် ခံစားခဲ့ရပါသည်။ … ကျွန်တော်
သူမကို လွမ်းသောကြောင့် မငိုပါ…. ဒါပေမယ့် မျက်ရည်ကျခဲ့မိပါသည်။ အင်း…
မျက်ရည်ကျမိခဲ့ပါ၏….
ယခုအချိန်တွင် သူမသည်လည်း သူမဘ၀နှင့် သူမ ပျော်ရွင်နေလောက်ပါပြီ…
သူမဘ၀သစ်တွင် အချစ်သစ်နှင့် အခြေကျပြီး….
အော်… ပျော်မွှေ့နေလောက်ပြီ…..
ကျွန်တော်ကသာ ခွင့်ရတိုင်း … မကွေးမြို့သို့ ပြန်ဖြစ်ခဲ့သည်…………………..
သူမကို ကျွန်တော် မမုန်းပါ….. မုန်းဖို့လည်း မကြိုးစားပါ…………..မေ့ဖို့လည်း မကြိုးစားပါ………..
သူမကို ချစ်ခဲ့ခြင်းသည်….. သူမကို မုန်းဖို့ မေ့ဖို့ ချစ်ခဲ့တာမှ မဟုတ်တာ….
မကွေးမြို့သို့ ရောက်တိုင်း သူမကို ချစ်ခွင့်ပန်ခဲ့ရာ… ကန်သာကန်ရဲ့ အနောက်ဖက် ဘောက်ပေါင်ပေါ်မှာ……………..
ကျွန်တော် တယောက်တည်း…………………………
ည…. ညဆို ကြယ်လေးတွေကို နံပါတ်စဉ် တပ်ပေးနေမိသည်……………
လမင်းလေးကို တွေ့မလား……………………
နေ့… နေ့ဆိုလည်း…. တိမ်လေးတွေကို ရေတွက်နေမိသည်………..
လမင်းလေးကို တွေ့မလား………….
လမင်းလေးကို တွေ့မလား…………
လမင်းလေးကို တွေ့မလား…………….
ဒီလိုနဲ့ နေ့ကို လစားပြီး… အချိန်တွေ့သာ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သည်…..
ခွင့်ရက်စေ့၍ မကွေးမြို့မှ ပြန်လာခဲ့သည်…. လမင်းလေးကို မတွေ့ခဲ့ပါ….
ဘယ်တော့မှ ပြန်မဆုံနိုင်မှန်လည်း သိပါသည်……………မဆုံသင့်တော့မှန်းလည်း သိပါသည်………ဒါပေမယ့် လွမ်းမိပါသည်…. လွမ်းမိပါ၏…..
ဘာပဲဖြစ်ဖြစ်လေ…………..
အချစ်ဆိုတာ ဆုံစည်းခွင့် ရမှ ဖြစ်ခွင့် ရှိတာမဟုတ်ပါဘူး… လမင်းရယ်
မဆုံစည်းရလည်း ချစ်လို့ရတာပဲလေ……….မဟုတ်ဘူးလား………
ဒီတော့………..
မင်း………ကိုယ့် အနားမှာ ရှိသည်ဖြစ်စေ… မရှိသည်ဖြစ်စေ……..
ကိုယ်ကတော့ တသက်လုံး မင်းကို ချစ်လို့သွားမှာပါပဲလေ…………………………..

နောက်ဆုံး ဖယောင်းတိုင်လေးကို နာမည်ပေးလိုက်ကြရအောင်

ပုံပြင်တစ်ပုဒ်လောက် ပြောပြပါရစေ။
ဒီပုံပြင်မှာ ရည်ရွယ်ချက် ရှိပါသည်။
လူဆိုတာ တစ်ယောက်ထည်း နေလို့ မရဘူး။ အသိုင်းအဝိုင်း၊ အပေါင်းအသင်းနဲ့
နေရတယ်။ အနည်းဆုံး ကိုယ့်မိသားစုနဲ့ ပေါင်းရတယ်။ သင်းရတယ်။ အမြဲတမ်းထိတွေ့ဆက်ဆံနေရတော့ စိတ်ထဲမှာ အဆင်မပြေမှုတွေ၊ ပြဿနာတွေ၊
အားမလိုအားမရဖြစ်မှုတွေ ရှိနိုင်ပါတယ်။ ဒီပုံပြင်လေးဟာ
အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြား၊ မိဘနဲ့ သားသမီးအကြား၊ ဆရာနဲ့ တပည့်အကြား၊
လင်မယား နှစ်ယောက်အကြား၊ သူငယ်ချင်း နှစ်ယောက်အကြားမှာ ထားသင့်ထားအပ်တဲ့
အတွေးတစ်ခုကို ပေးပါလိမ့်မယ်။

*********
တစ်ခါတုန်းက……….
အလင်းမရှိဘဲ မှောင်နေတဲ့ အခန်းတစ်ခန်းထဲမှာ ဖယောင်းတိုင်ကလေး (၅)တိုင်
ရှိတယ်။ အဲဒီ ဖယောင်းတိုင်တွေမှာ အလင်းကိုယ်စီနဲ့ပေါ့။ ဖယောင်းတိုင်
(၅)တိုင်ရဲ့ အလင်းအားကြောင့် မှောင်မည်းနေတဲ့အခန်းဟာ လင်းထိန်နေတော့တယ်။
ဒီအခန်းထဲကို လေပြေပျော့လေး တိုက်ခတ်နေသတဲ့။ တစ်ခါတစ်ခါမှာ လေဟာ
ပြင်းသွားလိုက်၊ တစ်ခါတစ်ခါမှာ လေဟာ ငြိမ်သွားလိုက်နဲ့ပေါ့။
လေတစ်ချက်အဝေ့မှာ ဖယောင်းတိုင်လေး တစ်တိုင် မီးငြိမ်းသွားတယ်။ အခန်းဟာ
အလင်းအား နည်းနည်း လျော့သွားတယ်။ အဲ့ဒီဖယောင်းတိုင်လေးကို ``အချစ်`` လို့
နာမည်ပေးကြည့်ရအောင်။ ``အချစ်ဆိုတဲ့ အလင်းအားလေး`` လျော့သွားတော့ အခန်းဟာ
နည်းနည်းလေး မှောင်သွားတယ်။

နောက်ထပ် လေအဝှေ့မှာ ဒုတိယ ဖယောင်းတိုင်လေး မီးငြိမ်းသွားပြန်တယ်။ အဲဒီ
ဖယောင်းတိုင်လေးကို ``သံယောဇဉ်`` လို့ နာမည်ပေးကြည့်ရအောင်။ ဒီအခန်းထဲမှာ
``အချစ်`` ဆိုတဲ့ အလင်းရောင်ရယ်၊ ``သံယောဇဉ်`` ဆိုတဲ့ အလင်းရောင်ရယ်
မရှိတော့ဘူး။ အခန်းဟာ အမှောင်ထု ကြီးစိုးလာတော့တယ်။

ဒီလိုနဲ့ နောက်ထပ် ```လေတစ်ချက်`` အဝေ့မှာ တတိယ ဖယောင်းတိုင်လေး
ငြိမ်းသွားပြန်တယ်။ အဲဒီဖယောင်းတိုင်လေးကို ``မေတ္တာတရား`` လို့
နာမည်ပေးကြည့်ရအောင်။

ဒီလိုပဲ… နောက်ထပ် လေအဝေ့တစ်ချက်မှာ စတုတ္ထဖယောင်းတိုင်လေး
ငြိမ်းသွားပြန်တယ်။ ဒီဖယောင်းတိုင်လေးကိုတော့ ``ကရုဏာ တရား`` လို့
နာမည်ပေးကြည့်ရအောင်။
ဖယောင်းတိုင် (၅) တိုင် အလင်းအားရှိတဲ့ ဒီအခန်းဟာ ဖယောင်းတိုင်
(၁)တိုင်မျှသာ အလင်းအားရှိတော့တယ်။ ဒီနောက်ဆုံး ဖယောင်းတိုင်လေးသာ
လေအဝေ့မှာ မီးညွန့်ကလေးငြိမ်းသွားခဲ့ရင် ဒီတစ်ခန်းလုံး
မှောင်မည်းသွားတော့ မှာပါပဲ။

ဖြစ်ချင်တော့ ဒီအခန်းထဲကို လူတစ်ယောက် ရောက်လာတယ်။
``အခန်းကြီးက မှောင်းမည်းနေတာပဲ။ တော်သေးတာပေါ့။ ဖယောင်းတိုင်လေးတစ်တိုင်
လင်းနေသေးလို့``
ပြောပြောဆိုဆို ဖယောင်းတိုင်ရဲ့ မီးညွန့်ကို လက်ဝါးလေးနဲ့ ကာလိုက်တယ်။
အလင်းရောင် မှိန်ပျပျအောက်မှာ မီးငြိမ်းနေတဲ့ ဖယောင်းတိုင် (၄)တိုင်ကို
တွေ့သွားတယ်။ ချက်ချင်းဆိုသလိုပဲ နောက်ဆုံးကျန်နေတဲ့ ဖယောင်းတိုင်ရဲ့
မီးညွန့်ကိုကူးပြီး မီးငြိမ်းသွားခဲ့တဲ့ ဖယောင်းတိုင်လေးတွေကို
မီးကူးပေးလိုက်တယ်။ ဒီအခန်းက အရင်အတိုင်းပဲ ပြန်ပြီး
လင်းထိန်သွားပါတော့တယ်။

**********
စာဖတ်သူကို မေးပါရစေ……
ဒီနောက်ဆုံးကျန်တဲ့ ဖယောင်းတိုင်လေးကို ကျွန်တော်တို့
နာမည်ပေးကြည့်ကြရအောင်။ စာဖတ်သူလည်း ကြိုက်သလို နာမည်ပေးပါ။
ကျွန်တော်ပေးထားတဲ့ နာမည်လေးတော့ ရှိတယ်။ ကျွန်တော်က နောက်ဆုံး
ဖယောင်းတိုင်လေးရဲ့ နာမည်ကို ``နားလည်ပေးမှု၊ စာနာပေးမှု ဖယောင်းတိုင်``
လို့ နာမည်ပေးထားတယ်။

တွေးကြည့်ရအောင်။
လူတစ်ယောက်နဲ့ တစ်ယောက်အကြားမှာ ``နားလည်ပေးမှု၊ စာနာပေးမှု`` ဆိုတဲ့
အလင်းအား ရှိတဲ့ ဖယောင်းတိုင်လေးသာ ရှိနေသေးရင် ``အချစ်``ဆိုတာ
ပြန်ဖြစ်နိုင်တယ်။ ``သံယောဇဉ်`` ဆိုတာ ပြန်ဖြစ်နိုင်တယ်။ ``မေတ္တာတရား၊
ကရုဏာတရား``တွေ ပြန်ဖြစ်နိုင်တယ်။ ``နားလည်ပေးမှု၊ စာနာပေးမှု`` ဆိုတဲ့
ဖယောင်းတိုင်လေးသာ မီးငြိမ်းသွားခဲ့ရင်… အခန်းကြီး မှောင်မည်းသွားသလို
အချစ်တွေ၊ မေတ္တာတရားတွေ၊ သံယောဇဉ်တွေ၊ ကရုဏာတရားတွေ ပြန်ဖြစ်ဖို့
မလွယ်တော့ပါဘူး။ လူ့ဘဝရဲ့ အနှစ်သာရလည်း ပျက်စီးသွားတော့မှာပါပဲ။

မိသားစု အချင်းချင်းအကြားမှာ၊ သူငယ်ချင်းနှစ်ယောက်အကြားမှာ၊
မောင်နှ်မနှစ်ယောက်အကြားမှာ၊ လင်းမယားနှစ်ယောက်အကြားမှာ၊
အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြားမှာ ``နားလည်ပေးမှု၊ စာနာပေးမှု``ဆိုတဲ့
ဖယောင်းတိုင်လေး လင်းနေဖို့ လိုမယ်ထင်ပါတယ်။ ဒီဖယောင်းတိုင်လေးသာ
မီးငြိမ်းသွားခဲ့ရင်… လူမှုဆက်ဆံရေးရဲ့ ပျော်စရာကောင်းတဲ့ သဘာဝကို
ခံစားနည်းလည်နိုင်တော့မှာ မဟုတ်ပါဘူး။
ချစ်သူနှစ်ယောက်အကြားမှာ ``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ရှိရင် ပျော်စရာ
သိပ်ကောကင်းမှာပဲ။
မိဘအပေါ်မှာ နားလည်ပေးတက်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ခွင့်ရတဲ့ မိသားစုဟာ
ပျော်စရာကြီးပါ။ ဒီလိုပါပဲ နားလည်ပေးတက်တဲ့၊ စာနာပေးတက်တဲ့ မိဘတွေရဲ့
သားသမီးဖြစ်ခွင့်ရရင်လည်း ပျော်စရာပါပဲနော်။
ကိုယ့်ကို နားလည်ပေးတဲ့၊ စာနာပေးတဲ့ ချစ်သူနဲ့သာ အတူနေခွင့်ရရင်
အချစ်ဆိုတာ ပျော်စရာပဲလို့ ခံစားမိမှာပါ။

အပြန်အလှန် နားလည်ပေးတဲ့၊ စာနာပေးတဲ့ လူ့အဖွဲ့အစည်းတွေသာ ကျွန်တော်တို့
ဝန်းကျင်းမှာရှိခဲ့ရင် ကျွန်တော်တို့ လူ့ဘောင်လောကကြီးဟာ ဒီထက်ပိုပြီး
သာယာလာပါမယ်။ ငြိမ်းချမ်းလာပါမယ်။ တိုးတက်လာပါမယ်။ ပျော်စရာလည်း
ကောင်းလာပါမယ်။

ဒါကြောင့် ဘယ်နေရာမှာ မဆို ``နားလည်ပေးမှုနဲ့ စာနာပေးမှု``
အပြန်အလှန်ရှိကြမယ်ဆိုရင် လောကကြီးဟာ ငြိမ်းချမ်းနေမှာပါ။
ဒါပေမယ့်….
``နားလည်ပေးမှုနဲ့ စာနာပေးမှု `` ကိုတော့ အလွဲသုံးစား မလုပ်သင့်ဘူးနော်။
``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ကို အခွင့်ကောင်းမယူသင့်ဘူး။
``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ကို တန်ဖိုးမဲ့အောင် မလုပ်သင့်ဘူးနော်။

စာဖတ်သူလည်း နောက်ဆုံး ဖယောင်းတိုင်လေးရဲ့ နာမည်ကို ဘယ်လိုများ မှည့်ခေါ်ချင်ပါသလဲ။

ဒီပုံပြင်လေးကို ဖတ်ပြီး….
``ချစ်သူတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ လူသားတွေ၊ အဖွဲ့အစည်းတွေ``
ရဲ့ကြားမှာ ``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ဆိုတဲ့ အလင်းရောင်ကလေးနဲ့ ``
အချစ်တွေ၊ သံယောဇဉ်တွေ၊ မေတ္တာတရားတွေ၊ ကရုဏာတရားတွေ`` ပြန်ပြီး
ရှင်သန်ထွန်းလင်းကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

မင်းသို့ တမ်းချင်း

(တစ်ယောက်သောသူအတွက်)

အချစ်ရဲ့ နောက်ကွယ်

အချစ်ရဲ့ နောက်ကွယ်

ငါပျော်ခဲ့တယ်
နင့်ရဲ့ အချစ်ကြောင့်လေ...

ငါဝမ်းနည်းခဲ့တယ်
နင်လှည့်စားလို့လေ...

ငါမထင်ခဲ့ဘူး
နင်လှည့်စားမယ်လို့လေ...

ငါ့ကို ချစ်ရင်ပွင့်လင်းပေးပါဟာ...

အချစ်အတုတော့ ငါမလိုလား
ငါ့ထက် ချစ်ရမဲ့သူ
နင့်မှာရှိရင် ပြောပါ...

ငါနားလည်ပေးမယ်
မပွင့်လင်းတဲ့ အချစ်နဲ့တော့
ငါ့ကို မလှည့်စားနဲ့...

အချစ်တွေကို တန်ဖိုးထားပါ
အချစ်တုနဲ့ မလှည့်စားပါနဲ့
နင်လှည့်စား ရင်ငါရူးလိမ့်မယ်...

ငါအခုချိန်ထိ
မသိခဲ့ဘူး အဖြစ်မှန်ကို...

ငါ့ကို တစ်ကယ်ချစ်တာလား
အချစ်တုနဲ့ လှည့်စားတာလား
နင် ဟန်ဆောင်ချစ်နေတာလား
ငါသိချင်နေပြီ...

အချစ်ကို တန်ဖို့ထားသူငါ
အခုတော့ အချစ် တုလား အစစ်လား မသိပဲ
ယောင်ဝါးဝါးနဲ့ လမ်းမှားတွေ ငါဆက်လျှောက်နေတယ်...

နင့်အချစ်ရဲ့ နောက်ကွယ်မှာ ငါ့အတွက်
အစစ်လား အတုလား
ငါသိချင်တယ်ဟာ...

