Thursday, September 30, 2010

"မလေးရှားနိုင်ငံရှိ ရင်နင့်ဖွယ်မြန်မာအမျိုးသမီးလေးအကြောင်း.."

ကျွန်တော် ပိုစ့်တွေမရေးတတ်ပါဘူး..ခုလည်းစိတ်မကောင်းဖွယ်သတင်းလေးတစ်ခုသိရလို့..
အားလုံးသိစေဖို့နဲ့..နိုင်ငံခြားထွက်မည့်မြန်မာအမျိုးသမီးလေးများ...(အထူးသဖြင့်)
မလေးရှားသွားရောက်အလုပ်လုပ်ကိုင်မည့်မြန်မာမိန်းကလေးများသိစေနိုင်ဖို့ပါ..
ကျွန်တော်ရေးတာအမှားပါရင်ခွင့်လွှတ်ပေးပါ....
နောက်တစ်ခုကကာယကံရှင်မိန်းကလေးကိုလည်းသူမသိအောင်ရေးခဲ့မိသည့်အတွက်အနူးညွတ်
တောင်းပန်အပ်ပါသည်.....ဒီအကြောင်းတွေကကာယကံရှင်မိန်းကလေးနဲ့အတူသွားခဲ့တဲ့
သူငယ်ချင်းက..သူ့ရည်းစားကိုပြောပြလို့တဆင့်ကျွန်တော်သိခဲ့ရတာပါ..
ဖြစ်ပုံကဒီလိုပါ...
လွန်ခဲ့တဲ့၂လလောက်ကပါ..ပီနန်မြို့.(ရပ်ကွက်နှင့်စက်ရုံမရေးပြတော့ပါ...)
မှာအလုပ်လုပ်ကိုင်နေတဲ့မြန်မာမိန်းကလေးယောက်ပေါ့..အလုပ်နားရက်လည်းဖြစ်နိုင်ပါတယ်..
သူတို့ချက်ပြုတ်စားသောက်ဖို့..ကုန်တိုက်ကအပြန်..ပစ္စည်းတွေနဲ့အပြန်ခက်လို့TAXIကား
ငှားရတယ်ဗျာ..
ဘတ်စ်ကားနဲ့ပြန်လို့တော့ရနိုင်ပါတယ်..ဒါပေမယ့်ပစ္စည်းတွေဝယ်လာတော့အခက်အခဲ၇ှိလို့
ဖြစ်နိုင်ပါတယ်..
အဲဒါနဲ့ TAXIငှားပြီးပြန်တာပေါ့..သူတို့အထဲမှာမလေးလိုပြောတတတ်တဲ့ကောင်မလေးတစ်ယောက်၂ယောက်ပါ.တယ်..နဲနဲပေါ့
ကားကရှေ့ခန်းမှာတစ်ယောက်နောက်ခန်းမှာ၃ယောက်ပေါ့..ရှေ့ခန်းမှာခုမှမလေးရှားကိုရောက်
တာလပိုင်းပဲရှိတဲ့ကောင်မလေးတစ်ယောက်ထိုင်တယ်..နောက်မှာကကျန်တဲ့သုံးယောက်ပေါ့
ကားသမားကအိမ်အထိလိုက်ပို့ပေးပါတယ်..အိမ်ရောက်တော့နောက်ခန်းကကောင်မလေးတွေ
ကအရင်ဆင်းတယ်..ရှေ့ခန်းကကောင်မလေးကထိုင်ခုံခါးပတ်ဖြုတ်နေတုန်းကားသမားကမောင်းထွက်သွားတယ်တဲ့...ကျန်ခဲ့တဲ့ကောင်မလေးတွေကဖြုန်းခနဲဆိုတော့အော်ရံပဲအော်နိုင်တာပေါ့..
အဲနောက်ကားသမားကကောင်မလေးကိုတစ်နေရာခေါ်ပြီးစော်ကားလိုက်တယ်ဗျာ..
ကောင်မလေးကအသက်၂၀ကျော်ပဲရှိဦးမယ်..မလေးစကားလည်းမတတ်ဘာမှမပြောတတ်တော့တွေးကြည့်ကြပါဗျာ..
