Thursday, September 30, 2010

ငါ့အကောင့် list ထဲမှာ နင်လည်းမရှိတော့ပြီမို

လေဟာနယ်မှာမျောနေတဲ့လူတစ်ယောက်လို
ငါဟာကမ္ဘာမြေပေါ်မှာလွင့်
စိတ်ကူးနဲ့လေပေါ်အိမ်ဆောက်လို့
ရေပေါ်မှတ်တိုင်လေးတစ်ခုစိုက်ထူခဲ့ပါတယ်
အမှတ်တရအဖြစ်ပေါ့
္ထonline ပေါ်ကလူတစ်ယောက်ကို
အပြင်မှာချစ်ခွင့်ရမှာမဟုတ်မှန်းမသိစိတ်ကသိနေပေမယ့်
တားဆီးမရတဲ့ရင်ခုန်သံစည်းချက်တွေက
သူ့ကိုချစ်တယ်လို့အဖြေပေးနိုင်လောက်တဲ့အထိ
တွန်းပို့မိခဲ့ပါတယ်
နင်မသိလဲလေ....
နင်လိမ်တာကိုသိသိကြီးနဲ.
ငတုံးငအလိုတမင်အညာခံခဲ့တဲ့ ငါ့ကိုငါလည်း
အံ့သြမိပါရဲ.
ဒါပေမယ့်လည်းလေ
ထမင်းစားရေသောက်နင်ပြောတဲ့ချစ်တယ်ဆိုတဲ့စကားကို
အကြမ်ကြိမ်အထပ်ထပ်ရင်ခုန်ကြည်နူးရင်း
G-talk မှာစကားပြောခွင့်လေးကိုပဲမျှော်လင့်မိပါတယ်
နင်မသိလဲလေ
လန်နိုးပြီး ဇာတ်သိမ်းမဲ့
အလွမ်းဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်မှာမှန်းသိရကိနဲ့
အခန်းဆက်တွေတိုးနိုင်သမျှတိုး၇င်း
မသိမသာနဲ့ပဲဇာတ်သိမ်းခန်းလည်းရောက်ခဲ့ပေါ့
မမျှော်လင့်ပဲလေ...
အခုတော့
နင့်ကိုမုန်းတယ်လို့
ပြောမိတဲ့ငါ့စကားကို
Backspace သုံးပြီးပြန်ဖျက်ခွင့်ရချင်ပေမယ့်
Enter လည်းခေါက်ပြီးပြီမို့
အလွမ်းနဲ့ပဲ နိ၈ုန်းချုပ်လိုက်ပါတယ်
ငါ့အကောင့် list ထဲမှာ
နင်လည်းမရှိတော့ပြီမို.။ ။

0 comments:

Post a Comment