ကံဆိုတဲ့ သစ်ပင်

လူတိုင်း မိမိအတွက် မိမိ သစ်ပင်ကိုမိမိ စိုက်ပျိုးနေကြတယ်..သတိမထားမိကြလို့သာ မသိကြတာပါ..သစ်ပင်ဆိုတာ အများကြီးရှိတယ်.. ညောင်ပင်. အုန်းပင် နွယ်ပင်.အစရှိသဖြင့် အများကြီးရှိကြတယ်.ဒါပေမဲ့ သက်တမ်းချင်းတော့ကွာခြားကြတယ်.. တချို့သစ်ပင်တွေဆို သက်တမ်းနှစ်ပေါင်းများစွာ ရှင်သန်ကြသလို တချို့ဆို သက်တမ်းတိုကြတယ်..ဥပမာ. မုန်ညင်းပင်လိုမျိုးပေါ့.. လူတွေဟာ နေ့တိုင်း ကံကိုအကြောင်းပြုပြီး ကုသိုလ် အကုသိုလ်
တွေကိုနေ့စဉ် ပြုနေကြတယ်.. အဲဒါ ကံဆိုတဲ့ သစ်ပင်ကို နေ့တိုင်းစိုက်နေကြတာနဲ့တူတယ်...ကုသိုလ်ကံနဲ့ အကုသိုလ်ကံ
ဟာ ဘာနဲ့တူသလဲဆိုရင်. ကုသိုလ်ကံကိုပြုလုပ်တာ အပင်ကြီးတွေကိုစိုက်တာနဲ့တူတယ်..အကုသိုလ်ကံ ကိုပြုလုပ်တာ အပင်ငယ်လေးတွေစိုက်တာနဲ့တူတယ်.. အပင်ကြီးတွေဟာ စိုက်တဲ့အခါချက်ချင်း အကျိုးကျေးဇူးမခံစားရပါဘူး.ဥပမာ
အုန်းပင်. ဒူးရင်းသီးပင် . ညောင်ပင် စတဲ့အပင်မျိုးတွေပါ.စပါးပင်.မုန်ညင်းပင် ပဲပင်ပေါက်ပင် အစရှိတဲ့ အပင်ငယ်လေးတွေကြတော့ ချက်ချင်းစိုက် အချိန်တိုတွင်းမှာ စားလို့သုံးလို့ရတယ်...မတူတာက အပင်ကြီးတွေကကြီးတဲ့အခါ အချိန်ကြာမြင့်စွာ အကျိုးကျေးဇူးကို ခံစားလို့ရတယ်....


ကုသိုလ်ကံဆိုတာ အပင်ကြီးတွေစိုက်ထားခဲ့တာနဲ့တူပါတယ်...
အကုသိုလ်ကံဆိုတာ အပင်ငယ်လေးတွေစိုက်ထားခဲ့တာနဲ့တူပါတယ်......
မကောင်းမှုအကုသိုလ်ကံလုပ်ရင် ချက်ချင်းဖြစ်ပြီး.....ကောင်းမှုလုပ်ရင်ချက်ချင်း မဖြစ်ဘူးဆိုတာကို...နားလည်နိုင်ပြီး
ကံသုံးပါးကို လုံအောင်ထိန်းလို့ အပင်ကြီးတွေစိုက်ပြီး....အချိန်ကြာမြင့်စွာ. အကျိုးကျေးဇူး ခံစားနိုင်ကြပါစေ.......

အချစ်

အရင် ချစ်ခဲ့ကြတာ
နှစ်ယောက်လုံးပဲ

ငါသိတယ် နင်ချစ်နေသေးတယ်...
ငါ ကိုယ့်ကိုကိုယ်လည်းသိတယ်
နင့်ကို ချစ်နေသေးတယ်...

ဘယ်လိုကြောင့် ဝေးဖို့ဖြစ်လာတာ
ငါမသိခဲ့ဘူး...

ဘယ်လိုကြောင့်ပဲ
ငါတို့ ဝေးသွားဝေးသွား
ငါ့အချစ်ကို ငါတန်ဖိုးထားတယ်...

နင်ဘယ်သူနဲ့ပဲ ချက်ချက်
ငါ စိတ်မ၀င်စားတော့ဘူး...

ငါနင့်ကိုချစ်ခဲ့တဲ့ ငါ့အချစ်
အကောင်းဆုံးဖြစ်ခဲ့ပြီလေ...

ငါ့ အချစ်ကို နင်သိတဲ့ တစ်နေ့
နင် ငါ့လို ခံစား မနေရပါစေနဲ့...

နင် ဘယ်သူနဲ့ တွဲတွဲ
ငါမမြင်အောင် နေပါ့မယ်...

နင်လုပ်သလိုတော့ ငါမလုပ်တတ်
ငါ မတွဲ တတ် ငါမချစ်တတ်ဘူးလေ...

ဒါပေမဲ့ငါ့အချစ်က ငါ့အတွက်
တန်းဖိုး အရှိဆုံးပဲ...

နင်မရှိပဲ နေလို့မရတော့ဘူး
ဖြစ်ခဲ့တဲ့ ငါ့ဘ၀ ...

ငါရအောင်ပြန်ရပ်တည်မယ်
နင့်ကို ချစ်တဲ့ငါ့အချစ် နဲ့ ငါရပ်တည်နေမယ်....

ငါ့ရဲ့ အချစ်တွေကို နင်နားလည်လာတဲ့ တစ်နေ့ နေ့ ကို...
ငါ မျှော်နေမယ်နော်....

အချိန်တော့ မနှောင်းစေနဲ့...
အချိန်ကြာလို့ ငါ့အချစ်တွေ တည်ငြိမ်လာရင်
နင်ပြန်လာလည်း ငါမလွမ်းတတ်တော့မှာ
ဆိုးရွံ့ လေ ....

ဆရာမ ပြောပါဦး။ ပညာတတ်ရင်..

ဖြန်းဖြန်း ဖြန်း....
မပုကြွယ် အံကို တင်းတင်းကြိတ်ထားနေရင်းနဲ့ မျက်ရည်က ပေါက်ခနဲ ပေါက်ခနဲ
ခါတိုင်း နဲ့မတူ
ဆရာမက လက်သံ ပြောင်လွန်းနေသည်...
စည်းကမ်းကြီးတယ်လို့ နံမယ်ကြီး တာ ဒီဆရာမ သူသင်တဲ့တပြည့်တွေကို တက်စေချင်လွန်းလို့ တဲ့
ဟုတ်လဲ ဟုတ်ပါသည်...
မပုကြွယ် စာမေးတိုင်းမရတာ အကြိမ်ပေါင်းမနဲတော့ ...စာမရ၍ အရိုက်ခံရခြင်းက သူ့အတွက်ထူးဆန်းမနေတော့ပါ..

''ပုကြွယ် နင့်ကို သုံးရက်အချိန်ပေးမယ်
ဒီသုံးရက်မှ ဒီစာမရရင် နင်နဲ့ငါ အတွေပဲ'' ဆရာမ၏ ပြင်းထန်သော အမိန့်.....

သူငယ်ချင်းရွယ်တူမိန်းကလေးတွေလိုဘဲ ဒီအတန်းပီးရင်တော့ ကျောင်းထွက်ရတော့မယ့် မပုကြွယ်အတွက်
သူ့အနာဂတ်မှာ ဆရာဝန်တွေ ၊ အင်ဂျင်နီယာတွေဖြစ်ဖို့က သူမနဲ့ ဘာမှမဆိုင်ပါ..
ဒီလောက် အတန်းထိကျောင်းပေးနေတဲ့ မိဘတွေကို သာ ကျေးဇူးတင်ရဦးမည်..

ကျောင်းမှာ ဆုရဖို့ စာတော်ဖို့ က ရွာထဲက ဥက္ကဌ သမီးတို့ ဆယ်အိမ်ဂေါင်းသားတို့ ပိုက်ဆံတိုးပေးစားနေတဲ့ ဒေါ်ကလမသမီးတို့နဲ့ပဲဆိုင်မည်...

ဒါပေမဲ့ မပုကြယ် စာမရတာက သူများထက်ကို ပိုဆိုးသည်.
အောက်စာကမကျေ...စာလုံးဖြောင့်အောင်ကို မနဲ့ ဖတ်နေရသည်.
စာရဖို့ စိတ်ကို တင်းတင်းကြိတ်၍ ထိုင်အော်သော်လည်း အထစ်အထစ်နဲ့ အတော်နဲ့မရ

မိဘတွေကတော့ အတော်တုံးသည် ဟုဆို ထားသည် ..ဒီအတန်းပီး လျှင် ကျောင်းထုတ်မည်..
သေစာရှင်စာ ဖက်တက်ရင်တော်ပီ..
လယ်ကူလီလုပ်လျှင် နှစ်လုံးပေါက်ဆို စပါးတစ်စီးလောက်တော့ ၀င်ခုမည်ပဲ
ဝမ်းရေးက ပြေလည်မှဖြစ်ပါမည်။..

ဆရာတွေကတော့ ပညာကြိုးစားသင့်ကြောင်း၊ ပညာတက်မှ တင့်တယ်မည်ဖြစ်ကြောင်း ၊ ပညာမတက်လျှင် ပြသဒ်ပေါ်နားသော ကြီးလို မတင့်တယ် ဟု ပြော ကြသည်..စာကျက်ရန် အကြိမ်ကြိမ်တိုက်တွန်းကြသည်...

မပုကြွယ်သိတာက ဒီနေ့ကောက်စိုက်မှ ဒီည ဘိုက်ပြည့်မည်...ပိုက်ဆံမရှိလို့ မနက်နဲ့ည ပေါင်းစားရတာ အကြိမ်ကြိမ်ပဲ
သူသိနေတာ.. သူစာကျက်လို့ ဘိုက်မှမ၀တာ

ဆရာမပြောက ထူးဆန်းနေသည်..ပညာတက်မှ လူရာဝင်မည်.. တဲ့ ရွာထဲမှာကတော့ ပိုက်ဆံရှိတဲ့ သူက လူရာဝင်နေတာ
သိသာကြီးပဲ .. ဒေါ်စိန်တုတ် တို့ကိုကြည့်ပါလား...သူ့နားမှာ ခိုင်းရမယ့် လူတွေဝိုင်းနေကြတာ..

အိမ်ရှေ့က အုန်းငုတ်ပေါ် ထိုင်ပြီး ကျောင်း စာအုပ်ကို ကိုင်ရင်း မပုကြွယ် တွေးနေမိ..
ဘာဘဲပြောပြော ဒီစာတော့ ရအောင် လုပ်မှတော်တော့မှာကိုး... အတန်းထဲမှာ ဒီစာမရတာ ငါ့ပဲရှိတော့တယ်
ကျက်ခိုင်းတာလဲ တစ်ပတ်ရှိပီ... အင်းကျက်မှပဲလေ..

ကြည့်နေရင်းမျက်လုံးက အိပ်ခြံစည်းရိုးတိုင်ကို တရွေ့ရွေ့တက်နေတဲ့ ခရုနွယ် လေးတစ်ကောင်ကို မြင်ပါရော..
ဟိဟိ ..အတော်နှေးတာပဲ...ဒီတိုင်းသားဆို ဘယ်လို အပေါ်ကို တော်တော်နဲ့ ရောက်တော့မှာလဲ ..
ဟုတ်ပါသည် အခုမှ ခရုနွယ်လေးက တိုင်တစ်ဝက်ကို ပဲရောက်ပါသေးတယ်..ဒါတောင် ဆက်မတက်ဘဲ ရက်နေတာကရှိသေးသည်..

အို စာဖတ်ဦးမှဘဲလေ..စာကျက်ဖို့အတွေးက ပြန်ရောက်လာသည်.

...............................................


နောက်တနေ့
မပုကြွယ် ထိုင်နေကျ နေရာမှာ ထိုင်ပီး ဖတ်စာအုပ်ကို ဖွင့်သည်။
မျက်စိက တိုင်တည့်တည့်ကို ရေက်သွားပြန်သည်...

ဟယ်... ခရုလေး အပေါ်ကို ရောက်သွားပီတော့ ဟိဟိ

ဟုတ်ပါသည် ခရူလေးတိုင်ထိပ်ပေါ်မှာ ချိုကလေးကိုထောင်လို့

ဟင် ဆရာမ ...ဒီကိုလာတယ်
ဟုတ်တယ် သမီးရဲ့ သမီးဆီကို လာလည်တာ...စာရပီလားသမီး..

မပုကြွယ်ခေါင်းကို လေးခါရုံသာခါပီး ခေါင်းငိုင်ကျသွားသည်.

ဆရာမက တချက်ပြုံးလိုက်ပြီး ဒီမယ်သမီး...စောစောက ဆရာမလာတုန်းက သမီးဘာကိုကြည့်ပြီး ရီနေတာလဲ
ဆရာမတွေ့တယ်နော်..ဆရာမကိုပြောပြ..

ဟို...အင်း..မပုကြွယ် ခေါင်း ကုတ်သည် ပီးမှ..
ဟို ခရုလေးကို ကြည့်နေတာပါ..ဆရာမ ..တိုင်ထိပ်ရောက်သွားလို့...

အော် ဟုတ်လား..ဒါဆို စောစောက ခရုက ဘယ်နားမှာလဲ သမီးရဲ့..

မနေ့တုန်းက တိုင်တစ်ဝက်ပဲရောက်သေးတာ
ဒီနေ့တော့ အပေါ်ကို ရောက်လာတာ..သမီးစိတ်ထဲမှာ ထိပ်ကိုမရောက်ဖူးလို့ထင်နေတာ

အဲ့ဒါဘဲ သမီးရဲ့ ဘယ်လို လူသတ္တ၀ါဘဲ ဖြစ်ဖြစ် ကံ၊ ဥာဏ်၊ ၀ီရိယ အားစိုက်လိုက်ရင် မဖြစ်ဘူး၊ မရဘူး၊ မရောက်နိုင်ဘူးဆိုတာ ဘယ်ရှိမလဲ ကွဲ့ ..
.အခု သမီး စာကျက်တာလဲ ဒီလိုဘဲပေါ့ စစကျက်ချင်းတော့ အခက်အခဲတွေရှိမှာပေါ့..
ဒါပေမဲ့ ထပ်ခါတလဲလဲ ကြိုးစားပြီးကျက် ..
တစ်ခေါက်ကျက်..မရရင် နောက်တစ်ခေါက်ကျက်...
တစ်နာရီကျက်..မရသေးရင် နှစ်နာရီကျက်ပေါ့ သမီး....

မပုကြွယ် အဖေကတော့ ထင်းခုတ်နေရင်နဲ့ ဆရာမပြောသည်ကို နားမလည်နိုင်သော အမူအရာဖြင့်
လှမ်းကြည့်နေပါသည်..

ဒီနေ့ မရသေးရင် နောက်နေ့ ဆက်ကျက်ရမှာပေါ့..
..သမီးရဲ့ စိတ်ထဲမှာ စာရကို ရရမယ်လို့ စိတ်ထဲမှာ ရှိထားရင်
တစ်နေ့မှ ရကိုရရစေမယ်သမီး....ဟုတ်ပီလား.
.စာက နှစ်ပိုဒ်ဆိုတော့ ဒီနေ့ သမီး ဒီတစ်ပိုဒ် ရအောင်ကျက် ..နောက်တနေ့
ကျရင် ဒီနေ့ကျက်ပီးသားကို ပြန်နွေး..ပီးတော့ နောက်တစ်ပိုဒ်ဆက်ကျက်

မပုကြွယ် ခေါင်းငြိမ့် ခဲ့ပါသည်...စိတ်ထဲမှာလဲ ..အားအင်တွေတက်လာသည်..

ဆရာမက အဝေးကို ထွက်သွားတဲ့အထိ ...
ပီးတော့ မပုကြွယ် စာတွေအော်ကျက်နေပါတော့သည်..

....................................



သုံးရက်လွန်မြောက်သောနေ့

အတန်းပိုင်ဆရာမကို နှုတ်ဆက်ပီးတော့ ကျောင်းသားတွေအားလုံး တိတ်ဆိတ်နေကြသည်...
အားလုံးက စိတ်ဝင်စားနေကြသည်လေ..မပုကြွယ်တယောက် စာမှ ရပါ့လေမလား..
မရရင်တော့ ဆရာမ ဘယ်လို ပွဲကြမ်းလေမလဲ..
အတန်းပိုင် ဆရာမကတော့ ယုံကြည်နေပြီ..ဒီနေ့ မပုကြွယ် ကျိန်းသေ စာဆိုနိုင်မှာပါဘဲ..

မပုကြွယ်ကတော့ နဂိုကမှ အားနဲသူပီပီ ခေါင်းလေးငုံ့လို ငြိမ်နေရှာပါသည်။

ကဲ သမီး မပုကြွယ် ဆရာမကို စာဆိုပြပါ...

မပုကြွယ် ဆရာမမျက်နှာကို မော့ကြည့်သည်..
ထ ဆိုလေ သမီး....
ဆရာမက ထပ်ပြော သည်။


မပုကြွယ်က မတုန်မလှုတ်..

ဟဲ့ သမီး စာဆိုလေ.. စာရပြီမဟုတ်လား..(ဆရာမအသံ နဲနဲ မြင့်လာသည်)

သမီး စာမရ ပူး.......