အဲဒါနဲ့ကားသမားကအဲဒီမိန်းကလေးရဲ့ပိုက်ဆံတွေဖုန်းတွေယူသွားပြီး..သူ့ကိုလမ်းဘေးဖုန်း
တိုင်ဘေးမှာအကြွေစေ့၂ကျပ်(2RM)ပေးပြီးထားခဲ့တယ်တဲ့ဗျာ....သူကရောက်ခါစဆိုတော့
သူငယ်ချင်းဖုန်းနံပါတ်ကိုဆက်သွယ်ပြန်တော့လည်း..ရောက်နေတဲ့နေရာကမသိဘူးတဲ့ဗျာ.
အဲဒါနဲ့အချိန်အတော်ကြာမှဆိုက်ကယ်သမားအိန္ဒယလူမျိုးအဖိုးကြီးတစ်ယောက်ကရောက်လာ
ပြီးသူ့ကိုကူညီဖို့မေးတော့လည်းစကားကနားမလည်..အဲဒါနဲ့အဲဒီအဖိုးကြီးကသူ့ဖုန်းနဲ့အဲဒီ
ကောင်မလေးကိုပေးဆက်ပြီးသူ့ငယ်ချင်းတွေကိုအဖိုးကြီးကလာခေါ်ခိုင်းမှအိမ်ပြန်ရောက်တော့တယ်
တဲ့ဗျာ..အဲဒီလိုကူညီမယ့်သူသာမတွေခဲ့ရင်ခက်ပြီပေါ့..ကျန်ခဲ့တဲ့သူငယ်ချင်းတွေကလည်း
ကားနံပါတ်တောင်မမှတ်မိတော့..ဘယ်ကိုသွားတိုင်ရမလဲ..
နောက်နေ့ကျတော့အေးဂျင့်(မြန်မာပွဲစား)ကိုခေါ်ပြီးရှင်းခိုင်းတော့လည်းကားနံပါတ်တောင်
မသိတာဘယ်လိုဖြေရှင်းပေးနိုင်မှာလည်း..အဲဒီလိုနဲ့..အဲဒီကောင်မလေးဘ၀တွေးကြည့်ပါ......
........................
ကျွန်တော်အဲဒီသတင်းကြားမိကတည်းကစိတ်မကောင်းဘူးဗျာ..အဲဒီလိုအဖြစ်အပျက်တွေကခုမှ
မဟုတ်ပါဘူး..ကာယကံကံရှင်မိန်းကလေးက.ရှက်လို့.သူများတွေသိမှာစိုးလို့ငြိမ်နေခဲ့လို့ဘယ်သူမှမသိလိုက်တဲ့အဖြစ်အပျက်မျိုးတွေလည်းအများကြီးရှိနိုင်ပါတယ်..
ပြီးခဲ့တဲ့2009နှစ်ဦးပိုင်းမှာလည်း..ဒိထက်ဆိုးတဲ့အဖြစ်အပျက်မျိုး.(.ဂျိုဟိုး)ပြည်နယ်ဘက်မှာ
ဖြစ်ခဲ့ပါသေးတယ်..သိချင်ရင်တော့နောက်မှရေးပြပါဦးမယ်..
ကျွန်တော်ပြောချင်တာက..မလေးရှားနိုင်ငံမှာမြန်မာမိန်းကလေးတွေအတွက်.သူတို့ဘ၀ လုံခြုံ
မှုလုံးဝမရှိပါဘူး..ဒီနိုင်ငံကဥပဒေကလည်းနိုင်ငံခြားသားတွေအပေါ် လစ်လူရှုထားပါတယ်..
တချို့မိန်းကလေးတွေဆို..စော်ကားပြီးအသတ်ခံရလည်းသူတို့နိုင်ငံကဘာမှလုပ်မပေးနိုင်ပါဘူး..
မလေးရှားနိုင်ငံမှာရှိတဲ့မြန်မာသံရုံး ဆိုတာလည်း..တစ်ချို့ကိစ္စတွေလိုက်မဖြေရှင်းပေးနိုင်ပါဘူး.
ဒါကြောင့်..အခက်အခဲကြောင့်အလုပ်လာလုပ်ကြတယ်ဆိုတာကိုကျွန်တော်နားလည်ပါတယ်..ဒီကိုရောက်လာကြတဲ့မြန်မာမိန်းကလေးတွေ ၁၀၀မှာ ၈၀ နှုန်းရဲ့ဘ၀ကလုံခြုံမှုမရှိပါဘူးလို့ထင်ပါတယ်..ဒီနိုင်ငံမှာဘ၀ပျက်နေတဲ့မြန်မာမိန်းကလေးတွေအများကြီးပါ..
ဖြစ်နိုင်ရင်မလေးရှားကိုမလာကြပါနဲ့..ရောက်ရှိနေပြီးသားသူတွေအတွက်လည်းဘေးကင်းပြီး
အားလုံးအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်..
ကျွန်တော်ပြောပြတာတွေ..ထင်တာတွေမှားခဲ့ရင်လည်းစေတနာအမှားသာဖြစ်ပါလိမ့်မည်
ဟု တောင်းပန်အပ်ပါသည်။
ကိုအရိုးသီချင်းလေးက နားထဲမှာ အားအင်အပြည့်နဲ့ ဝင်ရောက်လာတယ်။ ကျွန်တော်
တွေးထင်ထားတယ်........ အိမ်မက်တွေ မက်ဘူးတယ်။ ကိုအရိုးသီချင်းလိုပဲ
တချို့လူတွေကို အားကျတယ်။ စင်္ကာပူကိုရောက်အောင်လာတယ်။
ဖာတစ်လုံးခေါင်းကြားနဲ့ပေါ့။ တောသားမြို့ရောက်ပါပဲ။ ကျွန်တော့်မိတ်ဆွေ
တစ်ယောက်က ပြောတယ် သူ့အိမ်က ကလေးလေးကပြောတယ်တဲ့ “ဦးဦးရယ် သမီးက
နိုင်ငံခြားဆိုတာ ဟိုးနတ်ပြည်ကြီး ရောက်သွားတယ်ထင်တာ။ ခုတော့လဲ
မြေကြီးပေါ်မှာပဲနော်တဲ့”။ ဟုတ်ပါတယ် ကျွန်တော်လဲ နိုင်ငံခြားမရောက်ခင်ကတော့
ကလေးတွေးသလောက်တော့ မဟုတ်ပါဘူး ကျွန်တော့် အတွေးက
နိုင်ငံခြားဆိုတာကိုရောက်တာနဲ့ အဲ့ဒိလူရဲ့ ဘဝဟာ အရှင်လတ်လတ် နတ်ရေကန်ထဲ
ကျသွားသလိုပဲနေမှာနော်လို့ တွေးမိတယ်။ နိုင်ငံခြားမှာ အလုပ်လုပ် အိမ်က မိဘ၊
မိသားစု၊ မိန်းမနဲ့ကလေး ဒါတွေကို လူတစ်လုံး သူတစ်လုံးဖြစ်အောင်
ထားနိုင်တယ်ပေါ့လေ။ အိုးအိမ်မရှိရင် ဝယ်ပေးမးယ် ကားမရှိရင်ကားဝယ်ပေးမယ်
စတာတွေပေါ့ဗျာ။ အားလုံးပြီးပြည့် စုံတယ်ဆိုပါတော့။ ကျွန်တော်
ကိုယ့်အတွေးနဲ့ ကိုပါပဲ။ ကျွန်တော်တင် ဒီလို တွေးတာလား။ မဟုတ်ပါဘူး။
ခိုင်ခိုင်မာမာ ပြောနိုင်တာက အခု နိုင်ငံရပ်ခြားကို ရောက်နေတဲ့
သူတွေအားလုံးရဲ့ ၉၅ရာခိုင်နှုန်းအထက်ဟာ ဒီလို တွေးကျတာပါပဲ။ ဒီလိုတွေးလို့လဲ
ဒီနေရာကိုရောက်လာကျတာပေါ့။ နိုင်ငံခြားကို သွားတာ တွေထဲမှာ အမျိုးမျိုး
ရှိပါတယ်။ တချို့က အလုပ်လာလုပ်တယ်၊ တချို့ကတော့ ကျောင်းလာတတ်တယ်၊