ဟင်.......>>>>>>>

ဆရာမ အလွန်အံ့သြမိသလို မပုကြွယ်အတွက် စိတ်မကောင်း ဖြစ်မိရတော့သည်။

သမီးရယ်..
ဘာလို့မရတာလဲ ဆရာမကို ပြောဦး...သမီးစာကျက်တယ် မဟုတ်ဖူးလား..
ဘယ်သူက သမီးကို စာမကျက်ရဖူးလို့ တားတာလဲ...ပြောစမ်း..သမီးအဖေလား..

မပုကြွယ် ခေါင်းကို တွင်တွင် ခါ ပါသည်.. ပိးတော့

မဟုတ်ဖူးဆရာမ ...သမီး အဖေက သမီးကို မပြောပါပူး...

သမီး ကို ဆရာမပြောခဲ့တယ်လေ..ခရုလေးလို ဇွဲနဲ့ ကြိုးစားရင် ရကိုရရမယ်လို့
တိုင်ထိပ်ကို ရောက်ကိုရောက်ရမယ် သမီး........

နောက်နေ့ကျတော့ ခရုလေးက အပေါ်ကနေ ပြန်ဆင်းသွားတယ် ဆရာမ.

ဘာ>>>>>>>>>>

မပုကြွယ်ကတော့ သူမြင်တဲ့အတိုင်း ပြောနေခြင်းပါ..

ဆ၇ာမ ပြောတဲ့နေ့တုန်းက ခရုလေး တိုင်ထိပ်ရောက်သွားလို့ သမီးပျော်တယ် ဆရာမ
နောက်နေ့ ကျတော့ သူသွားစရာနေရာက မရှိတော့လို့လား၊ နေရာက ကျဉ်းလို့လားတော့မသိပူးဆရာမ
သူပြန်ဆင်းသွားတယ်...

အခုဆို မြေကြီးပေါ်မှာ ရှောက်သွားနေပီ........ ဒီလိုမှန်းသိရင် စောစောတည်းက တက်နေတုန်းတည်းက သမီး သူ့ကို
ခွာပီး အောက်ချထားပေးလိုက်ပါတယ်..အခုတော့ တက်သာတက်တယ် မောရုံပဲ ရှိတာပေါ့...

ဆရာမကတော့ အံ့သြလွန်းလို့ ပါးစပ်ဟ ပြီး မပုကြွယ်ကို စိုက်ကြည့်နေသည်။

ပီးတော့ ဖေဖေက ထင်းပေါက်ရင်းနဲ့ လက်ကို ပုဆိန်ရှ တာ သွေးထွက်ပီး ရောင်နေရောပဲ
နောက်နေ့ကျတော့ ပျိုးမနှုတ်နိုင်ပူး....အမေကောက်စိုက်မှ တနေ့လုံးမှကို ၁၂၀၀ ပဲရတာ
သမီးတို့ မိသားစု ၆ ယောက် ဘယ်လို ၀မလဲ
ဆန်ဝယ်စရာမရှိလို့ သမီး အမေနဲ့ ကောက်လိုက်စိုက်ရတယ်..
သမီးမောင်လေးက လဲ ၀မ်းတွေ သွားနေတာ သေးသေးလေးပဲကျန်တော့တာ
ဆေးဖိုးကလဲ ပိုက်ဆန်မရှိဖူး.......သမီး ဒီနေ့ကျောင်းကို လာတာ ဆရာမကို လာနုတ်ဆက်တာပါ..

ဟင်>>

မနက်ဖန်ဆိုသမီး ဒီရွာမှာ မရှိတော့ပူး......အရီးလှနဲ့ မဲဆောက်ကို လိုက်သွားတော့မှာ
ဟိုမှာ အလုပ်လုပ်ရင် တလကို ကိုးသောင်းကြီးတောင်မှ ပြန်ပေးနိုင်မှာ
သမီးသူငယ်ချင်းတွေလဲ အများကြီးဟိုမှာ ရှိကြတယ်...
သူတို့တွေလဲ ပိုက်ဆံပြန်ပို့နေကြတယ်လေ..

သူ့အမေတွေဆို အလှူမှာ အ၀တ်စားကောင်းကောင်းတွေဝတ်တာ သမီးသူငယ်ချင်းတွေ ငွေပို့လို့ပေါ့
အမေ့ကိုလဲ အဲ့လို မ၀တ်နိုင်စေရင်တောင်မှ တနေ့ကို နပ်မှန်မှန်အောင်တော့ ကျွေးနိုင်မယ် ထင်တယ်..
မောင်လေးအတွက် ဆေးဖိုးလဲ ရမှာ

သမီးသွားတော့ မယ် ဆရာမ..
မပုကြွယ်တယောက် ဆရာမကို ဦးသုံးကြိမ် ချကန်တော့နေပါသည်။

ဆရာမမှာ မျက်ရည်ဆို့လာသည်။

ဆရာမ ပြောပါဦး။ ပညာတတ်ရင်....................................................................

"မလေးရှားနိုင်ငံရှိ ရင်နင့်ဖွယ်မြန်မာအမျိုးသမီးလေးအကြောင်း.."

ကျွန်တော် ပိုစ့်တွေမရေးတတ်ပါဘူး..ခုလည်းစိတ်မကောင်းဖွယ်သတင်းလေးတစ်ခုသိရလို့..
အားလုံးသိစေဖို့နဲ့..နိုင်ငံခြားထွက်မည့်မြန်မာအမျိုးသမီးလေးများ...(အထူးသဖြင့်)
မလေးရှားသွားရောက်အလုပ်လုပ်ကိုင်မည့်မြန်မာမိန်းကလေးများသိစေနိုင်ဖို့ပါ..
ကျွန်တော်ရေးတာအမှားပါရင်ခွင့်လွှတ်ပေးပါ....
နောက်တစ်ခုကကာယကံရှင်မိန်းကလေးကိုလည်းသူမသိအောင်ရေးခဲ့မိသည့်အတွက်အနူးညွတ်
တောင်းပန်အပ်ပါသည်.....ဒီအကြောင်းတွေကကာယကံရှင်မိန်းကလေးနဲ့အတူသွားခဲ့တဲ့
သူငယ်ချင်းက..သူ့ရည်းစားကိုပြောပြလို့တဆင့်ကျွန်တော်သိခဲ့ရတာပါ..
ဖြစ်ပုံကဒီလိုပါ...
လွန်ခဲ့တဲ့၂လလောက်ကပါ..ပီနန်မြို့.(ရပ်ကွက်နှင့်စက်ရုံမရေးပြတော့ပါ...)
မှာအလုပ်လုပ်ကိုင်နေတဲ့မြန်မာမိန်းကလေးယောက်ပေါ့..အလုပ်နားရက်လည်းဖြစ်နိုင်ပါတယ်..
သူတို့ချက်ပြုတ်စားသောက်ဖို့..ကုန်တိုက်ကအပြန်..ပစ္စည်းတွေနဲ့အပြန်ခက်လို့TAXIကား
ငှားရတယ်ဗျာ..
ဘတ်စ်ကားနဲ့ပြန်လို့တော့ရနိုင်ပါတယ်..ဒါပေမယ့်ပစ္စည်းတွေဝယ်လာတော့အခက်အခဲ၇ှိလို့
ဖြစ်နိုင်ပါတယ်..
အဲဒါနဲ့ TAXIငှားပြီးပြန်တာပေါ့..သူတို့အထဲမှာမလေးလိုပြောတတတ်တဲ့ကောင်မလေးတစ်ယောက်၂ယောက်ပါ.တယ်..နဲနဲပေါ့
ကားကရှေ့ခန်းမှာတစ်ယောက်နောက်ခန်းမှာ၃ယောက်ပေါ့..ရှေ့ခန်းမှာခုမှမလေးရှားကိုရောက်
တာလပိုင်းပဲရှိတဲ့ကောင်မလေးတစ်ယောက်ထိုင်တယ်..နောက်မှာကကျန်တဲ့သုံးယောက်ပေါ့
ကားသမားကအိမ်အထိလိုက်ပို့ပေးပါတယ်..အိမ်ရောက်တော့နောက်ခန်းကကောင်မလေးတွေ
ကအရင်ဆင်းတယ်..ရှေ့ခန်းကကောင်မလေးကထိုင်ခုံခါးပတ်ဖြုတ်နေတုန်းကားသမားကမောင်းထွက်သွားတယ်တဲ့...ကျန်ခဲ့တဲ့ကောင်မလေးတွေကဖြုန်းခနဲဆိုတော့အော်ရံပဲအော်နိုင်တာပေါ့..
အဲနောက်ကားသမားကကောင်မလေးကိုတစ်နေရာခေါ်ပြီးစော်ကားလိုက်တယ်ဗျာ..
ကောင်မလေးကအသက်၂၀ကျော်ပဲရှိဦးမယ်..မလေးစကားလည်းမတတ်ဘာမှမပြောတတ်တော့တွေးကြည့်ကြပါဗျာ..
အဲဒါနဲ့ကားသမားကအဲဒီမိန်းကလေးရဲ့ပိုက်ဆံတွေဖုန်းတွေယူသွားပြီး..သူ့ကိုလမ်းဘေးဖုန်း
တိုင်ဘေးမှာအကြွေစေ့၂ကျပ်(2RM)ပေးပြီးထားခဲ့တယ်တဲ့ဗျာ....သူကရောက်ခါစဆိုတော့
သူငယ်ချင်းဖုန်းနံပါတ်ကိုဆက်သွယ်ပြန်တော့လည်း..ရောက်နေတဲ့နေရာကမသိဘူးတဲ့ဗျာ.
အဲဒါနဲ့အချိန်အတော်ကြာမှဆိုက်ကယ်သမားအိန္ဒယလူမျိုးအဖိုးကြီးတစ်ယောက်ကရောက်လာ
ပြီးသူ့ကိုကူညီဖို့မေးတော့လည်းစကားကနားမလည်..အဲဒါနဲ့အဲဒီအဖိုးကြီးကသူ့ဖုန်းနဲ့အဲဒီ
ကောင်မလေးကိုပေးဆက်ပြီးသူ့ငယ်ချင်းတွေကိုအဖိုးကြီးကလာခေါ်ခိုင်းမှအိမ်ပြန်ရောက်တော့တယ်
တဲ့ဗျာ..အဲဒီလိုကူညီမယ့်သူသာမတွေခဲ့ရင်ခက်ပြီပေါ့..ကျန်ခဲ့တဲ့သူငယ်ချင်းတွေကလည်း
ကားနံပါတ်တောင်မမှတ်မိတော့..ဘယ်ကိုသွားတိုင်ရမလဲ..
နောက်နေ့ကျတော့အေးဂျင့်(မြန်မာပွဲစား)ကိုခေါ်ပြီးရှင်းခိုင်းတော့လည်းကားနံပါတ်တောင်
မသိတာဘယ်လိုဖြေရှင်းပေးနိုင်မှာလည်း..အဲဒီလိုနဲ့..အဲဒီကောင်မလေးဘ၀တွေးကြည့်ပါ......
........................
ကျွန်တော်အဲဒီသတင်းကြားမိကတည်းကစိတ်မကောင်းဘူးဗျာ..အဲဒီလိုအဖြစ်အပျက်တွေကခုမှ
မဟုတ်ပါဘူး..ကာယကံကံရှင်မိန်းကလေးက.ရှက်လို့.သူများတွေသိမှာစိုးလို့ငြိမ်နေခဲ့လို့ဘယ်သူမှမသိလိုက်တဲ့အဖြစ်အပျက်မျိုးတွေလည်းအများကြီးရှိနိုင်ပါတယ်..
ပြီးခဲ့တဲ့2009နှစ်ဦးပိုင်းမှာလည်း..ဒိထက်ဆိုးတဲ့အဖြစ်အပျက်မျိုး.(.ဂျိုဟိုး)ပြည်နယ်ဘက်မှာ
ဖြစ်ခဲ့ပါသေးတယ်..သိချင်ရင်တော့နောက်မှရေးပြပါဦးမယ်..
ကျွန်တော်ပြောချင်တာက..မလေးရှားနိုင်ငံမှာမြန်မာမိန်းကလေးတွေအတွက်.သူတို့ဘ၀ လုံခြုံ
မှုလုံးဝမရှိပါဘူး..ဒီနိုင်ငံကဥပဒေကလည်းနိုင်ငံခြားသားတွေအပေါ် လစ်လူရှုထားပါတယ်..
တချို့မိန်းကလေးတွေဆို..စော်ကားပြီးအသတ်ခံရလည်းသူတို့နိုင်ငံကဘာမှလုပ်မပေးနိုင်ပါဘူး..
မလေးရှားနိုင်ငံမှာရှိတဲ့မြန်မာသံရုံး ဆိုတာလည်း..တစ်ချို့ကိစ္စတွေလိုက်မဖြေရှင်းပေးနိုင်ပါဘူး.
ဒါကြောင့်..အခက်အခဲကြောင့်အလုပ်လာလုပ်ကြတယ်ဆိုတာကိုကျွန်တော်နားလည်ပါတယ်..ဒီကိုရောက်လာကြတဲ့မြန်မာမိန်းကလေးတွေ ၁၀၀မှာ ၈၀ နှုန်းရဲ့ဘ၀ကလုံခြုံမှုမရှိပါဘူးလို့ထင်ပါတယ်..ဒီနိုင်ငံမှာဘ၀ပျက်နေတဲ့မြန်မာမိန်းကလေးတွေအများကြီးပါ..
ဖြစ်နိုင်ရင်မလေးရှားကိုမလာကြပါနဲ့..ရောက်ရှိနေပြီးသားသူတွေအတွက်လည်းဘေးကင်းပြီး
အားလုံးအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်..
ကျွန်တော်ပြောပြတာတွေ..ထင်တာတွေမှားခဲ့ရင်လည်းစေတနာအမှားသာဖြစ်ပါလိမ့်မည်
ဟု တောင်းပန်အပ်ပါသည်။
ကိုအရိုးသီချင်းလေးက နားထဲမှာ အားအင်အပြည့်နဲ့ ဝင်ရောက်လာတယ်။ ကျွန်တော်
တွေးထင်ထားတယ်........ အိမ်မက်တွေ မက်ဘူးတယ်။ ကိုအရိုးသီချင်းလိုပဲ
တချို့လူတွေကို အားကျတယ်။ စင်္ကာပူကိုရောက်အောင်လာတယ်။
ဖာတစ်လုံးခေါင်းကြားနဲ့ပေါ့။ တောသားမြို့ရောက်ပါပဲ။ ကျွန်တော့်မိတ်ဆွေ
တစ်ယောက်က ပြောတယ် သူ့အိမ်က ကလေးလေးကပြောတယ်တဲ့ “ဦးဦးရယ် သမီးက
နိုင်ငံခြားဆိုတာ ဟိုးနတ်ပြည်ကြီး ရောက်သွားတယ်ထင်တာ။ ခုတော့လဲ
မြေကြီးပေါ်မှာပဲနော်တဲ့”။ ဟုတ်ပါတယ် ကျွန်တော်လဲ နိုင်ငံခြားမရောက်ခင်ကတော့
ကလေးတွေးသလောက်တော့ မဟုတ်ပါဘူး ကျွန်တော့် အတွေးက
နိုင်ငံခြားဆိုတာကိုရောက်တာနဲ့ အဲ့ဒိလူရဲ့ ဘဝဟာ အရှင်လတ်လတ် နတ်ရေကန်ထဲ
ကျသွားသလိုပဲနေမှာနော်လို့ တွေးမိတယ်။ နိုင်ငံခြားမှာ အလုပ်လုပ် အိမ်က မိဘ၊
မိသားစု၊ မိန်းမနဲ့ကလေး ဒါတွေကို လူတစ်လုံး သူတစ်လုံးဖြစ်အောင်
ထားနိုင်တယ်ပေါ့လေ။ အိုးအိမ်မရှိရင် ဝယ်ပေးမးယ် ကားမရှိရင်ကားဝယ်ပေးမယ်
စတာတွေပေါ့ဗျာ။ အားလုံးပြီးပြည့် စုံတယ်ဆိုပါတော့။ ကျွန်တော်
ကိုယ့်အတွေးနဲ့ ကိုပါပဲ။ ကျွန်တော်တင် ဒီလို တွေးတာလား။ မဟုတ်ပါဘူး။
ခိုင်ခိုင်မာမာ ပြောနိုင်တာက အခု နိုင်ငံရပ်ခြားကို ရောက်နေတဲ့
သူတွေအားလုံးရဲ့ ၉၅ရာခိုင်နှုန်းအထက်ဟာ ဒီလို တွေးကျတာပါပဲ။ ဒီလိုတွေးလို့လဲ
ဒီနေရာကိုရောက်လာကျတာပေါ့။ နိုင်ငံခြားကို သွားတာ တွေထဲမှာ အမျိုးမျိုး
ရှိပါတယ်။ တချို့က အလုပ်လာလုပ်တယ်၊ တချို့ကတော့ ကျောင်းလာတတ်တယ်၊
တစ်ချို့ကတော့ မိမိ ယောက်ကျား (သို့မဟုတ်) မိန်မ တစ်ယောက်ယောက်က
အဆင်ပြေလို့ မိသားစုလိုက်နေရန် လိုက်လာကြတယ် စသည်ဖြင့်ပါပဲ။
အားလုံး ထင်ထားသော ထင်မြင်ချက်တစ်ခုဖြစ်သည့် နိုင်ငံခြားရောက်လျင်
အားလုံးအဆင်ပြေပြီဆိုသော ထင်မြင်ချက် လုံးဝမှားယွင်းပါတယ်။ ဟုတ်ပါတယ်
ရဲရဲဝံ့ဝံ့ ကြီးကို ကျွန်တော် ပြောရဲပါတယ်ဗျာ။ ကျန်တဲ့ နိုင်ငံတွေရဲ့
ဒေတာတွေကို ကျွန်တော်မသိပါဘူး။ အဲ့ဒိတော့ ကျွန်တော်ခုနေနေတဲ့ စလုံးခေါ်
စင်္ကာပူက အကြောင်းတွေကိုပဲ ကျွန်တော်ပြောမယ်ဗျာ။ စလုံးမှာ S'pass ကိုင်တဲ့
ဝန်ထမ်းတစ်ယောက်ဆိုပါတော့။ သူ့ရဲ့တရားဝင်လစာဟာ S$၁၈၀၀ ပါ။ အများကတော့
ရမယ်ထင်တာပါပဲ။ ဒါပေမယ့် လစာ အပြည့် မရသူတွေမရှိဘူးဆိုရင် အနည်းဆုံး
၁၅ရာခိုင်နှုန်းအထက်မှာ ရှိပါတယ်။ အခုလို စီးပွားရေးကျနေချိန်မှာ
ပိုလို့တောင်ဆိုးပါသေးတယ်။ တစ်ချို့များ အင်ဂျင်နီယာပါ လစာ S$၉၀၀ ပဲရပါတယ်
S'pass ကိုင်ရပါတယ်။ WP လို့ခေါ်တဲ့ အထွေထွေ အလုပ်သမားတွေဆိုရင် တစ်နေ့ကို
S$၁၈ ပဲရပါတယ်။ တစ်ပတ်တစ်ရက်နား တစ်လမှ S$၄၇၀ နီးပါးပဲရကျပါတယ်။
S'pass သမားက အလုပ်က နေစရာ မပေးပါဘူး။ အိမ်ငှားနေရပါတယ်။ အိမ်လခက အနည်းဆုံး S$၂၈၀
မှ S$၄၀၀ ထိကုန်ပါတယ်။ သွားလာရတဲ့ ကားခ၊ စားစရိတ်၊ အထွေထွေ အသုံးစရိတ်
အားလုံးပေါင်း အနည်းဆုံး လူတစ်ယောက်ဟာ S$၆၀၀ ကုန်ပါတယ်။ နောက်တော့
သံရုံးမှာ အခွန်က တစ်လကို S$၈၀ ပါ။ အဲ့ဒိတော့ S'pass နဲ့ အလုပ်လုပ်သူ
တစ်ယောက်ဟာ လွန်ရောကျွန်ရော တစ်လကို အသတင် S$၁၀၀၀ သာကျန်ပါတယ်။ တစ်လကို
၇သိန်းခွဲနဲ့ ၈သိန်းကြားပေါ့ဗျာ။ ရန်ကုန်မှာ မိသားစု ရှိမယ်။ တစ်ချို့ဆို
မိန်မတင်မဟုတ် ကလေးပါရှိတယ်။ ကိုယ့် မိဘရှိတယ်။ မိဘနဲ့ မိမိ မိသားစု နှစ်စု
ရန်ကုန်မှာ တစ်လ တစ်လ အထွေထွေ အသုံးစရိတ်က တစ်အိမ်ထောင်ကို ၄သိန်း
မလောက်ပါဘူးဗျာ။ အဲ့ဒိကြားထဲ အိမ်က မိန်းမက ဟိုဟာလေး လိုချင်တယ်
ယောက်ကျားရေ နင်က စင်္ကာပူမှာ S'passနဲ့ အလုပ်လုပ်နေပြီး ငါက ဒီမှာ
လူတန်းစေ့မနေနိုင်ဘူးလား။ သူများသားသမီး ယူထားပြီး ရှာမကျွေးနိုင်ဘူးလား
ဆိုပြီး ရန်ရှာသေးတယ်။ အဲ့လိုတွေဝင်လာပြီဆိုရင် ဒီကယောက်ကျား သေပြီသာမှတ်။
နောက်ရှိသေးတယ် ယောက်ကျားရေ ကျုပ်တို့ အိုးပိုင်
အိမ်ပိုင်လေးနဲ့နေချင်လှပြီတော် ရှင်လဲ နိုင်ငံခြားသွားတာ ကြားလှပြီ
ကျုပ်ကို အိမ်လေး တစ်လုံးလောက်ဝယ်ပေးပါလား ဆိုတာ ပါသေးတယ်။ ဒီက ယောက်ကျား
လုပ်တဲ့ သူ ဓါးပြထွက်တိုက်ရတော့မယ်။ ဘယ်လိုရှင်းပြရှင်းပြ နားမလည်တဲ့ သူတွေ
များပါတယ်။ နိုင်ငံခြားရောက်တယ် လစာ S'pass S$၁၈၀၀ ရတယ်။ ငါ့ကို ၄၀၀၀၀၀
ပဲပို့တယ်။ ဒင်း ဘယ်မယားငယ်ကိုထောက်ပံ့နေလဲ မသိဘူး။ ဒီလိုပဲတွေးနေကျပါတယ်။
ပြီးတော့ ပြောလိုက်သေးတယ် ရှင့်တစ်ယောက်ထဲ သုံးတာ မြန်မာငွေ ၆၀၀၀၀၀
နီးပါးကုန်သလားတဲ့။ ကျုပ်တို့ တစ်မိသား စုလုံး သုံးဖို့ ရှင်ပို့တာတောင်
၄၀၀၀၀၀ ထဲတဲ့။ ကဲ စဉ်းစားကျပါအုံး အရပ်ကတော်တို့ ရေ။ တစ်လကို ၃ခါလောက်မှ
ဖုန်းမဆက်ရင်လဲ ရန်တွေ့ခံရသေးပါတယ်တဲ့နော်။ အော်အော် ဒါနဲ့ ဒါတောင်
မိန်းမပဲရှိသေးတာနော်။ တစ်ချို့ မိဘတွေများ ပါပါသေးတယ်။ မိဘကို စော်ကားတာ
မဟုတ်ပါဘူး။ မိဘတွေနားလည်ပေးနိုင်အောင် ထည့်ရေးပေးတာပါ။ မိဘတွေကလဲ ထင်တာပဲ။
သားလေး နိုင်ငံခြား သွားအလုပ်လုပ်တယ် တစ်လ မြန်မာငွေ ၁၃၅၀၀၀၀ လောက်ရတယ်
ငါတို့ ဆီပို့တာ ၄၀၀၀၀၀၊ သူ့မိန်းမဆီပို့တာ ၄၀၀၀၀၀ အင်း ငါ့သားလေးတော့
တော်တော် စုမိမှာပဲလေ ဆိုပြီး ဟိုဆွေမျိုးလာ ထောက်ပံ့ချင်တာနဲ့
ဒီဆွေမျိုးတာ ပေးကမ်းချင်တာနဲ့။ မင်းဦးလေး ဘာဖြစ်လို့၊ မင်းအကို
ဘယ်နှစ်ဝမ်းကွဲမှန်းမသိ ဆုံးလို့၊ မင်းတူလေး ဆယ်တန်းတတ်လို့၊ မင်းဘကြီး
ဆေးရုံတတ်လို့ အားပါးပါး စုံလို့ပါဗျာ။ ဒီက သားကတော့ မိဘ စိတ်ဆင်းရဲမှာ
ဘယ်နေနိုင်ပါမလဲ လုပ်ပေါ့ အမေ အဖေတို့ သဘော ပါလို့ပဲ ပြန်ပြောရတာပေါ့။ ဒါက
S'passသမားတွေ ဒုက္ခပါ။
အော်ခုတစ်ခါ WP လို့ခေါ်တဲ့ အထွေထွေ အလုပ်သမားတွေ ကလဲ သူတို့ ရင်ဆိုင်ရတဲ့ ဒုက္ခ မသေးလှပါဘူးနော်။ နေစရာ ကို အလုပ်ကပေးပါတယ်။
တစ်ချို့အလုပ်တွေက ခရီးသွားလာရေးအတွက် မထောက်ပံ့ပါဘူး။
ခရီးစရိတ်ကုန်ပါတယ်။ စားစရိတ်ကုန်ပါတယ်။ သူတို့တွေက အိုတီကို မြော်ကိုးပြီး
အလုပ်လုပ်ရတာပါ။ ခုလို အလုပ်ပါးတဲ့ အချိန်ဆိုတော့ အိုတီ မရပါဘူး။ ခရီး
စရိတ်၊ စားစရိတ် အထွေထွေ အသုံးစရိတ် အားလုံးပေါင်းရင် စုစုပေါင်း S$၂၅၀ နဲ့
S$၃၀၀ ကြားမှာ ရှိပါတယ်။ ပိုငွေက S$၁၇၀ ပါ မြန်မာငွေ အလွန်ဆုံး ၁၅၀၀၀၀
လောက်ပါပဲ။ ဘယ်လိုမှ အိမ်က မိသားစုကို လုံလောက်အောင် မပို့နိုင်ပါဘူး။
ဒီကြားထဲ သူတို့မှာ အင်မတန် ဒုက္ခရောက်တာက အလုပ်ရှင်က ပတ်စ်စပို့
သိမ်းထားပါတယ်။ ပြန်ချင်တိုင်း ပြန်လို့မရပါဘူး။ အလုပ်ကမကောင်း
အိမ်ကမိသားစုက အဆင်မပြေ အိမ်ပြန်လို့မရ သူတို့ဘဝ အင်မတန်
သနားစရာကောင်းပါတယ်ဗျာ။ ဒီကြားထဲ အိမ်က မိန်းမတို့ ခုဏကလို မိဘတို့က
အပူကပ်ရင် အဲ့ဒိလူခမျာ ကိုယ့်ကိုကို သက်သေချင်လောက်အောင် စိတ်ဓါတ်ကျပါတယ်။
ဒါကတော့ WP လို့ခေါ်တဲ့ အထွေထွေ အလုပ်သမားတွေ ရဲ့ ဒုက္ခပေါ့။
ခုပြောခဲ့တာ နှစ်မျိုးစလုံး အလုပ်သမားတွေချည်းပါပဲ။ အမျိုးသားများတင်မဟုတ်ပါဘူး
အမျိုးသမီးများပါ ပါဝင်ပါတယ်။ နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်းလာနေကျ
မိသားစုနဲ့ ဝေး။ ကြင်နာမဲ့သူမရှိ နွေးထွေးမဲ့သူမဲ့ မိသားစုကပေးတဲ့ Pressure
နဲ့ အလုပ်က ရတဲ့ Pressure နဲ့တော်တော် မလွယ်ပါဘူးဗျာ။

နောက်တစ်မျိုးကတော့ ကျောင်းလာတတ်ကျသူတွေပါ။ ကျောင်းတတ်တယ်ဆိုတာ အမျိုးမျိုးရှိပါတယ်။
တချို့ကတော့ Poly တတ်တယ်၊ တချို့ကတော့ ITE တတ်တယ် တချို့ကတော့ NUS တို့ NTU
တို့လို တက္ကသိုလ်တွေတတ်ကျတယ်။ ဒါတွေကတော့ အစိုးရကျောင်းတွေပေါ့။ Part Time
လုပ်လို့ရကျတယ်။ Part Time ဆိုတာတောင် တရားဝင်ဆိုရင် တစ်နေ့ကို
ဘယ်နှစ်နာရီ ဆိုတဲ့ သက်မှတ်ချက်ရှိတယ်။ ပိုလုပ်လို့မရဘူး။ အားလုံး
ခိုးလုပ်ကျတာပဲ။ ရတယ်သိပ်ပြဿနာ မရှိဘူး လုပ်နိုင်သလောက်လုပ်။ ဒါပေမယ့်
ပြဿနာက လုပ်ချင်တာတောင် အလုပ်ကမရှိပါဘူး။ ဒီလို စီးပွားရေးကျနေချိန်မှာ
အလုပ်တွေက Part Time ခိုင်းရလောက်အောင် မကောင်းလို့ပါပဲ။ အဲ့ဒိတော့
အိမ်ကပြန်တောင်းရတော့တာပေါ့။ တချို့ကတော့ ပိုက်ဆံချေးကြတယ်။ ဒါက
အစိုးရကျောင်းတတ်သူများရဲ့ ဒုက္ခပေါ့။
နောက်တစ်မျိုးကျပြန်တော့ Private ကျောင်းတတ်သူများပါ။ အခြေအနေ အမျိုးမျိုးကြောင့် စင်္ကာပူမှာ Private ကျောင်း
လာတတ်ကျပါတယ်။ တစ်ချို့က တကယ်ကို ကိုယ်အထူးပြုချင်တဲ့ ဘာသာရပ်ကို
တကယ်ကြိုးစားပန်းစား လာတတ်တာပါ။ တချို့ကျတော့လဲ အလုပ်လာရှာပါတယ်
အလုပ်မရလို့ ကျောင်းအပ်ပြီး အလုပ်ဆက်ရှာကျရင်း တတ်ကျတာပါ။ ဒါပေမယ့်
ကျောင်းတတ်တာက Private ဆိုတော့ Part Time လုပ်လို့မရပါဘူး။
အလုပ်ခိုးလုပ်ရပါတယ်။ မိရင်ဖမ်းတယ် ရဲက သတိပေးတာ နှစ်ကြိမ်လောက်ထိတော့
လုပ်တယ်။ အဲ့ဒါမှ ထပ်မိရင် ကိုယ့် အထုပ် ကိုဆွဲ ရွာပဲပြန်တော့ပေါ့။
ရင်ဆိုင်ရတဲ့ ဘဝ ကြမ်းပါတယ်။ မိဘဆီက ပိုက်ဆံ ပြန်တောင်းဖို့ကလဲ ခတ်တော့
ရတဲ့ အလုပ်ကို လုပ်ရတာပေါ့။ အရင်ကတော့ မဆိုးဘူးလို့ပြောတာပဲ ခုချိန်မှာတော့
Part Time က အစိုးရကျောင်းတောင် မသေချာတာ Private ဆိုတော့ စဉ်းသာ
စဉ်းစားကြည့်ပါတော့ဗျာ။ အလုပ်က မလွယ် ကျောင်းလခက သွင်းရ၊ အိမ်လခပေးရ၊
စာမေးပွဲကြေးပေးရနဲ့ ကျောင်းတတ်ရင်း ရပ်တည်ဖို့ ဘယ်လို ရင်ဆိုင်မလဲ။ ဒီတော့
ကျောင်းသားတွေကတော့ သိပ်ကြာကြာ မခံပါဘူး ရပ်တည်လို့မရ ပြန်ကျတာပဲ။
ကျောင်းသူတွေ ခင်ဗျာမှာတော့ ပြန်တဲ့ သူရှိသလို အရပ်အခေါ်
စပွန်စာရှာကျသူများလဲရှိလာပါတယ်
။ စလုံးမှာ ရပ်တည်နိုင်အောင် အိမ်က တောင့်တောင့်တင်းတင်း ထောက်နိုင်ရင်ထောက် မထောက်နိုင်လို့ကတော့ မိန်းကလေး ဆိုရင် ဒီစပွန်စာ ရှာတဲ့ သံသရာထဲ ရောက်သွားကျတာ က ၅၀ရာခိုင်နှုန်းအထက်မှာ
ရှိပါတယ်။ ကျွန်တော် ဟိုတလောက အိုင်တီရှိုးမှာ အဒေါ်ကြီးတစ်ယောက် နဲ့
စကားပြောရင်းကနေ သူ့အနေနဲ့ စပွန်စာရှာတဲ့ ကျောင်းသူတွေကို မြင်တဲ့
အမြင်ကို ကျွန်တော့်ကိုပြောတာများ ကျွန်တော် ခုချိန်ထိ နားထဲ
ကြားနေတုံးပဲဗျာ။ သူပြောတာက ကျောင်းသူလေးတွေ ဒီမှာ အဆင်မပြေကျ
စပွန်စာတွေရှာကျ နောက်တော့ ရန်ကုန်ကိုပြန်ပြီး ရေဆေးကျတယ်တဲ့။ တော်တော်
ရင့်သီးတဲ့ စကားလုံးပါနော်။ ဒါတွေကတော့ ကျောင်းလာတတ်သူတွေရဲ့ ဒုက္ခပါပဲ။