တစ်ချို့ကတော့ မိမိ ယောက်ကျား (သို့မဟုတ်) မိန်မ တစ်ယောက်ယောက်က
အဆင်ပြေလို့ မိသားစုလိုက်နေရန် လိုက်လာကြတယ် စသည်ဖြင့်ပါပဲ။
အားလုံး ထင်ထားသော ထင်မြင်ချက်တစ်ခုဖြစ်သည့် နိုင်ငံခြားရောက်လျင်
အားလုံးအဆင်ပြေပြီဆိုသော ထင်မြင်ချက် လုံးဝမှားယွင်းပါတယ်။ ဟုတ်ပါတယ်
ရဲရဲဝံ့ဝံ့ ကြီးကို ကျွန်တော် ပြောရဲပါတယ်ဗျာ။ ကျန်တဲ့ နိုင်ငံတွေရဲ့
ဒေတာတွေကို ကျွန်တော်မသိပါဘူး။ အဲ့ဒိတော့ ကျွန်တော်ခုနေနေတဲ့ စလုံးခေါ်
စင်္ကာပူက အကြောင်းတွေကိုပဲ ကျွန်တော်ပြောမယ်ဗျာ။ စလုံးမှာ S'pass ကိုင်တဲ့
ဝန်ထမ်းတစ်ယောက်ဆိုပါတော့။ သူ့ရဲ့တရားဝင်လစာဟာ S$၁၈၀၀ ပါ။ အများကတော့
ရမယ်ထင်တာပါပဲ။ ဒါပေမယ့် လစာ အပြည့် မရသူတွေမရှိဘူးဆိုရင် အနည်းဆုံး
၁၅ရာခိုင်နှုန်းအထက်မှာ ရှိပါတယ်။ အခုလို စီးပွားရေးကျနေချိန်မှာ
ပိုလို့တောင်ဆိုးပါသေးတယ်။ တစ်ချို့များ အင်ဂျင်နီယာပါ လစာ S$၉၀၀ ပဲရပါတယ်
S'pass ကိုင်ရပါတယ်။ WP လို့ခေါ်တဲ့ အထွေထွေ အလုပ်သမားတွေဆိုရင် တစ်နေ့ကို
S$၁၈ ပဲရပါတယ်။ တစ်ပတ်တစ်ရက်နား တစ်လမှ S$၄၇၀ နီးပါးပဲရကျပါတယ်။
S'pass သမားက အလုပ်က နေစရာ မပေးပါဘူး။ အိမ်ငှားနေရပါတယ်။ အိမ်လခက အနည်းဆုံး S$၂၈၀
မှ S$၄၀၀ ထိကုန်ပါတယ်။ သွားလာရတဲ့ ကားခ၊ စားစရိတ်၊ အထွေထွေ အသုံးစရိတ်
အားလုံးပေါင်း အနည်းဆုံး လူတစ်ယောက်ဟာ S$၆၀၀ ကုန်ပါတယ်။ နောက်တော့
သံရုံးမှာ အခွန်က တစ်လကို S$၈၀ ပါ။ အဲ့ဒိတော့ S'pass နဲ့ အလုပ်လုပ်သူ
တစ်ယောက်ဟာ လွန်ရောကျွန်ရော တစ်လကို အသတင် S$၁၀၀၀ သာကျန်ပါတယ်။ တစ်လကို
၇သိန်းခွဲနဲ့ ၈သိန်းကြားပေါ့ဗျာ။ ရန်ကုန်မှာ မိသားစု ရှိမယ်။ တစ်ချို့ဆို
မိန်မတင်မဟုတ် ကလေးပါရှိတယ်။ ကိုယ့် မိဘရှိတယ်။ မိဘနဲ့ မိမိ မိသားစု နှစ်စု
ရန်ကုန်မှာ တစ်လ တစ်လ အထွေထွေ အသုံးစရိတ်က တစ်အိမ်ထောင်ကို ၄သိန်း
မလောက်ပါဘူးဗျာ။ အဲ့ဒိကြားထဲ အိမ်က မိန်းမက ဟိုဟာလေး လိုချင်တယ်
ယောက်ကျားရေ နင်က စင်္ကာပူမှာ S'passနဲ့ အလုပ်လုပ်နေပြီး ငါက ဒီမှာ
လူတန်းစေ့မနေနိုင်ဘူးလား။ သူများသားသမီး ယူထားပြီး ရှာမကျွေးနိုင်ဘူးလား
ဆိုပြီး ရန်ရှာသေးတယ်။ အဲ့လိုတွေဝင်လာပြီဆိုရင် ဒီကယောက်ကျား သေပြီသာမှတ်။
နောက်ရှိသေးတယ် ယောက်ကျားရေ ကျုပ်တို့ အိုးပိုင်
အိမ်ပိုင်လေးနဲ့နေချင်လှပြီတော် ရှင်လဲ နိုင်ငံခြားသွားတာ ကြားလှပြီ
ကျုပ်ကို အိမ်လေး တစ်လုံးလောက်ဝယ်ပေးပါလား ဆိုတာ ပါသေးတယ်။ ဒီက ယောက်ကျား
လုပ်တဲ့ သူ ဓါးပြထွက်တိုက်ရတော့မယ်။ ဘယ်လိုရှင်းပြရှင်းပြ နားမလည်တဲ့ သူတွေ
များပါတယ်။ နိုင်ငံခြားရောက်တယ် လစာ S'pass S$၁၈၀၀ ရတယ်။ ငါ့ကို ၄၀၀၀၀၀
ပဲပို့တယ်။ ဒင်း ဘယ်မယားငယ်ကိုထောက်ပံ့နေလဲ မသိဘူး။ ဒီလိုပဲတွေးနေကျပါတယ်။
ပြီးတော့ ပြောလိုက်သေးတယ် ရှင့်တစ်ယောက်ထဲ သုံးတာ မြန်မာငွေ ၆၀၀၀၀၀
နီးပါးကုန်သလားတဲ့။ ကျုပ်တို့ တစ်မိသား စုလုံး သုံးဖို့ ရှင်ပို့တာတောင်
၄၀၀၀၀၀ ထဲတဲ့။ ကဲ စဉ်းစားကျပါအုံး အရပ်ကတော်တို့ ရေ။ တစ်လကို ၃ခါလောက်မှ
ဖုန်းမဆက်ရင်လဲ ရန်တွေ့ခံရသေးပါတယ်တဲ့နော်။ အော်အော် ဒါနဲ့ ဒါတောင်
မိန်းမပဲရှိသေးတာနော်။ တစ်ချို့ မိဘတွေများ ပါပါသေးတယ်။ မိဘကို စော်ကားတာ
မဟုတ်ပါဘူး။ မိဘတွေနားလည်ပေးနိုင်အောင် ထည့်ရေးပေးတာပါ။ မိဘတွေကလဲ ထင်တာပဲ။
သားလေး နိုင်ငံခြား သွားအလုပ်လုပ်တယ် တစ်လ မြန်မာငွေ ၁၃၅၀၀၀၀ လောက်ရတယ်
ငါတို့ ဆီပို့တာ ၄၀၀၀၀၀၊ သူ့မိန်းမဆီပို့တာ ၄၀၀၀၀၀ အင်း ငါ့သားလေးတော့
တော်တော် စုမိမှာပဲလေ ဆိုပြီး ဟိုဆွေမျိုးလာ ထောက်ပံ့ချင်တာနဲ့
ဒီဆွေမျိုးတာ ပေးကမ်းချင်တာနဲ့။ မင်းဦးလေး ဘာဖြစ်လို့၊ မင်းအကို
ဘယ်နှစ်ဝမ်းကွဲမှန်းမသိ ဆုံးလို့၊ မင်းတူလေး ဆယ်တန်းတတ်လို့၊ မင်းဘကြီး
ဆေးရုံတတ်လို့ အားပါးပါး စုံလို့ပါဗျာ။ ဒီက သားကတော့ မိဘ စိတ်ဆင်းရဲမှာ
ဘယ်နေနိုင်ပါမလဲ လုပ်ပေါ့ အမေ အဖေတို့ သဘော ပါလို့ပဲ ပြန်ပြောရတာပေါ့။ ဒါက
S'passသမားတွေ ဒုက္ခပါ။
အော်ခုတစ်ခါ WP လို့ခေါ်တဲ့ အထွေထွေ အလုပ်သမားတွေ ကလဲ သူတို့ ရင်ဆိုင်ရတဲ့ ဒုက္ခ မသေးလှပါဘူးနော်။ နေစရာ ကို အလုပ်ကပေးပါတယ်။
တစ်ချို့အလုပ်တွေက ခရီးသွားလာရေးအတွက် မထောက်ပံ့ပါဘူး။