ကဲနောက်ဆုံးကျတော့ ကျွန်တော်တို့ အိမ်မက်ထဲမှာ ပုံဖော်ထားတဲ့ နိုင်ငံခြားဆိုတာ ဟိုကလေးလေး ပြောသလို နတ်ပြည်လဲမဟုတ်ပါဘူး။ ကျွန်တော်
တွေးထားသလို နတ်ရေကန်လဲ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ဆိုလိုတာ
အားလုံးကို မဟုတ်ပါဘူး။ နိုင်ငံခြားမှာ တော်တော် အဆင်ပြေနေကျတဲ့ မိသားစုတွေ
ရှိပါတယ်။ အဆင်ပြေနေတဲ့ ကျောင်းသား ကျောင်းသူတွေ ရှိပါတယ်။ အားလုံးကို
သိမ်းကြုံးပြီး ဝါးလုံးနဲ့ သိမ်းရိုက်တာမဟုတ်ပါဘူးနော်။ ကျွန်တော်
ဒီပိုစ်လေးမှာ ပြောချင်တဲ့ အဓိက အကြောင်းက မြန်မာပြည်က မိဘ၊ ဆွေမျိုး၊
မိသားစု(အထူးသဖြင့် မိန်းမပေါ့နော်) အဲ့ဒါတွေကို ပြောချင်တာပါ။
နိုင်ငံခြားကို ထွက်သွားတိုင်း အဆင်မပြေနိုင်ပါဘူး။ ပိုက်ဆံရှာနေတဲ့ သူကို
စိတ်ဆင်ရဲအောင် မလုပ်ကျပါနဲ့။ အခြေအနေမှန်ကို သိအောင် သေသေချာချာ မေးကျပါ။
ဘာဖြစ်လို့ ငွေမပို့နိုင်တာလဲဆိုတာကို နားလည်ပေးနိုင်အောင် ကြိုးစားကျပါ။
နောက်တစ်ခုက ကျောင်းလာတတ်သော သူများပါ။ မိမိသားသမီး နိုင်ငံခြားမှာ
ကျောင်းတတ်နေတယ် Part Time လုပ်ရင်းတတ်တာ အဆင်ပြေနေတယ်ဆိုပြီး တရားသေ
မတွေးပါနဲ့။ အရင်တချိန်ကတော့ ဖြစ်နိုင်မယ်ထင်ပါတယ် ကျွန်တော် မရောက်သေးလို့
မသိပါဘူး။ ဒီအချိန်မှာတော့ ဘယ်နိုင်ငံမှာမှ မဖြစ်နိုင်တော့ပါဘူး။
အဲ့ဒိတော့ မိမိသားသမီးကို တကယ် ကျောင်းတတ်စေချင်တယ်ဆိုရင် လုံလောက်အောင်
ထောက်ပံ့ပါ၊ ဒါမှမဟုတ် အလုပ်ရှာရအောင် သက်သက်ဆိုလဲ အချိန်အတိုင်းအတာ
တစ်ခုထိ အခွင့်အရေးပေးပြီး မိမိမတတ်နိုင်တော့ရင် ပြန်ခေါ်နိုင်အောင်
ကြိုးစားပါ။ ဒီလိုမှမဟုတ်ရင် မိမိသားသမီးများ ကျွန်တော် ဆုံဖူးသော
မိန်းမကြီးပြောသလို ရေဆေးနေရပါအုံးမယ်။
ကျွန်တော် ခရောင်း ရေးချင်တာကြာလှပါပြီ။ ရေးသင့် မရေးသင့် စဉ်းစားနေတာပါ။ ခုတော့
အမိမြန်မာပြည်မှ ကျန်နေသေး သောသူများ သိစေရန် ရေးသားလိုက်ရပါသည်။
အားလုံးသိစေချင်လို့ပါ

ငိုမနေတော့ဘူးနော်

အချစ်ဆုံးသူရယ်
မကြင်နာရက်စက်
မင်းမေ့ သွားခဲ့ပြီ
ကြည်နူးဖွယ်မေတ္တာ
ဒီရင်မှာမြစ်တွယ်
နွယ်မနေတော့ဘူးနော်။။။

မေ့ထားရက်သူကို
ဘယ်ဆီကိုမျှော်မှန်း
တမ်းတမနေချင်
ခင်တွယ်လို့မဖြစ်
ချစ်မနေတော့ဘူးနော်။။။

နှလုံးသားကိုပုံ
ယုံမိတဲ့ကိုယ့်မှား
ထားပစ်ခဲ့ပါလေ
တွေဝေလို့မှိုင်ငေး
ဆွေးမနေတော့ဘူးနော်။။။

နုနယ်တဲ့အသည်း
ကွဲလိုက်စမ်းပါစေ
ငယ်ရွယ်သူချစ်မူး
ရူးချင်လဲရူးသွား
တားမနေတော့ဘူးနော်။။။

မေ့ထားဖို့ကြိုးစား
အသည်းခွဲသွားသူ
မတူညီချစ်နဲ့ 
မင်းထားရက်တာကို
ငိုမနေတော့ဘူးနော်။။။။

အခုချိန်ထိ ကြိုးစားနေဆဲပဲ ချစ်သူ

နင့်နှုတ်ခမ်းက
ရက်စက်တဲ့စကား
သေတာထက်တောင်ဆိုးတယ်
မလှလို့ဖယ်ခွာ
ကွဲကြေ အသည်း
အလှစစ်ဆိုတာ
ကိုယ်ကျင့်တရားကောင်းမွန်ခြင်းနှင့်
စိတ်ထားဖြူစင်ခြင်း
နင်မသိတာဆိုးတယ် ချစ်သူ
ရက်စက်ပါ
ထားခဲ့ပါ
ရူပကာမလှပေမယ့်
ချစ်တာပြိုင်မယ်ဆို
တစ်လောကလုံးနဲ့
ငါပြိုင်ရဲတယ်
ချစ်သူ. . .
အရှေ့ဆီမှာရှိတဲ့ အနာဂတ်လမ်း
ရင်ကွဲရင်း လျှောက်လှမ်းဖို့
ခြေနှစ်စုံဟာ အားအင်မဲ့နေတယ်
ရင်ကိုပစ်ခွင်းလိုက်တဲ့ စကားဗုံးဟာ
နေမကောင်းဖြစ်ပြီး
အိပ်ယာထဲ ခွေလဲစေတယ်. . .
ချမ်းလွန်းတဲ့ ဒီဇင်ဘာ
ငါမချမ်းနိုင်
ပူလောင်နေရတယ်
နင်မရှိလည်း
နေသားကျတတ်ဖို့
အခုချိန်ထိ ကြိုးစားနေဆဲပဲ
ချစ်သူ. . . ။ ။

'တက္ကသိုလ် ၀င်တန်း စာမေးပွဲ၌ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှ...

၂၀၁၀ ပြည့်နှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးသူများထဲတွင်
မြန်မာတစ်နိုင်ငံလုံးအမှတ်အများဆုံးဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီး၌ Top ten
ဆုရှင် ၁၅ ဦးထဲမှ ပထမဆုရှင်ဖြစ်သူ မခိုင်ခိုင်လွင်ကျော်အား
တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ မြန်မာတစ်နိုင်ငံလုံးထဲမှ
အမှတ်အများဆုံးရရှိစေရန် မည်ကဲ့သို့ ကြိုးစားအားထုတ်မှုများ
ပြုလုပ်ခဲ့သည်များနှင့် ထူးချွန်လူငယ်တစ်ဦး၏ ဘဝ
ရည်မှန်းချက်ထားရှိပုံများအား စက်တင်ဘာလ ၁၁ ရက်နေ့က
တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး - တက္ကသိုလ် ၀င်စာမေးပွဲမှာ အခုလို မြန်မာတစ်နိုင်ငံလုံးအမှတ် အများဆုံးရရှိခဲ့အောင် ဘယ်လို ကြိုးစားခဲ့ရပါသလဲ။

ဖြေ - ၉ တန်းအောင်ပြီး နွေရာသီ အချိန်မှာကတည်းက စာမေးပွဲအတွက် အလွတ်ကျက်ရမယ့်အရာတွေ စတင်ပြီး ကျက်ထားတယ်။ စာစီစာကုံး၊ အင်္ဂလိပ်စာအက်ဆေးတွေ ကိုအရေးကျင့်တယ်။ ကျောင်းတက်စဉ်မှာလည်း
တစ်နေ့စာ တစ်နေ့ မှန်မှန်လုပ်တယ်။ သူများတွေလို အချိန်ဇယားနဲ့လုပ်မထားဘဲ
တစ်နေ့မှာ ခြောက်နာရီကနေ ခုနစ်နာရီ သတ်မှတ်ပြီး ကျက်ဖြစ်ပါတယ်။ ပြီးတော့
သူများတွေအနီးကပ် Guide ယူသလို သမီး မယူခဲ့ပါဘူး။ ကိုယ့်ဘာသာပဲ
အချိန်မှန်မှန် စာကျက်ဖြစ်ခဲ့ပါတယ်။

မေး - တစ်နိုင်ငံလုံးမှာ အမှတ်အများဆုံးရဖို့ မဖြေဆိုခင်ကတည်း က ရည်ရွယ်ပြီး ကြိုးစားခဲ့တာလား။

ဖြေ - အဓိကကတော့ ကိုယ်လုပ်နိုင်တာကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တာပါ။ Top-Ten ဖြစ်ရမယ်လို့ ရည်ရွယ်ချက်ကြီး မထားခဲ့ပေမယ့် ခြောက်ဘာသာဂုဏ်ထူး
ထွက်ပြီး ဆရာဝန်ဖြစ်ချင်တဲ့အတွက် ဆရာဝန်လိုင်း ၀င်အောင် ကြိုးစား
မယ်လို့တော့ မျှော်မှန်းခဲ့ပါတယ်။

မေး - ကျောင်းတက်စဉ်မှာ ပြင်ပ ဗဟုသုတစာတွေ လေ့လာတာရှိခဲ့ပါသေးသလား။

ဖြေ - ပြင်ပစာဆိုတာ သမီး အတွက်ကတော့ ဂျာနယ်၊ မဂ္ဂဇင်းတွေပဲ ဖတ်ဖြစ်ပါတယ်။

မေး - တက္ကသိုလ်တွေ ရွေးချယ်တော့ ဘယ်လိုင်းကို လျှောက်ထားဖြစ်ခဲ့ပါသလဲ။

ဖြေ - ဆရာဝန်လိုင်းကို လျှောက်ထားပါတယ်။

မေး - ဆရာဝန် ဘာကြောင့်ဖြစ်ချင်တာလဲဆိုတာက . .. .

ဖြေ - သမီးရဲ့အမေကလည်း ဆရာဝန်၊ ပြီးတော့ သမီးတို့ မိဘအသိုင်းအ၀ိုင်းက ဆရာဝန်တွေပဲ ဖြစ်တာကြောင့် ငယ်စဉ်ကတည်းက ဆရာဝန် ဖြစ်ချင်ခဲ့တာပါ။ နှလုံးအထူးကု ဆရာဝန်ဖြစ်ချင်တာပါ။

မေး - ဘ၀မှာ စံထားရလောက်တဲ့ပုဂ္ဂိုလ်က ဘယ်သူပါလဲ။

ဖြေ - သမီးရဲ့အမေပါ။

မေး - အနာဂတ်ရည်မှန်းချက်တွေ ရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ - ဆရာဝန်ဖြစ်ရင် ချို့တဲ့နွမ်းပါးတဲ့သူတွေကို ကုသနိုင်မယ့် ဆရာဝန်မျိုး ဖြစ်ချင်တယ်။ အဓိက က ဆင်းရဲ၊ ချမ်းသာမဟုတ်ဘဲ အသက်ကြီးသူတွေ၊ နွမ်းပါးသူတွေကို အခမဲ့
ကုသပေးချင်ပါတယ်။

မေး - အခုအချိန်မှာ Top-Ten တော်တော်များများ နိုင်ငံခြား ထွက်နေကြတယ်။ ညီမရော နိုင်ငံခြားထွက်ဖို့ အစီအစဉ် ရှိပါသလား။

ဖြေ - ဒီနိုင်ငံက ဆေးကျောင်းမှာ သင်တဲ့ပညာနဲ့ နိုင်ငံရပ်ခြားမှာသင်နေတဲ့ ဆေးပညာရပ်တွေဟာ အတူတူပါပဲ။ ဘွဲ့ရတဲ့အထိ ဆေးတက္ကသိုလ်(၁) မှာ တက်သွားပါမယ်။
နိုင်ငံခြားကိုတော့ လက်တလောထွက်ဖို့ အစီအ စဉ်မရှိသေးပါဘူး။

မေး - လူငယ်တစ်ဦးအတွက် ဘ၀ မှာ ဘယ်အရာက အရေးကြီးဆုံးလို့ ခံယူထားပါသလဲ။

ဖြေ - စိတ်ထားကောင်းမွန်ရမယ်။ ဘယ်နေရာကိုပဲ ရောက်ရောက် ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသ၊ ကိုယ့်လူ မျိုးကို အကျိုးပြုနိုင်တဲ့သူဖြစ်အောင် လူငယ်တွေ
လုပ်သွားရမယ်လို့ ထင်ပါတယ်။

မေး - အခုဘာသင်တန်းတွေ တက်နေလဲဆိုတာ ပြောပြပေးပါဦး။

ဖြေ - အင်္ဂလိပ်စာသင်တန်းတွေ ကိုပဲ တက်နေပါတယ်။

မေး - တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမယ့်သူတွေအတွက် ဘာများ ပြောချင်ပါသေးလဲ။

ဖြေ - ဆရာတွေ စာသင်စဉ်မှာ အာရုံစူးစိုက်နားထောင်ပါ။ ဒါဟာ အရမ်းကို အကျိုးရှိပါတယ်။ တစ်နေ့စာတစ်နေ့ ပုံမှန်ကျက်ဖြစ်အောင် လုပ်ပါ။
ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တာကြောင့် ဘုရား၊တရားကို မမေ့ဖို့နဲ့မိဘ၊ ဆရာတွေကို
မစော်ကား မိပါစေနဲ့လို့ပဲ ပြောချင်ပါတယ်။

ဘာသာရပ်အလိုက်ရမှတ်စာရင်း
မြန်မာစာ ၈၂
အင်္ဂလိပ်စာ ၈၅
သင်္ချာ ၉၉
ဓာတုဗေဒ ၉၅
ရူပဗေဒ ၉၈
ဇီဝဗေဒ ၉၉
ရမှတ်စုစုပေါင်း ၅၅၈

Profile
အမည် မခိုင်ခိုင်လွင်ကျော်
မွေးသက္ကရာဇ် ၆-၆-၁၉၉၄
မိဘအမည် ဦးရဲလွင်၊ ဒေါက်တာသွဲ့ယဉ်ယဉ်ကျော်
မွေးချင်း တစ်ဦး
တက်ရောက်ခဲ့သောကျောင်း အထက(၂)စမ်းချောင်း
ငယ်စဉ်ကတည်းက ရရှိခဲ့ဖူးသောဆုများ အတန်းစဉ်အလိုက် ပထမဆုများ၊မြို့နယ်ထူးချွန်ဆုများ၊ ဘက်စုံထူးချွန်ဆုများ
ဝါသနာ စာဖတ်ခြင်း၊ အော်ဂင်တီးခြင်း

'တက္ကသိုလ် ၀င်တန်း စာမေးပွဲ၌ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှ...

၂၀၁၀ ပြည့်နှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးသူများထဲတွင်
မြန်မာတစ်နိုင်ငံလုံးအမှတ်အများဆုံးဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီး၌ Top ten
ဆုရှင် ၁၅ ဦးထဲမှ ပထမဆုရှင်ဖြစ်သူ မခိုင်ခိုင်လွင်ကျော်အား
တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ မြန်မာတစ်နိုင်ငံလုံးထဲမှ
အမှတ်အများဆုံးရရှိစေရန် မည်ကဲ့သို့ ကြိုးစားအားထုတ်မှုများ
ပြုလုပ်ခဲ့သည်များနှင့် ထူးချွန်လူငယ်တစ်ဦး၏ ဘဝ
ရည်မှန်းချက်ထားရှိပုံများအား စက်တင်ဘာလ ၁၁ ရက်နေ့က
တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး - တက္ကသိုလ် ၀င်စာမေးပွဲမှာ အခုလို မြန်မာတစ်နိုင်ငံလုံးအမှတ် အများဆုံးရရှိခဲ့အောင် ဘယ်လို ကြိုးစားခဲ့ရပါသလဲ။

ဖြေ - ၉ တန်းအောင်ပြီး နွေရာသီ အချိန်မှာကတည်းက စာမေးပွဲအတွက် အလွတ်ကျက်ရမယ့်အရာတွေ စတင်ပြီး ကျက်ထားတယ်။ စာစီစာကုံး၊ အင်္ဂလိပ်စာအက်ဆေးတွေ ကိုအရေးကျင့်တယ်။ ကျောင်းတက်စဉ်မှာလည်း
တစ်နေ့စာ တစ်နေ့ မှန်မှန်လုပ်တယ်။ သူများတွေလို အချိန်ဇယားနဲ့လုပ်မထားဘဲ
တစ်နေ့မှာ ခြောက်နာရီကနေ ခုနစ်နာရီ သတ်မှတ်ပြီး ကျက်ဖြစ်ပါတယ်။ ပြီးတော့
သူများတွေအနီးကပ် Guide ယူသလို သမီး မယူခဲ့ပါဘူး။ ကိုယ့်ဘာသာပဲ
အချိန်မှန်မှန် စာကျက်ဖြစ်ခဲ့ပါတယ်။

မေး - တစ်နိုင်ငံလုံးမှာ အမှတ်အများဆုံးရဖို့ မဖြေဆိုခင်ကတည်း က ရည်ရွယ်ပြီး ကြိုးစားခဲ့တာလား။

ဖြေ - အဓိကကတော့ ကိုယ်လုပ်နိုင်တာကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တာပါ။ Top-Ten ဖြစ်ရမယ်လို့ ရည်ရွယ်ချက်ကြီး မထားခဲ့ပေမယ့် ခြောက်ဘာသာဂုဏ်ထူး
ထွက်ပြီး ဆရာဝန်ဖြစ်ချင်တဲ့အတွက် ဆရာဝန်လိုင်း ၀င်အောင် ကြိုးစား
မယ်လို့တော့ မျှော်မှန်းခဲ့ပါတယ်။

မေး - ကျောင်းတက်စဉ်မှာ ပြင်ပ ဗဟုသုတစာတွေ လေ့လာတာရှိခဲ့ပါသေးသလား။

ဖြေ - ပြင်ပစာဆိုတာ သမီး အတွက်ကတော့ ဂျာနယ်၊ မဂ္ဂဇင်းတွေပဲ ဖတ်ဖြစ်ပါတယ်။

မေး - တက္ကသိုလ်တွေ ရွေးချယ်တော့ ဘယ်လိုင်းကို လျှောက်ထားဖြစ်ခဲ့ပါသလဲ။

ဖြေ - ဆရာဝန်လိုင်းကို လျှောက်ထားပါတယ်။

မေး - ဆရာဝန် ဘာကြောင့်ဖြစ်ချင်တာလဲဆိုတာက . .. .