ခရီးစရိတ်ကုန်ပါတယ်။ စားစရိတ်ကုန်ပါတယ်။ သူတို့တွေက အိုတီကို မြော်ကိုးပြီး
အလုပ်လုပ်ရတာပါ။ ခုလို အလုပ်ပါးတဲ့ အချိန်ဆိုတော့ အိုတီ မရပါဘူး။ ခရီး
စရိတ်၊ စားစရိတ် အထွေထွေ အသုံးစရိတ် အားလုံးပေါင်းရင် စုစုပေါင်း S$၂၅၀ နဲ့
S$၃၀၀ ကြားမှာ ရှိပါတယ်။ ပိုငွေက S$၁၇၀ ပါ မြန်မာငွေ အလွန်ဆုံး ၁၅၀၀၀၀
လောက်ပါပဲ။ ဘယ်လိုမှ အိမ်က မိသားစုကို လုံလောက်အောင် မပို့နိုင်ပါဘူး။
ဒီကြားထဲ သူတို့မှာ အင်မတန် ဒုက္ခရောက်တာက အလုပ်ရှင်က ပတ်စ်စပို့
သိမ်းထားပါတယ်။ ပြန်ချင်တိုင်း ပြန်လို့မရပါဘူး။ အလုပ်ကမကောင်း
အိမ်ကမိသားစုက အဆင်မပြေ အိမ်ပြန်လို့မရ သူတို့ဘဝ အင်မတန်
သနားစရာကောင်းပါတယ်ဗျာ။ ဒီကြားထဲ အိမ်က မိန်းမတို့ ခုဏကလို မိဘတို့က
အပူကပ်ရင် အဲ့ဒိလူခမျာ ကိုယ့်ကိုကို သက်သေချင်လောက်အောင် စိတ်ဓါတ်ကျပါတယ်။
ဒါကတော့ WP လို့ခေါ်တဲ့ အထွေထွေ အလုပ်သမားတွေ ရဲ့ ဒုက္ခပေါ့။
ခုပြောခဲ့တာ နှစ်မျိုးစလုံး အလုပ်သမားတွေချည်းပါပဲ။ အမျိုးသားများတင်မဟုတ်ပါဘူး
အမျိုးသမီးများပါ ပါဝင်ပါတယ်။ နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်းလာနေကျ
မိသားစုနဲ့ ဝေး။ ကြင်နာမဲ့သူမရှိ နွေးထွေးမဲ့သူမဲ့ မိသားစုကပေးတဲ့ Pressure
နဲ့ အလုပ်က ရတဲ့ Pressure နဲ့တော်တော် မလွယ်ပါဘူးဗျာ။

နောက်တစ်မျိုးကတော့ ကျောင်းလာတတ်ကျသူတွေပါ။ ကျောင်းတတ်တယ်ဆိုတာ အမျိုးမျိုးရှိပါတယ်။
တချို့ကတော့ Poly တတ်တယ်၊ တချို့ကတော့ ITE တတ်တယ် တချို့ကတော့ NUS တို့ NTU
တို့လို တက္ကသိုလ်တွေတတ်ကျတယ်။ ဒါတွေကတော့ အစိုးရကျောင်းတွေပေါ့။ Part Time
လုပ်လို့ရကျတယ်။ Part Time ဆိုတာတောင် တရားဝင်ဆိုရင် တစ်နေ့ကို
ဘယ်နှစ်နာရီ ဆိုတဲ့ သက်မှတ်ချက်ရှိတယ်။ ပိုလုပ်လို့မရဘူး။ အားလုံး
ခိုးလုပ်ကျတာပဲ။ ရတယ်သိပ်ပြဿနာ မရှိဘူး လုပ်နိုင်သလောက်လုပ်။ ဒါပေမယ့်
ပြဿနာက လုပ်ချင်တာတောင် အလုပ်ကမရှိပါဘူး။ ဒီလို စီးပွားရေးကျနေချိန်မှာ
အလုပ်တွေက Part Time ခိုင်းရလောက်အောင် မကောင်းလို့ပါပဲ။ အဲ့ဒိတော့
အိမ်ကပြန်တောင်းရတော့တာပေါ့။ တချို့ကတော့ ပိုက်ဆံချေးကြတယ်။ ဒါက
အစိုးရကျောင်းတတ်သူများရဲ့ ဒုက္ခပေါ့။
နောက်တစ်မျိုးကျပြန်တော့ Private ကျောင်းတတ်သူများပါ။ အခြေအနေ အမျိုးမျိုးကြောင့် စင်္ကာပူမှာ Private ကျောင်း
လာတတ်ကျပါတယ်။ တစ်ချို့က တကယ်ကို ကိုယ်အထူးပြုချင်တဲ့ ဘာသာရပ်ကို
တကယ်ကြိုးစားပန်းစား လာတတ်တာပါ။ တချို့ကျတော့လဲ အလုပ်လာရှာပါတယ်
အလုပ်မရလို့ ကျောင်းအပ်ပြီး အလုပ်ဆက်ရှာကျရင်း တတ်ကျတာပါ။ ဒါပေမယ့်
ကျောင်းတတ်တာက Private ဆိုတော့ Part Time လုပ်လို့မရပါဘူး။
အလုပ်ခိုးလုပ်ရပါတယ်။ မိရင်ဖမ်းတယ် ရဲက သတိပေးတာ နှစ်ကြိမ်လောက်ထိတော့
လုပ်တယ်။ အဲ့ဒါမှ ထပ်မိရင် ကိုယ့် အထုပ် ကိုဆွဲ ရွာပဲပြန်တော့ပေါ့။
ရင်ဆိုင်ရတဲ့ ဘဝ ကြမ်းပါတယ်။ မိဘဆီက ပိုက်ဆံ ပြန်တောင်းဖို့ကလဲ ခတ်တော့
ရတဲ့ အလုပ်ကို လုပ်ရတာပေါ့။ အရင်ကတော့ မဆိုးဘူးလို့ပြောတာပဲ ခုချိန်မှာတော့
Part Time က အစိုးရကျောင်းတောင် မသေချာတာ Private ဆိုတော့ စဉ်းသာ
စဉ်းစားကြည့်ပါတော့ဗျာ။ အလုပ်က မလွယ် ကျောင်းလခက သွင်းရ၊ အိမ်လခပေးရ၊
စာမေးပွဲကြေးပေးရနဲ့ ကျောင်းတတ်ရင်း ရပ်တည်ဖို့ ဘယ်လို ရင်ဆိုင်မလဲ။ ဒီတော့
ကျောင်းသားတွေကတော့ သိပ်ကြာကြာ မခံပါဘူး ရပ်တည်လို့မရ ပြန်ကျတာပဲ။
ကျောင်းသူတွေ ခင်ဗျာမှာတော့ ပြန်တဲ့ သူရှိသလို အရပ်အခေါ်
စပွန်စာရှာကျသူများလဲရှိလာပါတယ်
။ စလုံးမှာ ရပ်တည်နိုင်အောင် အိမ်က တောင့်တောင့်တင်းတင်း ထောက်နိုင်ရင်ထောက် မထောက်နိုင်လို့ကတော့ မိန်းကလေး ဆိုရင် ဒီစပွန်စာ ရှာတဲ့ သံသရာထဲ ရောက်သွားကျတာ က ၅၀ရာခိုင်နှုန်းအထက်မှာ
ရှိပါတယ်။ ကျွန်တော် ဟိုတလောက အိုင်တီရှိုးမှာ အဒေါ်ကြီးတစ်ယောက် နဲ့
စကားပြောရင်းကနေ သူ့အနေနဲ့ စပွန်စာရှာတဲ့ ကျောင်းသူတွေကို မြင်တဲ့
အမြင်ကို ကျွန်တော့်ကိုပြောတာများ ကျွန်တော် ခုချိန်ထိ နားထဲ
ကြားနေတုံးပဲဗျာ။ သူပြောတာက ကျောင်းသူလေးတွေ ဒီမှာ အဆင်မပြေကျ
စပွန်စာတွေရှာကျ နောက်တော့ ရန်ကုန်ကိုပြန်ပြီး ရေဆေးကျတယ်တဲ့။ တော်တော်