ဖြေ - သမီးရဲ့အမေကလည်း ဆရာဝန်၊ ပြီးတော့ သမီးတို့ မိဘအသိုင်းအ၀ိုင်းက ဆရာဝန်တွေပဲ ဖြစ်တာကြောင့် ငယ်စဉ်ကတည်းက ဆရာဝန် ဖြစ်ချင်ခဲ့တာပါ။ နှလုံးအထူးကု ဆရာဝန်ဖြစ်ချင်တာပါ။

မေး - ဘ၀မှာ စံထားရလောက်တဲ့ပုဂ္ဂိုလ်က ဘယ်သူပါလဲ။

ဖြေ - သမီးရဲ့အမေပါ။

မေး - အနာဂတ်ရည်မှန်းချက်တွေ ရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ - ဆရာဝန်ဖြစ်ရင် ချို့တဲ့နွမ်းပါးတဲ့သူတွေကို ကုသနိုင်မယ့် ဆရာဝန်မျိုး ဖြစ်ချင်တယ်။ အဓိက က ဆင်းရဲ၊ ချမ်းသာမဟုတ်ဘဲ အသက်ကြီးသူတွေ၊ နွမ်းပါးသူတွေကို အခမဲ့
ကုသပေးချင်ပါတယ်။

မေး - အခုအချိန်မှာ Top-Ten တော်တော်များများ နိုင်ငံခြား ထွက်နေကြတယ်။ ညီမရော နိုင်ငံခြားထွက်ဖို့ အစီအစဉ် ရှိပါသလား။

ဖြေ - ဒီနိုင်ငံက ဆေးကျောင်းမှာ သင်တဲ့ပညာနဲ့ နိုင်ငံရပ်ခြားမှာသင်နေတဲ့ ဆေးပညာရပ်တွေဟာ အတူတူပါပဲ။ ဘွဲ့ရတဲ့အထိ ဆေးတက္ကသိုလ်(၁) မှာ တက်သွားပါမယ်။
နိုင်ငံခြားကိုတော့ လက်တလောထွက်ဖို့ အစီအ စဉ်မရှိသေးပါဘူး။

မေး - လူငယ်တစ်ဦးအတွက် ဘ၀ မှာ ဘယ်အရာက အရေးကြီးဆုံးလို့ ခံယူထားပါသလဲ။

ဖြေ - စိတ်ထားကောင်းမွန်ရမယ်။ ဘယ်နေရာကိုပဲ ရောက်ရောက် ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသ၊ ကိုယ့်လူ မျိုးကို အကျိုးပြုနိုင်တဲ့သူဖြစ်အောင် လူငယ်တွေ
လုပ်သွားရမယ်လို့ ထင်ပါတယ်။

မေး - အခုဘာသင်တန်းတွေ တက်နေလဲဆိုတာ ပြောပြပေးပါဦး။

ဖြေ - အင်္ဂလိပ်စာသင်တန်းတွေ ကိုပဲ တက်နေပါတယ်။

မေး - တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမယ့်သူတွေအတွက် ဘာများ ပြောချင်ပါသေးလဲ။

ဖြေ - ဆရာတွေ စာသင်စဉ်မှာ အာရုံစူးစိုက်နားထောင်ပါ။ ဒါဟာ အရမ်းကို အကျိုးရှိပါတယ်။ တစ်နေ့စာတစ်နေ့ ပုံမှန်ကျက်ဖြစ်အောင် လုပ်ပါ။
ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တာကြောင့် ဘုရား၊တရားကို မမေ့ဖို့နဲ့မိဘ၊ ဆရာတွေကို
မစော်ကား မိပါစေနဲ့လို့ပဲ ပြောချင်ပါတယ်။

ဘာသာရပ်အလိုက်ရမှတ်စာရင်း
မြန်မာစာ ၈၂
အင်္ဂလိပ်စာ ၈၅
သင်္ချာ ၉၉
ဓာတုဗေဒ ၉၅
ရူပဗေဒ ၉၈
ဇီဝဗေဒ ၉၉
ရမှတ်စုစုပေါင်း ၅၅၈

Profile
အမည် မခိုင်ခိုင်လွင်ကျော်
မွေးသက္ကရာဇ် ၆-၆-၁၉၉၄
မိဘအမည် ဦးရဲလွင်၊ ဒေါက်တာသွဲ့ယဉ်ယဉ်ကျော်
မွေးချင်း တစ်ဦး
တက်ရောက်ခဲ့သောကျောင်း အထက(၂)စမ်းချောင်း
ငယ်စဉ်ကတည်းက ရရှိခဲ့ဖူးသောဆုများ အတန်းစဉ်အလိုက် ပထမဆုများ၊မြို့နယ်ထူးချွန်ဆုများ၊ ဘက်စုံထူးချွန်ဆုများ
ဝါသနာ စာဖတ်ခြင်း၊ အော်ဂင်တီးခြင်း

ဒကာကြီးပြောမှဘဲ ဘာသာကြီး လေးရပ်ထဲက ထွတ်ဖို့သတိရတော့တယ်”

လူတိုင်းဖြတ်သန်းခဲ့ကြတဲ့ ဘဝတစ်လျောက်မှာ အတိတ်ဆိုတာ ရှိကြစမြဲဘဲ မဟုတ်လား။ အဲ့ဒီအတိတ်တွေကို ပြန်စဉ်းစား မိလိုက်ရင် လွမ်းမောစရာ၊ ဝမ်းနည်းပူဆွေးစရာတွေရှိသလို ကြည်နူးဝမ်းသာစရာ၊ ပြုံးပျော်ရွှင်စရာ အမှတ်တရလေးတွေလည်း ကိုယ်စီ ရှိတတ်ကြတယ်လေ။ ကျွန်မဘဝမှာလည်း အတိတ်ကဖြစ်ပျက်ခဲ့၊ အမှတ်ရစရာလေးတွေ အများကြီးထဲကမှ အဖေနဲ့ပတ်သက်ပြီး ပြန်တွေးမိတိုင်း၊ စဉ်းစားမိလိုက်တိုင်းပြုံးမိနေရတဲ့ အဖြစ်အပျက်လေးတွေကို စိတ်ပေါ့ပါး ကြည်နူးစေချင်တဲ့ ဆန္ဒနဲ့ပြောပြချင် ပါတယ်။ ဒီအကြောင်းလေးတွေကို မပြောပြခင် အဖေ့အကြောင်း နည်းနည်းသိအောင် အရင်ပြောပြပါမယ် အဖေက အခုဆို အသက်(၈၀)ကျော် (၉၀)နားနီးနေပါပြီ။ တစ်ရွာလုံးကလည်း အဖေ့ကိုချစ်ကြ။ လေးစားကြတယ်။ အသက်ကလည်းကြီးပြီး ဗဟုသုတတွေလည်း ပြည့်စုံတဲ့အတွက် မသိတာ၊ နားမလည်တာတွေကို လာလာပြီးမေးကြတယ်။ အကြံဥာဏ် တောင်းကြတယ်။ အဖေက စကားနည်းပြီး ပြောလိုက်ရင်လည်းဒုတ်ထိုးအိုးပေါက် ပြောတတ်တဲ့အကျင်၊့ သူမှန်ရင်ဘယ်သူကိုမှ အားမနာ ဂရုမစိုက်ဘဲ ပြောတတ် လုပ်တတ်တဲ့ အကျင့်လေးတွေရှိတယ်။

ဥပမာတစ်ခုပြောရရင်တော့..

ကျွန်မတို့ရွာမှာ
ဝါတွင်းဆိုရင် အဖိတ်၊ဥပုသ်နေ့တိုင်း ဘုန်းကြီးကျောင်းမှာ တရားပွဲတွေရှိတယ်။ တရားဟောတာကတော့ ဘုန်းကြီးနဲ့ဦးဇင်းတွေ အလှည့်ကျဟောကြရတယ်။ အဲ့ဒီဘုန်းကြီးကျောင်းမှာ ဝါတွင်းသုံးလ ဦးဇင်း လာဝတ်တဲ့ ကိုယ်တော် တစ်ပါးလည်း ရှိနေတယ်။ ဘုန်းကြီးက ဒီဦးဇင်းကိုခဏပဲလာ ဝတ်တဲ့ ကိုယ်တော်မို့ တရားဟောရမယ့်စာရင်းထဲမှာ မထည့်ထားဘူး။ အဲဒီကိုယ်တော်ကလည်းတော်တော်လေး တရားဟောချင်ရှာတယ်။ ဘုန်းကြီးကိုလည်း သူတရားဟောချင်လို့ ဟောခွင့်ပြုဖို့ ခွင့်တောင်းတယ်။ ဒါနဲ့ဘုန်းကြီးကလည်း အရှင်ဘုရားကတရားဟောမယ်ဆိုရင် တရားစာတွေကရော ရရဲ့လားလို့ မေးတယ်။ အဲ့ဒီဦးဇင်းကလည်း သူ ညက ဘာသာကြီးလေးရပ် ဆိုတဲ့စာအုပ်ကို သေသေချာချာ ဖတ်ထားကြောင်း၊ အဲ့ဒီ အကြောင်းအရာတွေကို တရားနာတဲ့ပရိတ်သတ်တွေကို ဗဟုသုတရအောင် သူဟောပြမယ်ဆိုပြီး လျှောက်တယ်။ ဘုန်ကြီးက “ဒါဆိုရင်လည်းဒီနေ့ညနေ(၄)နာရီတရားပွဲကိုအရှင်ဘုရားပဲဟောလိုက်တော့” လို့ခွင့်ပေးလိုက်တယ်။

ညနေရောက်တော့ တရားနာတဲ့လူတွေ လာတြတယ်။ တရားပွဲကတော့ အသက်ကြီးတဲ့အဖိုးအို အဖွာအိုတွေ
ပိုပြီးများတယ်။သီလရှင်တွေကတော့ ကျွန်မအပါအဝင်(၇)ပါးလောက်တော့ရှိမယ်(အဲ့ဒီတုန်းက ကျွန်မက သီလရှင် ခဏ ဝတ်ထားပါတယ်)။ ၄နာရီထိုးတော့ဦးဇင်းကြွလာတယ်။ ဘုရားကန်တော့ သီလပေးပြီး တရားစဟောပါတော့တယ်။ စဟောတုန်းကတော့ဟုတ်လို့ပေါ့။ ဒီလိုနဲ့ဟောနေလိုက်တာ ည(၇)နာရီကျော်နေပြီ တရားက မဆုံသေးဘူး။ ဘာသာကြီး လေးရပ်ကနေလည်း ထွက်လို့ မရနိုင်တော့ဘူး။ ချာချာလည်နေပြီ။ သူဖတ်ထားတာတွေလည်း မေ့ကုန်ပြီ ထင်ပါတယ်.. ဦးဇင်းကလည်း မျက်နှာတွေပျက်ပြီး ချွေးတွေလည်း ပျံနေပြီ။ အချိန်ကလည်း တော်တော့ကို ကြာနေပြီဆိုတော့ တစ်ချို့အဖိုးအဖွားတွေက ရျှူးပေါက်ချင်လို့ဆိုပြီး ထပြန်ကုန်ပြီ။ ကြာကြာ မထိုင်နိုင်တဲ့ အဖိုးအဖွားကြီးတွေကလည်း ခြေထောက်တွေ ဟိုပြောင်းဒီပြောင်းနဲ့ မတတ်နိုင်တဲ့ အဆုံးတော့ ပြန်ကြတော့တာပေါ့။ ကျွန်မတို့ဆရာလေးတွေအဖွဲ့ကလည်း ညပိုင်းအိမ်တစ်အိမ်မှာ ဓမ္မစကြာရွတ်ဖို့ ဖိတ်ထားတဲ့အတွက် သွားပြီးရွတ်ဖတ်ကြရမှာ နောက်ကျနေပြီ။ ဒါနဲ့ ဆရာလေးတွေအဖွဲ့ကလည်း ထဖို့ တီးတိုး တိုင်ပင် နေကြချိန်မှာ ကျွန်မတို့အဖေက ဗြုန်းဆို မတ်တတ်ထရပ်လိုက်ပြီး ဦးဇင်းကိုပြောလိုက်တယ်။ “အရှင်ဘုရားတစ်ပါးတည်း ဟောနေလိုက်တော့ တပည့်တော်တို့တော့ ပြန်တော့မယ်” တဲ့။ ဘာပြောကောင်းမလဲ အဖေ့ကိုကြည့်ပြီး ဦးဇင်းရော တရားနားပရိတ်သတ်တွေပါ ရယ်လိုက်ကြတာ။ ဒါနဲ့ဦးဇင်းလည်း ရယ်ရယ်မောမောနဲ့ “ဒကာကြီးပြောမှဘဲ ဘာသာကြီး လေးရပ်ထဲက ထွတ်ဖို့သတိရတော့တယ်” ဆိုပြီး တရား သိမ်းလိုက်တော့တယ်။

လေပြည်ကလေးပဲ ဖြစ်ချင်ခဲ့တာပါ

ချစ်သူရေ …

တစ်နေ့ထက်တစ်နေ့

ကုန်လွန်လာလဲ …

ရိုးသားခြင်းနဲ့ တွဲခဲ့တဲ့

ငါတို့ လက်တွေ

မြဲနေဖို့ပဲ … ဆုတောင်းမိခဲ့တယ် ။


နေကြာတွေ ပွင့်တိုင်း

အလွမ်းတွေရင့် လာပေမယ့် …

ဟိုးဝေးဝေးက နင့် ဆီ

သစ္စာတရားတွေပဲ

လက်ဆောင်ပေးချင်မိတယ် … ။


ယုံကြည်ပါ ချစ်သူ …

နင့်အတွက် ငါ …

ကြယ်တွေဆွတ်ခူးမပေးနိုင်ပေမယ့်

နှင်းပွင့်တွေလို အေးမြခြင်းတွေ

ရင်ထဲထည့်ပေးချင်မိတယ် … ။


ချစ်သူ ရဲ့ အိပ်စက်ခြင်းဆီ

နှင်းဆီရနံ့တွေ သယ်ဆောင်လို့

ရွှေရောင်အိပ်မက်တွေ …

ဖန်ဆင်းပေးတဲ့ …

လေပြည်ကလေးပဲ ဖြစ်ချင်ခဲ့တာပါ ။

ငါ့အကောင့် list ထဲမှာ နင်လည်းမရှိတော့ပြီမို

လေဟာနယ်မှာမျောနေတဲ့လူတစ်ယောက်လို
ငါဟာကမ္ဘာမြေပေါ်မှာလွင့်
စိတ်ကူးနဲ့လေပေါ်အိမ်ဆောက်လို့
ရေပေါ်မှတ်တိုင်လေးတစ်ခုစိုက်ထူခဲ့ပါတယ်
အမှတ်တရအဖြစ်ပေါ့
္ထonline ပေါ်ကလူတစ်ယောက်ကို
အပြင်မှာချစ်ခွင့်ရမှာမဟုတ်မှန်းမသိစိတ်ကသိနေပေမယ့်
တားဆီးမရတဲ့ရင်ခုန်သံစည်းချက်တွေက
သူ့ကိုချစ်တယ်လို့အဖြေပေးနိုင်လောက်တဲ့အထိ
တွန်းပို့မိခဲ့ပါတယ်
နင်မသိလဲလေ....
နင်လိမ်တာကိုသိသိကြီးနဲ.
ငတုံးငအလိုတမင်အညာခံခဲ့တဲ့ ငါ့ကိုငါလည်း
အံ့သြမိပါရဲ.
ဒါပေမယ့်လည်းလေ
ထမင်းစားရေသောက်နင်ပြောတဲ့ချစ်တယ်ဆိုတဲ့စကားကို
အကြမ်ကြိမ်အထပ်ထပ်ရင်ခုန်ကြည်နူးရင်း
G-talk မှာစကားပြောခွင့်လေးကိုပဲမျှော်လင့်မိပါတယ်
နင်မသိလဲလေ
လန်နိုးပြီး ဇာတ်သိမ်းမဲ့
အလွမ်းဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်မှာမှန်းသိရကိနဲ့
အခန်းဆက်တွေတိုးနိုင်သမျှတိုး၇င်း
မသိမသာနဲ့ပဲဇာတ်သိမ်းခန်းလည်းရောက်ခဲ့ပေါ့
မမျှော်လင့်ပဲလေ...
အခုတော့
နင့်ကိုမုန်းတယ်လို့
ပြောမိတဲ့ငါ့စကားကို
Backspace သုံးပြီးပြန်ဖျက်ခွင့်ရချင်ပေမယ့်
Enter လည်းခေါက်ပြီးပြီမို့
အလွမ်းနဲ့ပဲ နိ၈ုန်းချုပ်လိုက်ပါတယ်
ငါ့အကောင့် list ထဲမှာ
နင်လည်းမရှိတော့ပြီမို.။ ။

ဝက်ဝံရုပ်လေးရဲ့ သစ္စာတရားပါ

♥လာလေ နင်တို့ကလည်း ငါတို့ ဒီကားပေါ်အတူတက်ကြမယ်လေနော်...
နင်ကလည်းဟာ ငါတို့ကနင်နဲ့အတူတူနေချင်ပေမဲ့ သူတို့ခေါ်ရာငါတို့လိုက်နေရတာလေ...
အတူတူနေချင်ပေမဲ့ ထားရာနေရာ နေရမှာလေဟာ...♥

➷နင်မေ့ပြီးလား နင်က သူတို့ခေါ်ရာလိုက်နေရမဲ့ ၀က်ဝံရုပ်လေးဆိုတာလေ...