ရင့်သီးတဲ့ စကားလုံးပါနော်။ ဒါတွေကတော့ ကျောင်းလာတတ်သူတွေရဲ့ ဒုက္ခပါပဲ။

ကဲနောက်ဆုံးကျတော့ ကျွန်တော်တို့ အိမ်မက်ထဲမှာ ပုံဖော်ထားတဲ့ နိုင်ငံခြားဆိုတာ ဟိုကလေးလေး ပြောသလို နတ်ပြည်လဲမဟုတ်ပါဘူး။ ကျွန်တော်
တွေးထားသလို နတ်ရေကန်လဲ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ဆိုလိုတာ
အားလုံးကို မဟုတ်ပါဘူး။ နိုင်ငံခြားမှာ တော်တော် အဆင်ပြေနေကျတဲ့ မိသားစုတွေ
ရှိပါတယ်။ အဆင်ပြေနေတဲ့ ကျောင်းသား ကျောင်းသူတွေ ရှိပါတယ်။ အားလုံးကို
သိမ်းကြုံးပြီး ဝါးလုံးနဲ့ သိမ်းရိုက်တာမဟုတ်ပါဘူးနော်။ ကျွန်တော်
ဒီပိုစ်လေးမှာ ပြောချင်တဲ့ အဓိက အကြောင်းက မြန်မာပြည်က မိဘ၊ ဆွေမျိုး၊
မိသားစု(အထူးသဖြင့် မိန်းမပေါ့နော်) အဲ့ဒါတွေကို ပြောချင်တာပါ။
နိုင်ငံခြားကို ထွက်သွားတိုင်း အဆင်မပြေနိုင်ပါဘူး။ ပိုက်ဆံရှာနေတဲ့ သူကို
စိတ်ဆင်ရဲအောင် မလုပ်ကျပါနဲ့။ အခြေအနေမှန်ကို သိအောင် သေသေချာချာ မေးကျပါ။
ဘာဖြစ်လို့ ငွေမပို့နိုင်တာလဲဆိုတာကို နားလည်ပေးနိုင်အောင် ကြိုးစားကျပါ။
နောက်တစ်ခုက ကျောင်းလာတတ်သော သူများပါ။ မိမိသားသမီး နိုင်ငံခြားမှာ
ကျောင်းတတ်နေတယ် Part Time လုပ်ရင်းတတ်တာ အဆင်ပြေနေတယ်ဆိုပြီး တရားသေ
မတွေးပါနဲ့။ အရင်တချိန်ကတော့ ဖြစ်နိုင်မယ်ထင်ပါတယ် ကျွန်တော် မရောက်သေးလို့
မသိပါဘူး။ ဒီအချိန်မှာတော့ ဘယ်နိုင်ငံမှာမှ မဖြစ်နိုင်တော့ပါဘူး။
အဲ့ဒိတော့ မိမိသားသမီးကို တကယ် ကျောင်းတတ်စေချင်တယ်ဆိုရင် လုံလောက်အောင်
ထောက်ပံ့ပါ၊ ဒါမှမဟုတ် အလုပ်ရှာရအောင် သက်သက်ဆိုလဲ အချိန်အတိုင်းအတာ
တစ်ခုထိ အခွင့်အရေးပေးပြီး မိမိမတတ်နိုင်တော့ရင် ပြန်ခေါ်နိုင်အောင်
ကြိုးစားပါ။ ဒီလိုမှမဟုတ်ရင် မိမိသားသမီးများ ကျွန်တော် ဆုံဖူးသော
မိန်းမကြီးပြောသလို ရေဆေးနေရပါအုံးမယ်။
ကျွန်တော် ခရောင်း ရေးချင်တာကြာလှပါပြီ။ ရေးသင့် မရေးသင့် စဉ်းစားနေတာပါ။ ခုတော့
အမိမြန်မာပြည်မှ ကျန်နေသေး သောသူများ သိစေရန် ရေးသားလိုက်ရပါသည်။
အားလုံးသိစေချင်လို့ပါ

0 comments:

Post a Comment