ဟုတ်ပါသည် ကျွန်မ သည် သူတို့ခေါ်ရာလိုက်နေပေးရသည့် ၀က်ဝံ ရုပ်လေးသာဖြစ်ပါသည်...
ကျွန်မ သတိတစ်ချက် ၀င်လာချိန်မှာ ကျွန်မကို ♥ကားကြီးတစ်စီးဆီသို့ သယ်ယူသွားလေပြီ...
ကျွန်မ ချစ်တဲ့သူငယ်ချင်းတွေနဲ့ ခွဲခဲ့ရသည် တစ်ယောက်ထဲ ထိုကားကြီးထဲတွင် ရှိနေစဉ်...

ဒီနေ့ ကျွန်တော့မွေးနေ့ မေမေခေါ်ရာလိုက်လာခဲ့ရာ...
ဒီအရုပ်လေးက ချစ်စရာလေးနော် သားအတွက်လားဟင်?
(ကောင်လေး ရေရွတ်မိနေစဉ်)အတွေးများက သားအမိနှစ်ယောက်ဖြစ် စဉ်သို့
ကျွန်တော်နှင့်အမေသည် မတည့်သည့်သားအမိနှစ်ယောက်ပါ...မေမေ နောက်အိမ်ထောင်ပြုသည့်နေ့မှစပြီး
မေမေနှင့်ကျွန်တော် မခေါ်မပြောနေလာတာ ကြာခဲ့ပါပြီ ဒီနေ့ ကျွန်တော့မွေးနေ့ ကိုပင်မေ့လျှက် သူဧ။် စက်ရုံသို့သွားရန်
မေမေ ခေါ်သဖြင့် တစ်လမ်းလုံးစကားမပြောပဲ လိုက်လာပြီး အပြန်လမ်း မှာ ထိုအရုပ်လေးကို တွေ့ သွားခြင်း ဖြစ်ပါသည်...
ကျွန်တော် အရမ်းကြိုက်လို့ ခဏခဏ ခေါင်းလှည့်ကြည့်မိပါသည်...

ဒါကိုသိသော မေမေက➷ ❤" သားလေး အရုပ်လေးက သားအတွက်နော် သားလေးမွေးနေ့အမှတ်တရပေါ့ ညကြ Dinner
ပွဲလေးလည်းလုပ်ပေးမယ်နော်...စက်ရုံထဲ မှာ ထုတ်သမျှထဲ အလှဆုံးလေးမို့ မေမေ သားလေးအတွက် လက်ဆောင်ယူလာပေးတယ်နော် သား... "❤

ღကျွန်တော်အရမ်းပျော်ပါသည် ကျွန်တော့ကိုမချစ်ဘူးဟု ထင်ထားသောမေမေသည် ကျွန်တော့် မွေးနေ့ကို မှတ်မိသည့် အပြင်
ကျွန်တော့ အကြိုက်ကိုပါသိနေသည် ဖြစ်သဖြင့် ကျွန်တော့ကိုချစ်သည် ကို ကျွန်တော်သိလိုက်ပါသည်...ღ

♫" ကျေးဇူးပါ မေမေ သားကြိုက်ပါတယ် ... အရင်က သားမှားခဲ့တာတွေ အတွက် တောင်းပန်ပါတယ်နော် မေမေ... " ♫

♥►ကျွန်မအလွန်ပျော်ခဲ့ပါသည် ကျွန်မလို အရုပ်လေးကြောင့် စကားမပြောဖြစ်ခဲ့ကြတဲ့ သားအမိနှစ်ယောက်
ပြန်လည် စကားပြောဖြစ် အဆင်ပြေလည်လာတာကို သိလိုက်ရလို့ စိတ်ထဲ အတိုင်းမသိပျော်ရွှင်ခဲ့ပါတယ်...

ကျွန်မ ဆုံးဖြတ်ချက် ချလိုက်မိတယ် တစ်ယောက်ထဲ အထီးကျန်စံ နေတဲ့ ကောင်လေးကို အဖော်လုပ်ပြီး သစ္စာရှိစွာ နေသွားမယ်လို့ပေါ့...

ဒီလိုနဲ့ ကျွန်မ ကောင်လေးရဲ့ အခန်းထောင့်လေးတစ်နေရာမှာ နေခွင့်ရခဲ့ပါသည်...

ကောင်လေးအခန်းတွင် ကျွန်မတစ်ယောက်ထဲမဟုတ်...
နောက် အရုပ်ကြီးတစ်ရုပ်ရှိပါသည် ခွေးရုပ်အကြီးကြီး ကိုကျွန်မတွေ့ လိုက်ရပါသည်...

ကွန်မ မနာလို ဖြစ်မိပါတယ် သူကအရုပ်အကြီးကြီးကို ပွတ်သပ် ခါ နေ့စဉ် အပြင်သွားကာနီးတိုင်း ပွတ်သပ်ခါ ထွက်သွားလေ့ရှိပါသည်...

ကျွန်မကိုတော့ သူစိတ်ညစ်ချိန်ကြ ရင် ထုသည် လွှတ်ပစ်သည်...သူပျော်လျှင် ပွေ့ ဖက်သည် နမ်းရှိုက်သည်လေ...
မွေးနေ့အတွက်ရသည့် လက်ဆောင်မို့ သူနေထိုင်ခွင့်လေးတော့ ပေးထားသည်...ဘာပဲဖြစ်ဖြစ်လေ ကျွန်မက ကျွန်မပိုင်ရှင်အပေါ်
သစ္စာရှိစွာနေထိုင်ပေးမည်လေ...သူကြိုက်သလိုသာ လုပ်ပါစေလေ...

ဒီလိုနဲ့ တစ်နေ့ ကောင်လေး ရည်းစားရလာပြီး သူ့ အိမ်သို့ အလည်ခေါ်လာပါသည်...အခန်းလေးထဲသို့  ထိုင်နော် မောင် အအေးသွားယူလိုက်မယ်နော်...
ကောင်လေးရဲ့ ချစ်သူကောင်မလေးက ခေါင်းလေးဝှေ့ ရမ်းကြည့်စဉ် ကျွန်မကိုတွေ့ သွားကာ " အယ်ချစ်စရာလေးတော့ "
ဆိုပြီး ပွေ့ ဖက်လိုက်စဉ်... ကျွန်မ ဗိုက်ကိုထိမိသဖြင့် " Happy birthday to u "... "Happy birthday to u " ... " Happy birthday to u " ... ဆိုပြီး ကျွန်မအော်လိုက်လို့
ကောင်မလေးလန့်သွားကာ ချစ်ဖို့ကောင်းလိုက်တာ ဆိုပြီး ပွေ့ ဖက်ထားပါသည်...►♥

✿ကောင်လေးဝင်လာပြီး " အဲ့တာ မေမေ မောင့်ကိုမွေးနေ့တုန်းက လက်ဆောင်ပေးထားတာလေ ... ချစ်လေး ကြိုက်လား ... ကြိုက်ရင် ချစ်မွေးနေ့လည်းလာတော့မှာ ဆိုတော့ မောင်လက်ဆောင်အဖြစ်ပြန်ပေးမယ်လေနော် ... " "တစ်ကယ်လားဟင် မောင် ချစ်လေးပျော်လိုက်တာ... ချစ်လေး ကြိုက်တယ်လေ အရုပ်လေးကိုနော် မောင် " ...✿လို့ပြောပြီး အနောက်ကိုတစ်ချက် လှည့်လိုက်စဉ်...ခွေးရုပ်အကြီးကြီးကိုကောင်မလေးတွေ့ သွားသည် ထိုအရုပ်ကြီး တွင် I Love U ဆိုပြီး စာသားလေးရေးထားတာ တွေ့ လို့ ကောင်မလေးမျက်စိ ကြသွားပြန်သည် ဒါကိုအလိုက်သိတဲ့ ကောင်လေးက ချစ်လေးကြိုက်ရင် ၀က်ဝံ ရုပ်လေးမယူပဲ ဒီအရုပ်ကြီးယူချင်ယူလေ တဲ့ ကျွန်မ မျက်ရည်ဝဲမိပါသည် ဘာလို့ငါ့ဘ၀က ၀က်ဝံရုပ်မ အသေးလေးဖြစ်နေရတာလည်းဟင်...

ဟုတ်မောင် ချစ်လေးကို မောင်ကြိုက်တာပေးနော်တဲ့
ကျွန်မ မျှော်လင့်မိသည် ကျွန်မကိုသာပေးပါစေပေါ့...

ကျွန်မ ကောင်လေးပျော်အောင်ပြုလုပ်ပေးချ င်မိသည် ကောင်လေးချစ်သော ကောင်မလေး ကို ကျွန်မ ပျော်အောင်လုပ်ပေးချင်သည် ဒါမှ ကောင်လေး ပိုချစ်မည်လေ ကျွန်မ ပိုင်ရှင် ကောင်လေးနှင့်လည်း နေချင်ပြန်သည် သူ့ အပေါ်သစ္စာရှိ ချင်သည် သို့သော် ကောင်လေး ချစ်သော ကောင်မလေးနှင့် နေရလျှင်လည်း အတူတူပင်ဟု ကျွန်မယူဆ လိုက်ပါသည်....ကျွန်မ စဉ်းစားလို့မဆုံးသေးခင် ကောင်လေးက ပါဆယ် အိတ်လေးထဲ ဘယ်အရုပ်ကိုထည့်ရမည် မသိစဉ်းစားနေစဉ် အင်း ချစ်လေး ဘက်ဒေးဆိုတော့ ဒီဝက်ဝံလေးပဲ ပေးလိုက်တာ ပိုကောင်းပါတယ် ဆိုပြီး ကျွန်မကို ထည့်ဖို့လုပ်လေပြီ ကောင်လေးပါးစပ်ကလည်း " ၀က်ဝံလေးရေ ငါ့ချစ်သူလေးဆီကို သွားတော့နော်... သူ့ ကိုပျော်အောင်ထားနော် သိလား ..." တစ်တွတ်တွတ်ရွတ် နေသည်...ကျွန်မ ပြုံးလိုက်ပါသည် စိတ်ချပါ ကောင်လေး ကျွန်မ၀က်ဝံလေးက ကောင်လေးချစ်သော ကောင်မလေးကို အတူတူပဲ သစ္စာရှိစွာ ချစ်ပါ့မယ်နော်...

မွေးနေ့ ပွဲအတွင်း ကောင်တာ လေးအပေါ်မှာ ကျွန်မကိုဖွင့်ကြည့်ပြီး တင်ထားပါသည် ကောင်မလေး ပျော်နေတာကိုတွေ့ ရလို့ ကျွန်မလည်းပျော်ပါသည်...
မွေးနေ့ပွဲလေးပြီးတော့ ကျွန်မကိုအခန်းလေးထဲ ထည့်ကာ ကောင်မလေး ထွက်သွားပြီး...✿
ညဘက် အိပ်ခါနီး ကောင်မလေး အခန်းထဲ ၀င်လာတော့ ကျွန်မကို ပွေ့ ဖက်ကာ " နင်က ကောင်လေး အရုပ် ဒါပေမဲ့အခုကောင်လေးကငါ့ကိုလက်ဆောင်ပေးလိုက်ပြီ ဆိုတော့ငါ့အရုပ်ဖြစ်ပြီပေါ့ " ... ဟုရွတ်နေပါသည်...ကျွန်မ ဖြေလိုက်မိသည် " ဟုတ်ပါတယ် " လို့ ဒါပေမဲ့ထွက်လာသည့် အသံက
"Happy birthday to u "Happy birthday to u" "Happy birthday to u" ဟုသာ ထွက်ပေါ်လာပါသည်
ကောင်မလေးက ထပ်မံပွေ့ ဖက်က ချစ်စရာ ကောင်းလိုက်တာနော် ဆိုပြီး သူပျော်နေတော့မှ ကျွန်မ သက်ပျင်းချမိသည် စိုးရိန်နေသော ကျွန်မကို ကောင်မလေး ပျော်အောင်လုပ်ပေး လို့ ကျေးဇူးတင်မိပါသည်...

✿ဒီလိုနဲ့ ကောင်မလေးနဲ့နေလာတာ နှစ်ပတ်လောက်ပဲရှိသေးတယ်
သူငယ်ချင်းများသော ကောင်မလေးနဲ့ သ၀န်တိုသော ကောင်လေးတို့ ရန်ဖြစ်နေကြတာကို ကျွန်မတွေ့ နေရပါသည် ဒီလိုနဲ့ ကောင်လေး နဲ့ကောင်မလေး စိတ်ဆိုးသွားကြသည်...✿

✿ညဘက်အိပ်ယာဝင်တော့ ကျွန်မကို ကောက်ပေါက်ပစ်လိုက်သည် ကျွန်မလည်း လန့်သွားပြီး ကောင်မလေးစိတ်မဆိုးဖို့ အော်လိုက်မိသည်ထွက်ပေါ်လာသည်က "Happy birthday to u "Happy birthday to u" "Happy birthday to u" ... " ဒီအရုပ် သွား ဘာလာအော်နေမှန်းမသိဘူး နားငြီးလိုက်တာ " ... ဆိုပြီး ပြန်ကောက်ပြီး နောက်တစ်ခေါက် လွှတ်ပစ်လိုက်သည်...✿

✿ကျွန်မ ၀မ်းနည်းလာပါသည် မျက်ရည်ဝဲစွာနှင့် ကောင်မလေးကိုပဲကြည့်နေမိသည်လေ.. .
ဘာလို့များ ဒီစကား တစ်ခွန်းပဲ ငါတတ်တာလည်းဟာ...
ကောင်မလေးနဲ့ ကောင်လေးကိုပြန်အဆင်ပြေစေချင်သည်လေ...
စကားတွေ ပြောချင်ပေမဲ့ ထွက်လာသည်က ဒီစကားတစ်ခွန်းသာ...(ကျွန်မတွေးနေစဉ်)✿

✿ပေး နင်မလိုချင်လည်း ငါ့အရုပ် ငါ့ကိုပြန်ပေး လွှတ်ပစ်စရာမလိုပါဘူး ဆိုပြီး ကျွန်မကို ကောက်ကိုင်လိုက်သည်က ကောင်လေး
ကောင်မလေး အခန်းထဲကို ၀င်လာစဉ် ကျွန်မကို တွေ့ လို့ ဒေါသထွက်သွား သည့်ကောင်လေး ကျွန်မ အရမ်းပျော်သွားသည် သူတို့ချစ်သူ နှစ်ဦးကို ပြန်လည် ချစ်စေချင်သည်လေ ဒါပေမဲ့လည်း ကျွန်မ မျှော်လင့်သလို ဖြစ်မလာပဲ လမ်းခွဲ ကာ ကောင်လေး ထွက်ခဲ့ပါသည်...✿

✿ကျွန်မကို ပွေ့ ဖက်ကာ ကောင်လေး ငိုကျွေးပြီး ပြန်လာခဲ့ပါသည်
အခန်းထောင့်လေးတွင် ကောင်လေး ထိုင်ကာ ငိုနေပြီး ကျွန်မကို ပွေ့ ဖက်လိုက်လို့ "Happy birthday to u "Happy birthday to u" "Happy birthday to u" အော်လိုက်မိသည်....✿

✿ကျွန်မ လန့်သွားသည် အသံတွေကို ရပ်တန့်ပစ်လိုက်ချင်သည် ကောင်လေးစိတ်ညစ်သွားမည်ကို ကျွန်မစိုးရိမ်မိသည်လေ...✿

✿ကောင်လေးအငိုတိတ်ကာ နင်ပဲ ငါ့အပေါ်သစ္စာရှိတယ် ငါပျော်အောင်လုပ်ပေးတယ် အဲ့ဒီအတွက် ကျေးဇူးပါတဲ့
ကျွန်မ ထင်မှတ်မထားတဲ့ ကောင်လေးဆီက စကားသံ ကျွန်မ အလွန်ပျော်သွားပြီး အော်နေမိသည် "Happy birthday to u "Happy birthday to u" "Happy birthday to u" ကောင်လေးပိုမိုရယ်လာပါသည် သူပျော်သွားတာကိုတွေ့ ပြီး ကျွန်မလည်း အလွန်ပျော်နေပါသည်...✿

✿ဒီလိုနဲ့ ကောင်လေးနဲ့ ကျွန်မ နေ့စဉ်လိုလို အတူတူရှိနေခဲ့ပေမဲ့
ကောင်လေးဟာ တွေဝေနေဆဲပါပဲ အမြဲ တစ်ခုခုကိုသူစဉ်းစား နေသလိုပဲ ကျွန်မသိလိုက်ပါတယ် ကောင်လေး ကောင်မလေးကို လွမ်းနေတာပဲ ဆိုတာ သူတို့ချစ်သူ နှစ်ဦး ပြန်ဆုံစေချင်ပါတယ်..
ပိုင်ရှင် ကောင်လေး စိတ်ညစ်နေတာကို ကျွန်မ မကြည့်ရက် ကောင်မလေး ကိုလည်း ကျွန်မ သံယောဇဉ် ရှိပါတယ်...✿

✿တစ်နေ့ ကောင်မလေးက သူ့ ဧ။် ညီမ၀မ်းကွဲ မွေးနေ့ ပွဲသို့ အသွား ကောင်လေး ကလည်း သူ့ သူငယ်ချင်းများနှင့်သွားတော့ ပြန်ဆုံမိကြတယ်လေ ကောင်လေးက ကောင်မလေးကိုတွေ့ တော့ ခေါ်ချင်ပေမဲ့ ကောင်လေးက တစ်ဖက်သို့  လှည့်ထွက်သွားခြင်းကြောင့် ထိုင်ကာ မိုင်နေရသည်လေ...
မွေးနေ့ပွဲလေးမှာ ကောင်မလေးရဲ့ ညီမ၀မ်းကွဲရဲ့ ချစ်သူက ၀က်ဝံရုပ်လေး လက်ဆောင်ပေးတာတဲ့ " မမ ကြည့်မလား ချစ်စရာလေး သိလား... " " သူက "Happy birthday to u "Happy birthday to u" "Happy birthday to u" လို့အော်တယ်မမရဲ့ ..." ကောင်မလေး မျက်ရည်စို့လေးနဲ့ ဟုတ်လား " ငါလည်းအရင်က ၀က်ဝံအရုပ် လက်ဆောင် ရဘူးတယ်လေ ..." တဲ့
သူမပြောနေရင်း ကောင်လေးရှိရာလှမ်းကြည့်လိုက်တော့ ကောင်လေးက အပြုံးလေး နှင့်ကောင်မလေးကို လက်ကမ်းပေးသည်လေ...
ကောင်မလေးကလည်း ချစ်သူကောင်လေးရှိရာ ပြန်လည်လာခဲ့ပါသည်...ကောင်လေး စိတ်ထဲတွင် ကျေးဇူးပါ ၀က်ဝံမလေးရေ....
ကောင်မလေးကလည်း ၀က်ဝံမလေးကြောင့် ချစ်သူနှစ်ဦး ပြန်ဆုံရပြီတဲ့လေ ဒီလိုနဲ့သူတို့လက်ထပ်ပြီးနောက်နေ့တွင်
အိပ်ခန်းသို့ဝင်လာကာကောင်မလေးက ကျွန်မကိုပွေ့ ဖက်ရင်း ၀က်ဝံမလေးရေ နင့်ကြောင့်သိလား အခု ချစ်လေးတို့ ပြန်ဆုံလို့ ပျော်ရွှင်နေရပြီတဲ့ ...ကျွန်မတွေ့ ပြုံးပျော်နေမိသည်....
ပိုင်ရှင် ကောင်လေးနဲ့ ကောင်မလေးတို့ အရမ်းပျော်နေကြတာကို တွေ့ လိုက်ရလို့ ကျွန်မကြောင့်သူတို့ လေးတွေ အခုလိုပျော်ရွှင်နေတာ တွေ့ ရလို့ ကျွန်မ ၀က်ဝံရုပ် ဖြစ်ခဲ့ရတဲ့ ဘ၀ကို ကျေနပ်မိပါသည် ....

ဒီလိုနဲ့ ကောင်လေးနဲ့ ကောင်မလေး လက်ထပ်ပြီးနောက်ပိုင်းတွင် သစ္စာတရားနဲ့ အချစ်တွေ ပျော်ရွှင်မှူတွေ ပေးစွမ်းနိုင်တဲ့ ၀က်ဝံရုပ်လေး ကျွန်မကို သူတို့ နှစ်ယောက်ရဲ့ အိပ်ခန်းတစ်နေရာတွင် နေရာပေးထားလိုက်ပါသည်..✿
✿၀က်ဝံရုပ်လေးတွေဟာ သစ္စာတရားရှိပြီး လူတွေကို ပျော်ရွှင်မှူတွေ ပေးစွမ်းနိုင်လို့ပဲလေ..✿

✿မတည့်ဖြစ်နေတဲ့ သားအမိကြားမှာလည်း ၀က်ဝံရုပ်လေးကြောင့်ပြန်လည် ပြေလည်လာခဲ့သည်...✿
✿ချစ်သူနှစ်ဦးကြားတွင်လည်း ပျော်ရွှင်မှူတွေပေးစွမ်း ခဲ့ဖူးသည်...✿
✿၀က်ဝံရုပ်လေးတွေဟာ အလွန်ပင် တန်ဖိုးရှိတာ ကိုကျွန်မသိလိုက်ပါသည်....
ဝက်ဝံရုပ်လေး များဖြစ်ရလို့ အလွန်ပင် ပျော်ရွှင်မိပါသည်...✿

✿၀က်ဝံရုပ်လေးကျွန်မ သခင်အပေါ်အမြဲပဲသစ္စာ ရှိပြီး ပျော်ရွှင်မှူတွေ ပေးသွားပါမည်ဟု သစ္စာဆိုလိုက်တော့သည်...
ဒါဟာ ကျွန်မ ၀က်ဝံရုပ်လေးရဲ့ သစ္စာတရားပါ...✿

နင်ဟာ

ခေါင်းထဲတွင် နောက်ကျီ့နေ၏၊
ဘေးတဖက်တချပ် နားထင်စပ်က တစစ်စစ်၊
တနေကုန် အလုပ်များခဲ့ရသော မျက်လုံးများက၊
မျက်ကြောအစုံကို၊ ခြေစုန်ကန် ဆန္ဒပြနေပြီ။
စူးရှမှူကင်းမဲ့တဲ့
မှိန်တိန်တိန်မျက်လုံးများ၊
ညိုနက်နက်ကြီးထွားလာတဲ့
မျက်ကွင်းဟောက်တောက်များ၊
အထိုင်များပြီး လှူပ်ရှားမှူ့ကင်းမဲ့လှတဲ့၊
အရိုးအဆစ်များရဲ့ အော်ညီးသံတွေကလဲ
မနဲတော့။

လျှပ်စစ်ဓာတ်များ တသွင်သွင်စီးစင်းပြီး၊
အရောင်တဖြတ်ဖြတ်တောက်နေတဲ့
မှန်သားပြင်တချပ်ကို၊ စက်စုပ် မုန်တီးစွာ
တချက်ကြည့်ရင်း၊ တောက်တချက်ခေါက်ကာ၊
အော်ဟစ်ကြိမ်မောင်းလိုက်၏။

နင်ဟာ ငါ့မျက်လုံးတွေကို မညှာမတာ
အနိုင်ကျင့်တယ်၊
နင်ဟာ ငါ့လက်ချောင်းတွေကို အနားမပေးပဲ၊
နာကျင်အောင်လုပ်တယ်၊
နင်ဟာ ငါ့ရှေ့မှာ အချိန်ပြည့် နေရာယူပြီး၊
နင့်ကိုပဲ ဦးစားပေး အရေးထားခိုင်းတယ်၊
နင်ဟာ ငါ့ခေါင်းထဲကို အပိုင်စီးဝင်ပြီး
အမြဲတစေရှိနေစေခဲ့တယ်၊
နင်ဟာ
ငါ့ရဲ့ ကိုယ်ပိုင်အချိန်တွေ၊
ငါ့ရဲ့ လွတ်လပ်ခွင့်တွေ၊
ငါ့ရဲ့ အသိဥာဏ်တွေ၊
ငါ့ရဲ့ စွမ်ဆောင်နိုင်အားတွေ၊
ငါ့ရဲ့ ခံစားချက်တွေ၊
ငါ့ရဲ့ ရပိုင်ခွင့်တွေ၊
အားလုံး၊ အားလုံးကို
နင်အပိုင်သိမ်းသွားတယ်။
နင့်ရှေ့မှာပေးစပ်လိုက်ရတယ်။
နင်ဟာ ငါအရွံဆုံး၊ ငါအကြောက်ဆုံး
မျှော့တစ်ကောင် ထက်အဆပေါင်းများစွာ
ပိုဆိုးတယ်။
သူများသွေးသောက် အသက်ရှင်နေတဲ့
မျှော့လိုပဲ၊
နင်ဟာ ငါ့ဦးနောက်တွေ၊ ငါ့အသွေးအသားတွေ၊
ငါ့အာရုံတွေ၊ ငါ့အကုန်လုံး ဖောက်စားပြီး၊
အသက်ရှင်နေတဲ့ ပြိတ္တာတစ်ကောင်ပဲ။
ငါဟာ တနေ့တနေ့ နင်နဲ့ပဲ အချိန်ကုန်နေရတယ်။
နင်ကိုအကြိမ်ကြိမ် ငါသတ်ပြစ်ဖို့
ကြိုးစားခဲ့တယ်။
နင့်ရဲ့ သြဇာအာဏာတွေကို ငါတော်လှန်လို့
လုံးဝမရခဲ့ဘူး၊
မရအောင်လဲ နင်ငါ့ကို ကြိမ်းဝါးထားသေးတယ်။
နင်ဟာ ငါ့အသက်ပဲ၊
နင်ဟာ ငါ့ဝိဥာည်ပဲ၊
နင်ဟာ ငါ့ရဲ့ဖန်ဆင်းရှင်ပဲ၊
နင်ဟာ ငါ့ရဲ့အနာဂတ်ပဲ တဲ့။
နင်သေဆုံးတဲ့နေ့ဟာ ငါကံကုန်မယ့်နေ့ပဲ တဲ့။
မတရားဘူး၊ နင်လုံးဝ မတရားဘူး။
နင့်ကို ကော်ဆဲထားတဲ့ ဒီစာကိုတောင်၊
နင့်ရှေ့မှာ ခခယယ ခွင့်ပြုချက်ရယူပြီး
ရိုက်နေရပါလား။
ငါဘယ်လိုပြေးပြေး နင်နဲ့ မလွတ်နိုင်တဲ့
ဘဝပါလား။
နင့်လို နှလုံးသားမဲ့၊ အသိဥာဏ်မဲ့၊
ခံစားချက်ကင်းမဲ့ပြီး အတ္တကြီးတဲ့
မိစ္ဆာကောင်က၊ ငါ့အပေါ်မှာ လက်ဝါးကြီးအုပ်
အနိုင်ယူထားတာ၊ ငါရင်နာလို့ မဆုံးဘူး။

ငါဒီလောက် အော်ဟစ်နေတာကို နင်ကမထုံတတ်တေး၊
အသိအမှတ်မပြု၊ ခပ်တည်တည်နဲ့
ငုတ်တုတ်ထိုင်နေတယ်။
ငါမခံနိုင်တော့တဲ့ အဆုံး၊ နင့်ကို
အဖုံးဆွဲပိတ်ပြီး၊ အိတ်ထဲ
ခပ်ကြမ်းကြမ်းဆွဲထည့်လိုက်တယ်။
ကဲကွာ၊ နင်ဘာလုပ်နိုင်သေးလဲ၊ ဒီလောက်တော့
ငါမှာလုပ်ပိုင်ခွင့်ရှိတယ်၊ ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။

ရှုတ်ထွေးပူလောင်နေတဲ့ စိတ်အစဉ်ကို၊
ခပ်တိုးတိုး ဆွေးဆွေးမြေ့မြေ့သီဆိုထားတဲ့၊
အလွမ်းသီချင်းတစ်ပုဒ်နဲ
အရည်ဖျော်ပြစ်လိုက်၏။ နင့်ရဲ့
နှိပ်စက်မှူဒဏ်ကို မနက်ဖန်များမှာ
ဆက်ခံဖို့၊ ခံနိုင်ရည်ရှိဖို့အတွက် ငါဒီည
အိပ်စက်အနားယူု၊ အားမွေးရဦးမယ်။ဒါသည်လည်း နင့်ရဲ့ အမိန့်ချမှတ်ချက်
တစ်ခုကို ငါနာခံလိုက်ခြင်း မဟုတ်ပါလား။

မင်းမကြိုက်တဲ့ ကဗျာ

မင်းမကြိုက်တဲ့ ကဗျာ
ကိုယ်က ကဗျာရေးလိုက်တာ…
သ၀န်တိုဆေးဖေါ်လိုက်တာမဟုတ်ဘူး
နီကိုရဲအကြောင်း မကြည်ပြာကရေးလိုက်သလား
အကြည်တော်အကြောင်း မြင့်စန်းရီက ရေးလိုက်သလား
ဘာပဲဖြစ်ဖြစ်ဖတ်လို့ကောင်းတယ်။

ဘာပဲဖြစ်ဖြစ်ဖတ်လို့ကောင်းရင်
ဖတ်လို့ကောင်းတယ်လို့မှတ်ပါ။
ကိုယ်ကကဗျာရေးလိုက်တာ
သ၀န်တိုဆေးဖေါ်လိုက်တာမဟုတ်ဘူး။

အဲ့ဒီသရုပ်ဖော်ပုံလေးတွေက
အလကားရတာမဟုတ်ဘူး
ဘောလ်ပင်ထိပ်ဖူးတွေက
နှလုံးသားကိုခြစ်ပြီးထွက်လာတာ။
မမြင်နိုင်တဲ့ လင်းလက်မှု့လေးတစ်ချက်မှာ
ကိုယ့်အသက်ဓါတ်တွေထဲမှာ ထခုန်နေတဲ့ နန်းမျှင်လေးတွေပါ။
ကိုယ် Log ဖမ်းလိုက်တဲ့ အကြည်ဓါတ်ကလေးတွေက
နေ့ရက်တွေရှည်ထွက်ဖို့ပါ။
ကိုယ်က ကဗျာရေးလိုက်တာ
သ၀န်တိုဆေး ဖေါ်လိုက်တာမဟုတ်ဘူး။

မင်းမကြိုက်တဲ့ ကဗျာ

မင်းမကြိုက်တဲ့ ကဗျာ
ကိုယ်က ကဗျာရေးလိုက်တာ…
သ၀န်တိုဆေးဖေါ်လိုက်တာမဟုတ်ဘူး
နီကိုရဲအကြောင်း မကြည်ပြာကရေးလိုက်သလား
အကြည်တော်အကြောင်း မြင့်စန်းရီက ရေးလိုက်သလား
ဘာပဲဖြစ်ဖြစ်ဖတ်လို့ကောင်းတယ်။

ဘာပဲဖြစ်ဖြစ်ဖတ်လို့ကောင်းရင်
ဖတ်လို့ကောင်းတယ်လို့မှတ်ပါ။
ကိုယ်ကကဗျာရေးလိုက်တာ
သ၀န်တိုဆေးဖေါ်လိုက်တာမဟုတ်ဘူး။

အဲ့ဒီသရုပ်ဖော်ပုံလေးတွေက
အလကားရတာမဟုတ်ဘူး
ဘောလ်ပင်ထိပ်ဖူးတွေက
နှလုံးသားကိုခြစ်ပြီးထွက်လာတာ။
မမြင်နိုင်တဲ့ လင်းလက်မှု့လေးတစ်ချက်မှာ
ကိုယ့်အသက်ဓါတ်တွေထဲမှာ ထခုန်နေတဲ့ နန်းမျှင်လေးတွေပါ။
ကိုယ် Log ဖမ်းလိုက်တဲ့ အကြည်ဓါတ်ကလေးတွေက
နေ့ရက်တွေရှည်ထွက်ဖို့ပါ။
ကိုယ်က ကဗျာရေးလိုက်တာ
သ၀န်တိုဆေး ဖေါ်လိုက်တာမဟုတ်ဘူး။